၁၀ ဧပြီ ၂၀၁၉ - ၁၇:၃၂
နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ရန် တပ်ချုပ်၏ တရုတ်နိုင်ငံခရီးစဉ်စတင်

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် မြန်မာ-တရုတ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အ ကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရန် ဧပြီ ၈ ရက်တွင် တရုတ်နိုင်ငံခရီး စဉ်ကို စတင်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် မြန်မာ-တရုတ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အ ကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရန် ဧပြီ ၈ ရက်တွင် တရုတ်နိုင်ငံခရီး စဉ်ကို စတင်ခဲ့သည်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တရုတ်သမ္မတနိုင် ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီဇူအိုချောင်၏ ဖိတ်ကြားချက်အရ သွားရောက် ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်အစိုးရ၊ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်မှ အကြီး အကဲများနှင့်တွေ့ဆုံမည်ဟု တပ် မတော်ထုတ်ပြန်ချက်၌ ဖော်ပြ သည်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဘေဂျင်းမြို့၌ တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံ ရုံးမိသားစုများ၊ သင်တန်းသားများကို တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် တပ်မတော်က ပါဝင်ကူညီဆောင်ရွက်နေ သည့် အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တပ်မတော် ၏ ဆောင်ရွက်နေမှုများကို ရှင်း လင်းပြောကြားသည်။

 ယင်းနောက် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက် လှမ်းရာ၌ နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှုရှိရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ် မှုအခြေအနေများကိုလည်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရေး ပါသည့် တည်နေရာတွင် တည်ရှိ သဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံ ရေးကောင်းမွန်ရန် လိုအပ်မှု၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပြည်ပသို့ ပို့ကုန်များတင်ပို့ရာတွင် အရည်အသွေးပြည့်မီရန် လိုအပ်မှုအခြေအနေများကို ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ နိုင်ငံ၏အဓိကနယ်စပ်ကုန်သွယ် မှုသည် ထိုင်းနှင့် တရုတ်နိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရာတွင် မျှတသော ကုန်သွယ်မှုစနစ် အကောင်အထည်ဖော်ဆောင်ရန် လိုအပ်မှု၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏နယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင် ရန် အခြေအနေကို ရှင်းလင်းပြောကြားကြောင်း တပ်မတော်ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါခရီးစဉ်သည် လက်ရှိအစိုးရလက်ထက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တတိယအကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယခုလနောက်ဆုံးပတ်တွင် Belt and Road Forum တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

=======================
251 / End