အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ဒီမိုကရေစီစနစ်သုံးစွဲ သည့် နိုင်ငံတွင် မည်သူ၏နှုတ်မိန့် ဖြင့် မည်သည့်အရာမျှလုပ်ဆောင် ၍မရသည်ကို ပြည်သူအားလုံး ထင်ထင်ရှားရှား သိစေလို ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဘားအံမြို့၌ ပြည်သူလူထု တွေ့ဆုံပွဲကို ယမန်နေ့ (မတ်လ ၁၈ ရက်) တွင် ပြုလုပ်ရာ ဒေသခံ တစ်ဦးက ကိုယ်ပိုင်ခြံကို ခြံစည်း ရိုးခတ်ထားသည့်ကြားမှ ပြည် နယ်အစိုးရ၏ နှုတ်မိန့်ဖြင့် ညွှန် ကြားသည်ဟုဆိုကာ ကျူးကျော်ခံ ရသည့်အကြောင်း တင်ပြသည့် မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်း သို့ထည့်သွင်းပြောကြားသည်။
‘‘ကျွန်မတို့လည်း လုပ်လို့မရ ပါဘူး။ ဘယ်သူ့နှုတ်မိန့်နဲ့၊ ဘယ် ဝါနှုတ်မိန့်နဲ့လုပ်နေတယ်ဆိုရင် အစကတည်းက အကျုံးမဝင်ဘူး လို့ သတ်မှတ်လို့ရပါတယ်’’ ဟု ၎င်းကဆိုသည်။
ယင်းသို့ အမိန့်အာဏာ၊ နှုတ်မိန့်ဖြင့် ဆောင်ရွက်သည့် ခေတ်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း နှင့် စည်းမျဉ်းစည်းကမ်းများ၊ တ ရားဝင် ညွှန်ကြားစာများဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်သူလူထုကို ဒေါ်အောင်ဆန်း စုကြည်က ရှင်းလင်းသည်။
ယင်းနောက် ဘားအံကမ်း နားလမ်းတွင် မရှိသင့်သည့်အ ဆောက်အအုံများရှိနေခြင်းသည် မသင့်လျော်ကြောင်း ဒေသခံတစ် ဦးက နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေး မြင့်၏ ဖြေကြားမှုကို ဒေါ်အောင် ဆန်းစုကြည်က လက်မခံကြောင်း တုံ့ပြန်ခဲ့သည်။
ဘားအံကမ်းနားလမ်းရှိစေ လို၍ အကောင်အထည်ဖော်လို သည့်အဖွဲ့တစ်ဖွဲ့ကို နှစ် ၃၀ လုပ်ပိုင်ခွင့် ပေးထားကြောင်းနှင့် ‘ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုင် ခွင့်၊ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်ခွင့်’ ရှိချိန်တွင် ပြန်လည်အကောင်အထည်ဖော် မည်ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။
ယင်းသို့ဖြေကြားမှု မပြီးဆုံး မီတွင် ဒေါ်အောင်ဆန်းစုကြည် က ကြားဖြတ်၍ ‘‘အခုကိုယ့်ခြေ ထောက်အပေါ် ကိုယ်မရပ်တည် နိုင်ဘူးဆိုတဲ့သဘောလား။ ကျွန်မ ဒါမျိုးကို လက်မခံနိုင်ပါဘူး။ နှစ် ၃၀ တော့ အဆင်ပြေမှာမဟုတ် သေးဘူး၊ ဖြစ်သလိုလေးပဲလုပ် လိုက်ရပါတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါက်တာပေါ့။ အဲဒါကိုဘယ် လက်ခံနိုင်ပါ့မလဲ’’ ဟု တုံ့ပြန်ခဲ့ သည်။
ဆက်လက်၍ ‘‘နှစ် ၃၀ စောင့်နေလို့မဖြစ်ဘူး။ အခုလုပ် နိုင်တာကို လုပ်ရမယ့်ကိစ္စ။ ဒါကို ကျွန်မတို့ပြန်ကြည့်လိုက်ပါမယ်။ အဖွဲ့လွှတ်ပြီး ကွင်းဆင်းကြည့် ခိုင်းလိုက်ပါမယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
ထို့အပြင် ကမ်းနားလမ်းအ ကြောင်း တင်ပြသည့် ဒေသခံက ပင် ကျေးရွာချင်းဆက်လမ်းကို တပ်မတော်က ပြန်လည်ဖွင့်ပေး ရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုပါက ရနိုင်မည်ဟု ယူ ဆကြောင်း မေးမြန်းတင်ပြသည်။
