အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
လွှတ်တော်တွင် တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များပါဝင်နေသည့်အချက် များကို ပယ်ဖျက်ရန် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် တိုင်းရင်း သားပါတီကိုယ်စားလှယ်များက အစည်းအဝေး၌ အဆိုပြုဆွေးနွေး ခဲ့ကြောင်း ကော်မတီအဖွဲ့ဝင်တစ် ဦးက ပြောသည်။
နေပြည်တော်ရှိ ပြည်ထောင် စုလွှတ်တော်ဝင်းအတွင်း မတ်လ ၁၈ ရက်ကပြုလုပ်သည့်ပူးပေါင်း ကော်မတီ၏ ခုနစ်ကြိမ်မြောက်အ စည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၄)ဥပဒေပြုရေးနှင့် သက်ဆိုင်သောပုဒ်မများကို ဆွေး နွေးခဲ့သည်ဟု ၎င်းက ဆက်လက် ပြောသည်။
အမျိုးသားလွှတ်တော်၊ပြည် သူ့လွှတ်တော်နှင့် ပြည်နယ်၊တိုင်း လွှတ်တော်တို့ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအ ပြင် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က အမည်စာရင်းတင်သွင်း သော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါ ၀င်ဖွဲ့စည်းရမည်ဟု ဖွဲ့စည်းပုံအ ခြေခံဥပဒေအခန်း(၄)၌ ဖော်ပြ ထားချက်နှင့်ပတ်သက်၍ ဆွေး နွေးခြင်းဖြစ်သည်။
ကော်မတီတွင် ပါဝင်သည့် တိုင်းရင်းသားပါတီအချို့က ထို ပြဋ္ဌာန်းချက်များကို ပယ်ဖျက်ရန် ပြင်ဆင်ချက်အဆိုတင်သွင်းခြင်း ဖြစ်သည်ဟု အဆိုပါကော်မတီ အဖွဲ့ဝင်တစ်ဦးက ဆက်လက် ပြောသည်။
‘‘ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ အညီပဲ ပြုစုနေတာဖြစ်တဲ့အတွက် တပ်မတော်က ရွေးတဲ့ဟာတွေကို ဖြုတ်ချတာဖြစ်ပါတယ်။ ဒီမိုက ရေစီစံနှုန်းနဲ့မညီလို့ ဖြုတ်ချတာ ပေါ့ဗျာ။ အများစုက အဲဒီလိုတင် ကြတယ်’’ ဟု ၎င်းကဆိုသည်။
လက်ရှိလွှတ်တော်အတွင်း ကိုယ်စားလှယ်ဦးရေအများဆုံး ဖြစ်သော အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်(NLD)ပါတီကိုယ်စားလှယ် များကမူ တပ်မတော်သားကိုယ် စားလှယ်ဦးရေကို တစ်ဆင့်ချင်း လျှော့ချရန်သာ အဆိုပြုဆွေးနွေး သည်ဟု အဆိုပါကော်မတီဝင်က ဆက်လက်ပြောသည်။
ကော်မတီဝင် ဒီချုပ်ကိုယ် စားလှယ်တစ်ဦးက တပ်မတော် သားကိုယ်စားလှယ်ဦးရေကို အ ကန့်အသတ်ဖြင့်လျှော့ချရန် ဆွေး နွေးခဲ့သည်ဟု အတည်ပြုပြော ကြားသည်။ အသေးစိတ်ကို ဖြေ ကြားခြင်းမပြုပေ။
ထိုကဲ့သို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့်အကြောင်းအရာ များကို ဆွေးနွေးစဉ်တွင်ကော်မ တီဝင်တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များနှင့် ပြည် ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် တို့ ၀င်ရောက်ဆွေးနွေးခြင်းမရှိ ကြောင်း ကော်မတီဝင်တစ်ဦးထံမှ သိရသည်။
‘‘တပ်နဲ့ပြည်ခိုင်ဖြိုးက ဒီအ ချိန်ကတော့ ဘာမှဝင်မပြောဘူး’’ ဟု ၎င်းကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအ ခန်း(၄)ဥပဒေပြုရေးရှိပုဒ်မ ၁၀၉ တွင် ‘ပြည်သူ့လွှတ်တော်ကို ကိုယ်စားလှယ်ဦးရေအများဆုံး ၄၄၀ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်’ ဟု ပါရှိပြီးပုဒ်မ ၁၀၉ (ခ)တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်းတင်သွင်း သည့် ၁၁၀ ဦးထက်မပိုသောတပ် မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ’ ဟု ဖော်ပြ သည်။ ယင်းသည် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းဖြစ် သည်။
ထို့အတူ ပုဒ်မ ၁၄၁ တွင် လည်း ‘အမျိုးသားလွှတ်တော်ကို ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့်အောက်ပါအတိုင်းဖွဲ့ စည်းရမည်’ ဟုဖော်ပြထားပြီး ၁၄၁ (ခ)တွင် ‘သက်ဆိုင်ရာပြည် ထောင်စုနယ်မြေများအပါအ၀င် တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်တစ်ခုစီအတွက် ကိုယ်စား လှယ်လေးဦးကျစီဖြင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၅၆ ဦး’ ဟု ပြဋ္ဌာန်းထား သည်။ ထို့ကြောင့် တပ်မတော် သားကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းသည် အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် ပါဝင်ခွင့် ရနေသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် တပ်မတော် သား ၂၅ ရာခိုင်နှုန်းပါဝင်နိုင်ရန် အလားတူပြဋ္ဌာန်းသတ်မှတ်ချက် များ ၂၀၀၈ အခြေခံဥပဒေ၌ပါဝင် နေသည်။
ယမန်နေ့(မတ်လ ၁၈ ရက်) တွင် ပြုလုပ်သော ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီအစည်းအဝေး၌ အ ထက်ပါပုဒ်မတို့ပါဝင်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေအခန်း(၄) ၏ ထက်ဝက်ခန့်ကို ဆွေးနွေးပြီး စီးခဲ့ပြီဟု ကော်မတီဝင်တစ်ဦးက ပြောသည်။
အဆိုပါကော်မတီအစည်း အဝေးကို ယခုလနောက်ဆုံးပတ် အထိ ဆက်လက်ကျင်းပရန်စီစဉ် ထားပြီး ထိုကာလလွန်လျှင် ခေတ္တရပ်နားကာ ဧပြီဒုတိယပတ် မှသာ ပြန်လည်စတင်မည်ဟု ကော်မတီဝင်များက ပြောသည်။
==========================
251 /End
လွှတ်တော်တွင် တပ်မတော်သားပါဝင်မှု ပယ်ဖျက်ရန် ခြေဥကော်မတီ၌ တိုင်းရင်းသားပါတီအချို့ဆွေးနွေး ဒီချုပ်က တစ်ဆင့်ချင်းလျှော့ချရန် အဆိုပြု
၂၀ မတ် ၂၀၁၉ - ၁၇:၂၈
News ID: 933945
လွှတ်တော်တွင် တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များပါဝင်နေသည့်အချက် များကို ပယ်ဖျက်ရန် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် တိုင်းရင်း သားပါတီကိုယ်စားလှယ်များက အစည်းအဝေး၌ အဆိုပြုဆွေးနွေး ခဲ့ကြောင်း ကော်မတီအဖွဲ့ဝင်တစ် ဦးက ပြောသည်။