အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အစိုးရခွင့်ပြုချက်မရှိဘဲ ဌာနတွင်းငွေကောက်ခံပြီး စစ်ရှောင်များအားမထောက်ပံ့ရန် ပြည်နယ်အစိုးရအဖွဲ့က ဧပြီ ၄ ရက်စွဲဖြင့် စာထုတ်ညွှန်ကြားထားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်များအား ထောက်ပံ့ရာ တွင် မသမာသူများ၏ လက်ဝယ် သို့ မရောက်ရှိစေရေး ပြည်နယ် အစိုးရခွင့်ပြုချက်မရှိဘဲဌာနဆိုင် ရာများအနေဖြင့် မိမိအစီအစဉ် ဖြင့် ထောက်ပံ့မှုမပြုစေခြင်းဖြစ် ကြောင်း ညွှန်ကြားစာတွင် ဖော်ပြ ထားသည်။
ပြည်နယ်အစိုးရအဖွဲ့ ညွှန် ကြားချက်အတိုင်း လိုက်နာရန် ရခိုင်ပြည်နယ်ရှိ ပညာရေးမှူးရုံး များနှင့် အခြေခံပညာကျောင်းများ သို့ ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးက ဧပြီ ၅ ရက်တွင် ထပ်မံ ညွှန်ကြားထားသည်။
‘‘မြို့နယ်တွေမှာ သူ့ဒေသနဲ့ သူ အလှူခံပြီး ပေးနေတာတွေရှိ လို့ပေါ့။ မြို့နယ်မှာကယ်ဆယ် ထောက်ပံ့ရေးအဖွဲ့ဆိုတာ ရှိ တယ်။ မြို့နယ်ပညာရေးမှူးလည်း ပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး လည်းပါတယ်။ ထောက်ပံ့ချင်ရင် ဒီအဖွဲ့တွေနဲ့တွေ့ပြီးတော့ ဘယ် နေရာမှာ ဘယ်လောက်လိုတယ် ဆိုတာကို အဲဒီအဖွဲ့ကသိတယ် ဆိုတော့ မလိုအပ်ဘဲ ပိုတာမျိုး မ ဖြစ်စေချင်လို့ သူတို့နဲ့ဆက်သွယ် ပြီး အဲဒီလို ထောက်ပံ့ရမှာပေါ့’’ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦး အောင်သန်းမြင့်က ယမန်နေ့က ပြောသည်။
ရခိုင်ပြည်နယ်မှဌာနဆိုင် ရာ ဝန်ထမ်းတစ်ဦးကလည်းပြည် နယ်အစိုးရ ညွှန်ကြားချက်အရ စာထုတ်ပြန်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲများကြောင့် လုံခြုံ ရေးကောင်းမွန်သည့် နေရာများ သို့ ထွက်ပြေးတိမ်းရှောင်လာသူများကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ က အချိန်နှင့်တစ်ပြေးညီ ထောက် ပံ့နေသည့်အပြင် UN/INGO များနှင့် လူမှုရေး အသင်းအဖွဲ့များ ကိုလည်း စနစ်တကျထောက်ပံ့နိုင် ရေး စိစစ်ခွင့်ပြုနေကြောင်း ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ထိုညွှန်ကြားစာနှင့်ပတ် သက်၍ လူမှုရေးဝန်ကြီးအပါအ ဝင် ပြည်နယ်အစိုးရအဖွဲ့ဝန် ကြီး လေးဦးထံ 7Day Daily သတင်း စာက ဆက်သွယ်မေးမြန်းသော် လည်း ဖြေကြားခြင်းမရှိပေ။
တပ်မတော်နှင့် AA တို့ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံနှစ် သောင်းနှင့်အထက် နေရပ်စွန့်ခွာ တိမ်းရှောင်နေသည်။
=======================
251 / End
၇ ဧပြီ ၂၀၁၉ - ၁၈:၀၉
News ID: 935985
ရခိုင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အစိုးရခွင့်ပြုချက်မရှိဘဲ ဌာနတွင်းငွေကောက်ခံပြီး စစ်ရှောင်များအားမထောက်ပံ့ရန် ပြည်နယ်အစိုးရအဖွဲ့က ဧပြီ ၄ ရက်စွဲဖြင့် စာထုတ်ညွှန်ကြားထားသည်။