
တင်ဒါခေါ်ယူရာတွင် ဆွေမျိုးနီးစပ်သူများ၊ ရင်းနှီးသူ များပါဝင်သည့် ကုမ္ပဏီများကို တင်ဒါစည်းမျဉ်း၊ စည်းကမ်းနှင့် မညီဘဲ လုပ်ပိုင်ခွင့်ချထားပေးပါ က အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် အရေးယူမည်ဟု သမ္မတဦးဝင်းမြင့်က သတိပေး သည်။
မေလ ၃ ရက်နံနက်က ထား ၀ယ်မြို့ မြို့တော်ခန်းမတွင် ပြု လုပ်သည့်မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲ တွင် သမ္မတဦးဝင်းမြင့်ကတနင်္သာ ရီတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူ များကို သတိပေးပြောကြားခြင်း ဖြစ်သည်။
‘‘တင်ဒါလုပ်ရင် မှန်မှန်ကန် ကန်လုပ်ဖို့၊ ငါ့ဆွေမျိုးမို့လို့၊ ငါနဲ့ ရင်းနှီးလို့ဆိုပြီး ပေးလိုက်တာ မျိုးမဖြစ်ဖို့၊ ဒီကုမ္ပဏီက ငွေပိုရှိလို့ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ တင်ဒါကို မျှမျှတတလုပ်ဖို့၊ တရားဥပဒေစိုး မိုးရေးဖြစ်ဖို့ပြောတယ်’’ ဟု တွေ့ ဆုံပွဲတက်ရောက်သည့် တနင်္သာရီ တိုင်းအစိုးရအဖွဲ့စီမံဘဏ္ဍာဝန် ကြီးဒေါ်ရီရီချိုက သမ္မတပြော ကြားချက်ကို ရှင်းပြသည်။
ထို့အတူ တင်ဒါခေါ်ယူမည့် လုပ်ငန်းအမျိုးအစားများအလိုက် ကုန်ကျမည့်ဈေးနှုန်းများနှင့်ပတ် သက်၍ ဒေသပေါက်ဈေးများသိ ထားရန်လိုအပ်ပြီး တင်ဒါရွေး ချယ်ရာတွင်လည်း ဘုတ်အဖွဲ့ဖွဲ့ စည်း၍ ရွေးချယ်ရန် သမ္မတက ညွှန်ကြားသည်။
ထို့အပြင် တိုင်းအစိုးရအဖွဲ့ အနေဖြင့် သိမ်းဆည်းခံမြေယာ ပြဿနာများအပါအ၀င် မြေယာ ပြဿနာများဖြေရှင်းရာတွင် အ ခက်အခဲဖြစ်ပေါ်လာပါက အ ထက်အဆင့်ဆင့်သို့ တင်ပြ၍ အ လေးအနက်ထားဆောင်ရွက်ရန် သမ္မတက လမ်းညွှန်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဆိုသည်။
သမ္မတဦးဝင်းမြင့်သည် မေ လ ၄ ရက်တွင် မြိတ်မြို့သို့သွား ရောက်ရန် စီစဉ်ထားသည်။
ယခင်တနင်္သာရီတိုင်းဝန် ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့ မော်သည် ၎င်းနှင့်ဆွေမျိုးနီးစပ်သူ များ၊ ရင်းနှီးသူများပါဝင်သည့် ကုမ္ပဏီကို တင်ဒါခေါ်ယူခြင်းမရှိ ဘဲ လုပ်ပိုင်ခွင့်များချထားပေး သည်ဆိုကာ ဒေသခံများက တိုင် ကြားသဖြင့် အဂတိကော်မရှင်က စုံစမ်းစစ်ဆေးရာအဂတိလိုက်စား မှုများ ပေါ်ပေါက်ခဲ့သည်။ ထို့ နောက် ၀န်ကြီးချုပ်ဒေါက်တာလဲ့ လဲ့မော်ကို ရာထူးက ထုတ်ပယ်ပြီး ဖမ်းဆီးအရေးယူခဲ့သည်။
======================
251 / END