အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲသို့ အမျိုးသားရေးတပ်ပေါင်းစု(ရန်ကုန်)နှင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)အဖွဲ့ဝင် ၅၀ ခန့် ရောက်ရှိလာပြီး ဟောပြောသူများကိုဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။
တက်ရောက်သူ ၁,၀၀၀ဝန်းကျင်သည် အဆိုပါ ခြေဥပြင်ဆင်ရေးလူထုထောက်ခံပွဲကို ဧပြီ ၇ ရက် ညနေတွင် တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံ၌ပြုလုပ်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်၊ စာရေးဆရာထင်လင်းဦးနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးတို့က ဟောပြောခဲ့ကြသည်။
ပန်းခြံညာဘက်ထောင့်တွင် နေရာယူ
လာရောက်သူအချို့သည် ဟောပြောပွဲ မစတင်မီကတည်းကပင် ဟောပြောပွဲပြုလုပ်မည့်နေရာ၏ ညာဘက်ခြမ်းပန်းခြံထောင့်တွင် နေရာယူ၍ အချို့က နှာခေါင်းစည်းများနှင့်မျက်မှန်နက်များ တပ်ဆင်ထားကြသည်။ ယင်းအုပ်စုအနီးတွင် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က လက်နက်အင်အားအပြည့်ဖြင့် လုံခြုံရေးယူထားသည်။ ပြဿနာတစ်စုံတစ်ရာဖြစ်ပါက ကူညီပေးရန်ဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။
ထို့အပြင် ပန်းခြံအတွင်း၊ အပြင်နေရာများ၌ ရဲတပ်ဖွဲ့ဝင် များ ချထားပြီး စုစုပေါင်းရဲတပ် ဖွဲ့ဝင် ၁၀၀ ခန့်လုံခြုံရေးရယူထား သည်။
ထိုသူများသည် ခြေဥပြင် ဆင်ရေးဟောပြောပွဲ၌ ဟောပြော ရာတွင် အမျိုးဘာသာသာသနာ ကို ထိခိုက်သည့်ဟောပြောချက် များပါလာပါက ကန့်ကွက်ရန်ဆို ကာ ရောက်ရှိလာခြင်းဖြစ်သည် ဟု ခေါင်းဆောင်ဖြစ်သူမိုက်ကယ် မျိုးမြင့်က ရှင်းပြသည်။
‘‘ကိုယ့်ထမင်း ကိုယ်စား အိတ်စိုက်လူမိုက်တွေချည်းပဲ။ အ မျိုးသားရေးသမားစစ်စစ်တွေ ချည်းပဲ။ ကျွန်တော်တို့နောက်မှာ ဘာလက်မည်းကြီးမှမရှိဘူး။ ဘာ အရိပ်မှလည်း မရှိဘူး။ ပွဲကို ဖျက် ဆီးချင်တဲ့ရည်ရွယ်ချက်လည်း လုံးဝမရှိဘူး’’ ဟု ၎င်းကဆိုသည်။
စာရေးဆရာထင်လင်းဦးနှင့် ဦးနေမျိုးဇင်တို့၏ ဟောပြောချက် များသည် တပ်မတော်နှင့်အမျိုး ဘာသာသာသနာကို ထိခိုက်စော် ကားမှုများ ပါဝင်သည်ဆိုကာ ၎င်းတို့အား ဟောပြောခွင့်မပြုရန် အမျိုးသားရေးတပ်ပေါင်းစု(ရန် ကုန်)နှင့် မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ(ရန်ကုန်)တို့က ပွဲမတိုင်မီ ဧပြီ ၅ ရက်ကတည်းက ကန့်ကွက်ထားသည်။
ရုန်းရင်းဆန်ခတ်ဖြစ်
ခြေဥပြင်ဆင်ရေးနှင့်ပတ် သက်၍ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေး စတင် ဟောပြောနေစဉ် မျိုးချစ်အဖွဲ့မှ အမျိုးသမီးတစ်ဦးက ဟောပြောပွဲ နားထောင်နေသည့်လူထုကြားထဲ သို့ဝင်ရောက်၍ ဗီဒီယိုရိုက်ကူးခဲ့ ရာ ယင်းအမျိုးသမီးကို အပြင် သို့ခေါ်ထုတ်သည့်အခါ ရုန်းရင်း ဆန်ခတ်အနည်းငယ်ဖြစ်ပွားခဲ့ သည်။