‘‘ကျွန်မတစ်ခုပဲ မေတ္တာရပ်ခံ ချင်ပါတယ်။ ကျွန်မမို့လို့အားလုံး လုပ်ပေးနိုင်မယ်လို့ အဲဒီလိုမသတ် မှတ်ပါနဲ့။ ဥပဒေနဲ့မကိုက်ညီရင် ကျွန်မလုပ်ပေးနိုင်မှာ မဟုတ်ပါ ဘူး။ ဥပဒေနဲ့ကိုက်ညီတယ်၊ လုပ် လည်းလုပ်သင့်တယ်ဆိုရင်ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ပေးပါမယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။
အထက်ပါဒေသခံသည် ဘားအံမြို့ ဘာသာပေါင်းစုံချစ် ကြည် ညီညွတ်ရေးအသင်းဥက္ကဋ္ဌ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဘာ သာပေါင်းစုံ အားလုံးညီညွတ်စွာ၊ အဆင်ပြေစွာ နေထိုင်နိုင်ရေး ကြိုးစားပေးသည့်အဖွဲ့အားလုံး ကို ကျေးဇူးတင်ကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ဘားအံလေယာဉ်ကွင်း တည်ဆောက်ရန် တင်ပြတောင်း ခံမှုနှင့်ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်က မူအားဖြင့်လက်ခံ သော်လည်း မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်၊ မည် သည့်ကာလတွင် ပြီးစီးမည်ကို မ ပြောနိုင်ကြောင်းနှင့် ကြိုးစားပေး မည်ဟု ဖြေကြားသည်။
ထို့အပြင် ကျောင်းမြေတိုးချဲ့ ရာတွင် လယ်သမားများနစ်နာမှု ရှိ၊ မရှိ မကြည့်ဘဲလုပ်ဆောင်မှု များသည် သက်ဆိုင်ရာဥပဒေနှင့် ညီ၊ မညီ ဒေသခံတစ်ဦး၏ မေး မြန်းမှုကို ဗမာတိုင်းရင်းသားရေး ရာဝန်ကြီးက ပြန်လည်ဖြေကြား သော်လည်း သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များက လူထု တွေ့ဆုံပွဲတွင် ရှိမနေ၍တာဝန်ကို ခေါင်းရှောင်၍မရကြောင်း ဒေါ် အောင်ဆန်းစုကြည်က လမ်းညွှန် သည်။
‘‘ဒီလိုကိစ္စတွေနဲ့ ခေါင်း ရှောင်လို့ မရဘူးနော်။ တာဝန်ဆို တာ ခေါင်းရှောင်လို့ပျောက်သွား မှာ မဟုတ်ဘူး။ ကိုယ့်တာဝန် ကိုယ်ယူရမှာပဲ’’ ဟု ၎င်းကပြော သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျူးကျော် များနှင့်ပတ်သက်၍ သူဌေးများက ကျူးကျော်သည်ဖြစ်စေ၊ တောင် သူလယ်သမားများက ကျူးကျော် သည်ဖြစ်စေ လက်ခံနိုင်စရာအ ကြောင်းမရှိကြောင်းနှင့် ကျူး ကျော်ခြင်းသည် စည်းကမ်းဥပဒေ ကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။
ဘာအံမြို့လူထုတွေ့ဆုံပွဲ သည် ခန်းမအတွင်း၌ ပြည်သူ နည်းပါး၍ တွေ့ဆုံမှုကို အားမရ ကြောင်းနှင့် ဘားအံကိုနောက် တစ်ကြိမ်လာပါက ကွင်းပြင်တွင် မဏ္ဍပ်ထိုး၍ ပြည်သူနှင့်တွေ့ဆုံ မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
==========================
251 /End
၁၉ မတ် ၂၀၁၉ - ၁၉:၀၅
News ID: 933821
ဒီမိုကရေစီစနစ်သုံးစွဲ သည့် နိုင်ငံတွင် မည်သူ၏နှုတ်မိန့် ဖြင့် မည်သည့်အရာမျှလုပ်ဆောင် ၍မရသည်ကို ပြည်သူအားလုံး ထင်ထင်ရှားရှား သိစေလို ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်က ပြောကြားသည်။