အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
တရုတ်အီလက်ထရွန် နစ် ငွေပေးချေစနစ် WeChat Pay ကို ပြည်တွင်း၌ အသုံးပြုရန်မန္တလေးတွင် စတင်ခွင့်ပြုကြောင်း ဗဟိုဘဏ်က မတ်လ ၂၉ ရက်၌ ထုတ်ပြန် ကြေညာသည်။
အဆိုပါ ငွေပေးချေမှုစနစ် ကို ဗဟိုဘဏ်က စမ်းသပ်ကာလ သုံးလအဖြစ် မန္တလေးတိုင်းဒေသ ကြီး တံတားဦးလေဆိပ်တွင် စတင်အသုံးပြုခွင့်ပေးခြင်းဖြစ်သည်ဟု ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်မြင့်ကြည်က ပြောသည်။
‘‘WeChat က သတ်မှတ်တဲ့ ဧရိယာမှာ သတ်မှတ်တဲ့ကာလ မှာပဲ ရှိပါတယ်။ အခုကစမ်းသပ် ကာလဖြစ်ပါတယ်။ အပြီးသတ် ခွင့်ပြုတာ မဟုတ်ပါဘူး။ ကျွန်မ တို့ ငွေကြေးလွှဲပြောင်းတာ ဘယ် လိုရှိတယ်၊ ငွေကြေးဘယ်လိုသွား မှာဆိုတာ အပတ်စဉ် အစီရင်ခံ စာတင်ရပါမယ်’’ဟု ဒေါ်မြင့်မြင့် ကြည်က ပြောသည်။
ပြည်တွင်း၌ ဆောင်ရွက်နေ သည့် တရားမ၀င် ငွေပေးချေမှု လုပ်ငန်းများကို ဗဟိုဘဏ်ကခေါ် ယူတွေ့ဆုံပြီးနောက် WeChat Pay က မြန်မာနိုင်ငံ၌ စတင်အ သုံးပြုနိုင်ရန် လျှောက်ထားလာခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
WeChat Pay တရားမ၀င် ပေးချေနေမှုများ ရှိသော်လည်း ပြည်တွင်းသို့ ငွေကြေး ပြန်ဝင် သည့် လမ်းကြောင်းမတွေ့ရသေး ၍ ယခုစနစ်သည် ပြည်ပမှ နိုင်ငံခြားငွေများ ပြည်တွင်းသို့ တရားဝင်ပြန်ဝင်ရောက်လာရန် ဖြစ် သည်ဟု ဆိုသည်။
WeChat Pay နည်းတူ အခြားတရုတ်မိုဘိုင်းငွေပေးချေ မှုစနစ် Alipay ကို လည်း ခွင့်ပြုရန် ရှိသည်ဟု ၎င်းကပြောသည်။
WeChat Pay ကို ပြည် တွင်းရှိ Paypb ကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီအဖြစ် ဆောင် ရွက်မည်ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ သည် WeChat Pay မှပေးချေ သည့် ငွေများကို တရုတ်ဘဏ်မှတစ်ဆင့် ပြည်တွင်းရှိ ကမ္ဘောဇဘဏ်သို့ ဘဏ်လမ်းကြောင်း ပေးသွင်းရမှု ဆောင်ရွက်ရမည် ဖြစ်သည်။ ကမ္ဘောဇဘဏ်မှတစ်ဆင့် ပြည်တွင်းရှိ လုပ်ငန်းရှင်များထံ ပြန်လည်လွှဲပြောင်းပေးရမည် ဖြစ်သည်။ အဆိုပါ WeChat Pay ကို တံတားဦးလေဆိပ်ရှိ ဆိုင် ၁၄ ဆိုင်တွင် စတင်အသုံးပြုနိုင်မည် ဖြစ်ပြီး စမ်းသပ်ကာလကျော်လွန် ပြီး အောင်မြင်ပါက တရုတ်ခရီး သွား များပြားသည့် နေရာများတွင် အသုံးပြုနိုင်ရန် စီစဉ်မည်ဟု Paypb ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက် တာ ဦးစည်သူဖြိုးက ပြောသည်။
Paypb တံဆိပ် မြင်ပါက WeChat Pay ကို သုံးနိုင်သည်ဟု ဆိုသည်။ Paypb ကုမ္ပဏီသည် WeChat Pay အပြင် အခြားပြည် ပနိုင်ငံသုံးငွေ ပေးချမှုစနစ် ၁၃ ခု ကို ပြည်တွင်း၌ မိတ်ဆက်ရန်ရှိပြီး မကြာခင် စင်ကာပူ Netpay နှင့်ထိုင်းငွေပေးချေမှုများလည်း ယူဆောင်မည်ဟု ဦးစည်သူဖြိုးက ပြောသည်။
==========================
251 /End
၃၀ မတ် ၂၀၁၉ - ၁၈:၅၉
News ID: 935120
တရုတ်အီလက်ထရွန် နစ် ငွေပေးချေစနစ် WeChat Pay ကို ပြည်တွင်း၌ အသုံးပြုရန်မန္တလေးတွင် စတင်ခွင့်ပြုကြောင်း ဗဟိုဘဏ်က မတ်လ ၂၉ ရက်၌ ထုတ်ပြန် ကြေညာသည်။