ထိုစဉ် ဦးမြအေးက စင်ပေါ် ကနေ၍ ထောက်ခံပွဲတက်ရောက် သည့်လူထုအား စည်းကမ်းရှိ ရန်နှင့် စိတ်လိုက်မာန်ပါမလုပ် ရန် သတိပေးသည်။ ထို့နောက် ဟောပြောပွဲနားထောင်သူများက ထိုင်၍ ပြန်နားထောင်ခဲ့သည်။
ထို့ကြောင့် အဆိုပါအဖွဲ့များ နေရာယူထားသည့် ပန်းခြံညာ ဘက်ထောင့်နေရာသို့ ရဲတပ်ဖွဲ့ ၀င်များက ကာရံလိုက်ပြီးထောက် ခံပွဲအတွင်းသို့ ထပ်မံဝင်ရောက် ခြင်းမပြုနိုင်ရန် ပိတ်ဆို့တားဆီး ခဲ့သည်။ ထိုသို့တားဆီးပြီးချိန် တွင်လည်း အဆိုပါမျိုးချစ်အုပ် စုက ဟောပြောနေသည့်စင်မြင့် ဘက်သို့ လက်ညှိုးထိုးကာ အော် ဟစ်ဆဲဆိုခြင်းများ ဆက်လက်ပြု လုပ်ခဲ့သည်။
စင်ပေါ်တက်ရန် ဖိတ်ခေါ်
ဦးမြအေး ဟောပြောပြီး နောက် ဗိုလ်ကြီးဟောင်းနေမျိုးဇင် ဟောပြောရာတွင် မျိုးချစ်ပုဂ္ဂိုလ် များက အော်ဟစ်ဆဲဆိုခဲ့သည်။ ဦးနေမျိုးဇင်က ၎င်းအပေါ် မေး မြန်းဆွေးနွေးလိုသည်များရှိပါက မျိုးချစ်အုပ်စုထဲမှ ခေါင်းဆောင် ဆရာတော်နှစ်ပါး စင်ပေါ်သို့ ကြွရောက်ရန် ဖိတ်ခေါ်သည်။
‘‘တပည့်တော်က ပင့် လျှောက်ပါတယ်ဘုရား။ ဘုန်း ဘုန်း၊ ကိုယ်တော်နှစ်ပါးစင်ပေါ် ကို တက်လာပြီးတော့ ဘာ ကြောင့် ဘယ်သူက ဘာကို ဘာ လိုချင်လဲဆိုတာ တပည့်တော်တို့ ကို မေးလို့ရပါတယ်ဘုရား’’ ဟု ဦးနေမျိုးဇင်က ပြောသည်။
သို့သော် မည်သူမျှစင်ပေါ်သို့ တက်ရောက်လာခြင်းမရှိပေ။
ထို့နောက် စာရေးဆရာထင် လင်းဦး ဟောပြောနေစဉ် အဆိုပါ အဖွဲ့ဝင်များသည် ပန်းခြံအတွင်း မှ ထွက်ခွာသွားသည်။ ယင်းသို့ ထွက်ခွာသွားစဉ် ရိုင်းစိုင်းသော အသုံးအနှုန်းများဖြင့် ဆဲဆိုခဲ့ သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ စည်းရန် အရေးကြီးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဦး အောင်ကြည်ညွန့်က ဖေဖော်ဝါရီ ၂၉ ရက်ပြည်ထောင်စုလွှတ်တော် တွင် တင်သွင်းခဲ့ပြီးနောက်ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးလူထု ထောက်ခံပွဲများကို တိုင်းနှင့်ပြည် နယ်အသီးသီးရှိ မြို့ကြီးများ၌ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ် သည်။
=======================
251 / End
၈ ဧပြီ ၂၀၁၉ - ၁၇:၅၈
News ID: 936110
တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲသို့ အမျိုးသားရေးတပ်ပေါင်းစု(ရန်ကုန်)နှင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)အဖွဲ့ဝင် ၅၀ ခန့် ရောက်ရှိလာပြီး ဟောပြောသူများကိုဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။