အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-တရုတ် နယ်စပ် တွင် ကုန်စည်ချင်း ဖလှယ်သည့် စနစ် (ဘာတာစနစ်)ကို အကောင်အထည်ဖော်ရန် ယူနန်ပြည်နယ် အစိုးရနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ ဧပြီ ၂၁ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU)လက်မှတ်ရေး ထိုးခဲ့သည်။
ရပ်တန့်နေသော မြန်မာ- တရုတ် နယ်စပ် ကုန်သွယ်ရေး ပြန်လည်ဖွံ့ဖြိုးလာစေရန် နှစ်ဖက် ညီမျှသည့် ကုန်သွယ်မှုစနစ်ဖြစ် သော ကုန်ပစ္စည်းချင်း ဖလှယ် သည့်စနစ်က အကောင်အထည် ဖော်နိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မျှော်လင့်နေသည်။
မြန်မာနိုင်ငံမှ ဆန်၊ ပြောင်း လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ တင်ပို့ပြီး ယူနန်ပြည် နယ်မှ စက်မှုကုန်ကြမ်းပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ဓာတ် မြေဩဇာနှင့် စိုက်ပျိုးရေးသွင်း အားစုများ ပြန်လည်ဝယ်ယူတင် သွင်းရန် စီစဉ်နေခြင်းဖြစ်သည်။
‘‘အခုပိတ်နေတဲ့ နယ်စပ် ကုန်သွယ်ရေးအခြေအနေက တစ်စိတ်တစ်ပိုင်းတော့ ပြေလည်နိုင် ပါတယ်’’ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး က ပြောသည်။
မြန်မာ-တရုတ် ကုန်သွယ် ရေးတွင် နယ်စပ်မှ ယူနန်ပြည် နယ်နှင့် ကုန်သွယ်ရေးသည် အ ရေးကြီးသောကြောင့် ယခုစမ်း သပ်စတင်သည့် ဘာတာ စနစ် အောင်မြင်ပါက တိုးချဲ့ဆောင် ရွက်မည်ဆိုသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ် ကုန်သွယ်မှု ကန် ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိခဲ့ သည်။ ၂၀၁၈ အောက်တိုဘာက စတင်ပြီးရွှေလီမြစ် တစ်ဖက်ကမ်းတွင် ယူနန်အစိုးရက လုံခြုံရေး တင်းကျပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ ဆန်အပါအဝင် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချနိုင်ခြင်း မရှိပေ။
၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း မူဆယ်မှ ယူနန်ပြည်နယ်သို့ ပို့ကုန်ပမာဏက ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ် ကာလတူထက် ဒေါ်လာသန်း ၈၀၀ ကျော် လျော့နည်းသည်။
အဆိုပါစနစ် အကောင်အ ထည်ဖော်ရာတွင် ပြည်တွင်းမှ ဆန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့နေသည့် ကုန်သည်များက တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ ပြန်လည်ဝယ်ယူမည့် သွင်းကုန်လုပ် ငန်းရှင်များနှင့် ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ်က ကြားခံညှိနှိုင်းဆောင် ရွက်ရမည်ဖြစ်သည်။
ကုန်ပစ္စည်း ဖလှယ်သည့် စနစ်ဖြင့် နယ်စပ်မှ တင်သွင်းမည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ နှင့် ပတ်သက်၍လည်း စက်မှုဝန် ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန် ကြီးဌာနများက ရေးဆွဲသတ်မှတ် ပြဋ္ဌာန်းထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီမှ တင်သွင်းခွင့် ပြုမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက် ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ပြောသည်။
=======================
251 / End
မြန်မာ-တရုတ်နယ်စပ်တွင် ကုန်ပစ္စည်းချင်းဖလှယ်မည့်စနစ် အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
၂၂ ဧပြီ ၂၀၁၉ - ၁၈:၄၆
News ID: 938008
မြန်မာ-တရုတ် နယ်စပ် တွင် ကုန်စည်ချင်း ဖလှယ်သည့် စနစ် (ဘာတာစနစ်)ကို အကောင်အထည်ဖော်ရန် ယူနန်ပြည်နယ် အစိုးရနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ ဧပြီ ၂၁ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU)လက်မှတ်ရေး ထိုးခဲ့သည်။