၁၇ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၄
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ မှ အီရန်နိုင်ငံသို့ ဒေါ်လာ ၁၁ သန်း အကူအညီပေး

အီရန်နိုင်ငံတွင် “ရမ်ဒွါန်စစ်ပွဲ” ကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ မှ ဒေါ်လာ ၁၁ သန်း အကူအညီပေးခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ရုံးတာဝန်ခံ  မိုဟမ္မဒ် ဂျဝါဒ် အလ်အဟ်မဒ်က အီရန်နိုင်ငံတွင် ရမ်ဒွါန်စစ်ပွဲ ကာလအတွင်း ရှဟီးဒ် ဖြစ်သွားခဲ့သူများ၏ မိသားစုများ နှင့် ထိခိုက်ခံစားခဲ့ရသော မိသားစု ၃,၆၀၀ တို့အား ငွေကြေးအကူအညီ ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ  ရုံးကိုယ်စားလှယ်အဖွဲ့ သည် အီရန်နိုင်ငံရှိ မီးနာဗ် မြို့မှ တီဟီရန်မြို့အထိ မြို့အသီးသီးသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ထိခိုက်ခံစားခဲ့ရသော မိသားစု ၃,၆၀၀ အား ဒေါ်လာ ၁၁ သန်းကို ခွဲဝေပေးအပ်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha