
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့်ပတ် သက်၍မသင်္ကာဟုဆိုကာ အမျိုးသား ၂၇၅ ဦးကို ထိန်းသိမ်းစစ်ဆေးနေသည့် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ စာသင်ကျောင်းတွင် ယမန်နေ့ နံနက်က ပစ်ခတ်မှုဖြစ်ပွားပြီး ခြောက်ဦးသေဆုံး ကာ ရှစ်ဦးဒဏ်ရာရခဲ့သည်။
ထိန်းသိမ်းထားသူများအ နက် လူအုပ်စု အချို့က မေလ ၂ ရက် နံနက် ၂ နာရီခန့်တွင် အော် ဟစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို ရန်ပြုမည့်အပြုအမူများ လုပ် ဆောင်လာသည့်အပေါ် ကနဦး တွင် အော်ဟစ်သတိပေးခြင်း၊ အပေါ်သို့ သေနတ်ပစ်ဖောက် ခြောက်လှန့် လူစုကွဲအောင် ပြု လုပ်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြော သည်။
‘‘လူစုမကွဲတဲ့အပြင် ထပ် ၀န်းရံလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ကိုင်ဆောင်ထားတဲ့ လက် နက်တွေလုမယ့် ပုံစံမျိုးဖြစ်လာ တယ်။ အဲဒါကြောင့်မို့ ပစ်ခတ်နှိမ် နင်းတာ ရှိပါတယ်။ ပစ်ခတ်နှိမ် နင်းတာရှိတော့ လောလောဆယ် စာရင်းအရ ခြောက်ဦးသေဆုံး တယ်။ ရှစ်ဦး ဒဏ်ရာရပါတယ်။ လေးဦးတော့ ထွက်ပြေးလွတ် မြောက်သွားပါတယ်’’ ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။
ရသေ့တောင်မြို့နယ် ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ‘‘ကျွန်တော်တို့ မနက်က အလောင်းတွေ သွားယူ တာ။ ယူခွင့်မရဘူး။ အခုထိလည်း မရသေးဘူး။ ကျွန်တော်တို့ ကြား တာက သူတို့ဖမ်းထားတဲ့အထဲမှာ အရူးတစ်ယောက်ပါတယ်။ အဲဒီ အရူးက သူအရူးထတဲ့အချိန်အော် တယ်။ သူကတော့ အော်ချင်သလို အော်တာပေါ့။ ညကလည်း အဲဒီ လူကအော်လို့ သေနတ်နဲ့ ပစ် လိုက်တာလို့ပြောတယ်။ အဲဒီလို ကြားတယ်’’ ဟု မေလ ၂ရက် မွန်း လွဲပိုင်း၌ ပြောကြားသည်။
ဒဏ်ရာရသူများအနက် သုံး ဦး စိုးရိမ်ရကြောင်း၊ ယင်းလူနာ များကို စေတီပြင်ဆေးရုံမှ စစ် တွေဆေးရုံသို့ ပို့ဆောင်ကုသ နေကြောင်း ဦးသန်းနိုင်က ပြော သည်။
‘‘ရွာသားတွေကတော့ ကြောက် နေကြတာပေါ့။ တစ်နေ့ ကကတည်းက ဖမ်းထားတဲ့ လူ ၃၀၀ လောက်ကို အခုထိ အပြင် ကို ထုတ်မပေးသေးဘူး။ စစ်တုန်း ပဲ။ ဖမ်းထားတဲ့အထဲမှာ ကျောက် တန်းကျောင်းက ကျောင်းဆရာ တွေ၊ စာရေးတွေလည်း ပါတယ်။ ထပ်ပြီး အသတ်ခံရမှာ ကြောက် နေကြတယ်။ အသတ်ခံရတဲ့သူ တွေရဲ့ မိသားစုတွေဆိုရင်အကုန် ငိုနေကြတယ်။ လူတွေကတော့ တော်တော်ကြီးကို လန့်နေကြ တယ်’’ ဟု ကျောက်တန်းရွာသား တစ်ဦးက ပြောသည်။
မသင်္ကာသူများကို စစ်ဆေး မှု အနေအထားအရ AA တပ်ဖွဲ့ ၀င်များ ပါဝင်ကြောင်း၊ AA နှင့် ပတ်သက်နေသည့် အမာခံများ လည်းပါဝင်ကြောင်း၊ ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ် ပြီး AA နှင့် မပတ်သက်သူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင် သုခကမူ ကျောက်တန်းရွာတွင် ၎င်းတို့ တပ်ဖွဲ့ဝင်များ ခိုလှုံမှုမရှိ ကြောင်း၊ အရပ်သားများကို ယ ခုကဲ့သို့ အစုလိုက် သတ်ဖြတ်ခြင်း သည် စစ်ရာဇ၀တ်မှု ကျူးလွန် ခြင်းပင်ဖြစ်ကြောင်း ပြောကြား သည်။
‘‘အခုလို လုပ်ဆောင်ချက် တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ တော်တော်လေး အတားအ ဆီး အနှောင့်အယှက်တွေ ဖြစ် လာနိုင်တယ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးမှာ ဒါကအတားအဆီး အခက်အခဲ တွေဖြစ်လာနိုင်တယ်’’ ဟု ခိုင်သု ခက ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP) ကလည်း ကျောက်တန်းရွာသား များ သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ် နှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင် တို့ထံ ယမန်နေ့က အိတ်ဖွင့်ပေး စာဖြင့် တိုင်ကြားတောင်းဆိုခဲ့ သည်။
ယခုနောက်ပိုင်း ရခိုင်ဒေသ ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ သည် မြို့များနှင့် ကျေးရွာများအ နီး ဖြစ်ပွားနေသည်ကို တွေ့ရ ကြောင်း၊ တိုက်ပွဲဧရိယာတွင် အ ရပ်သားနှင့် လက်နက်ကိုင်ရောနေ နိုင်သည့် အခြေအနေတွင် အရပ် သားများကို လက်နက်ကိုင်ဟု သံသယဖြစ်စရာ အကြောင်းအ ရာများရှိလာပါက ဖမ်းဆီးစစ် ဆေးမှု ဖြစ်လာနိုင်ကြောင်း ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အ မှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
‘‘ဖမ်းတာဆီးတာ ဖြစ်လာတဲ့ အခါ တချို့ဟာက တကယ်လက် နက်ကိုင်ဖြစ်ရင်ဖြစ်မယ်၊ တချို့ ဟာတွေကလည်း တကယ်အရပ် သားဖြစ်ရင် ဖြစ်မယ်ပေါ့နော်။ အဲ ဒီအခါမှာ လက်နက်ကိုင်ဖမ်းရင်း အရပ်သားတွေ ပါသွားတဲ့ဟာမျိုး၊ ဖမ်းဆီး စစ်ကြောတဲ့အခါမှာ လည်း လက်နက်ကိုင်မဟုတ်ဘဲ အရပ်သားတွေ ဖမ်းဆီးစစ်ကြော ခံရတဲ့ဟာမျိုး ဒါမျိုးတွေရှိနိုင် တယ်’’ ဟု ၎င်းက ဆိုသည်။
စနစ်တကျ လေ့ကျင့်ထား သည့် အမေရိကန်နိုင်ငံမျိုးပင် လျှင် အီရတ်၊ အာဖဂန်နစ္စတန် နိုင်ငံများ၌ စစ်ဆင်ရေးလုပ်ဆောင် ရာတွင် အရပ်သားထိခိုက်မှုကို ရှောင်မရကြောင်း၊ အရပ်သား များ မြေစာပင် ဖြစ်ရသည့် စိတ် မကောင်းစရာဖြစ်ရပ်များ လျှော့ ချနိုင်ရေး လုံခြုံရေးကိစ္စကို ကိုင် တွယ်သည့် တပ်ဖွဲ့ဝင်များကို စစ် ဆေးသည့် အခါတွင်မည်သို့ စစ် ဆေးရမည်ဆိုသည့် နည်းလမ်း များ စနစ်တကျသင်ကြားထားရန် လိုအပ်ကြောင်း ဒေါက်တာမင်း ဇော်ဦးက ပြောသည်။
‘‘အကောင်းဆုံးကတော့ ပြ ဿနာကို နိုင်ငံရေးအရ ဖြေရှင်း နိုင်ဖို့လိုတယ်။ နိုင်ငံရေးအရဖြေ ရှင်းနိုင်မှပဲ ပြည်သူလူထု ခံစားနေ တဲ့ဟာတွေရော၊ လက်နက်ကိုင် ပဋိပက္ခတွေရော ဖယ်ရှားပစ်နိုင် မှာ။ နိုင်ငံရေးအရ အဖြေမထုတ် နိုင်သရွေ့ ဒီပြဿနာတွေ အနည်း နဲ့အများတော့ရှိနေမှာ’’ ဟု ၎င်းက ဆိုသည်။
မကြာသေးမီကပင် မြောက် ဦးမြို့နယ် လက္ကာရွာအနီး၌ တပ် မတော်က ဖမ်းဆီးသည့် ၂၇ ဦး အနက် သုံးဦးသေဆုံးခဲ့သည်။ အလားတူ ရခိုင်လက်နက်ကိုင်အ ဖွဲ့ (AA) ကလည်း အရပ်သားများ ကို တပ်မတော်နှင့် ပတ်သက် သည်ဆိုကာ ဖမ်းဆီးထားခြင်း များရှိသည်။
======================
251 / END