
ရခိုင်ပြည်နယ်မြောက် ပိုင်းမှ နေရပ်စွန့်ခွာသူများကို စနစ်တကျစိစစ်လက်ခံရေးနှင့် အ ကြမ်းဖက်မှု၊ အစွန်းရောက်မှုများ ကို ပူးပေါင်းတိုက်ဖျက်ရေး မြန် မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံဆွေး နွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။
နေရပ်စွန့်ခွာသူများ ပြန် လည်စိစစ်လက်ခံရေးဆိုင်ရာ မြန်မာ - ဘင်္ဂလားဒေ့ရှ်ပူးတွဲလုပ် ငန်းအဖွဲ့ စတုတ္ထအကြိမ်အစည်း အဝေးကို နေပြည်တော်၌ မေလ ၃ ရက်တွင် ကျင်းပပြီး နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံ ခြားရေးအတွင်းဝန် (အာရှနှင့် ပစိဖိတ်) မစ္စတာမာဘု အူဇမန်တို့ က ပူးတွဲသဘာပတိအဖြစ်ဆောင် ရွက်သည်။
နေရပ်စွန့်ခွာသူများကို ပြန် လည်စိစစ်လက်ခံရာတွင် ဖြစ်ပေါ် လာနိုင်သည့် ကိစ္စရပ်များကိုနှစ် ဖက်အဖွဲ့ငယ်များဖွဲ့စည်း၍ အ ဖြေရှာဆောင်ရွက်ရေးနှင့် မူးယစ် ဆေးဝါးတရားမ၀င်ရောင်းဝယ်မှု နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ အပါအ၀င် နယ်စပ်ဖြတ်ကျော်မှု ခင်းများကို နှစ်နိုင်ငံအကြားလက် ရှိထူထောင်ထားသော ယန္တရား များမှတစ်ဆင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ထည့်သွင်းဆွေးနွေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အဆိုပါအစည်းအဝေးတွင် နေရပ်စွန့်ခွာသူများကို ပြန် လည်လက်ခံရေး အစီအမံများ စီစဉ်ဆောင်ရွက်မှု၊ရခိုင်ပြည်နယ် ၌ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက် ထားရှိမှု၊ ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာသင်ကြားရေး တို့အတွက် လိုအပ်သည့်အစီအမံ များ ဆောင်ရွက်ထားရှိမှုတို့ကို လည်း ဆွေးနွေးခဲ့သည်ဟု ဆို သည်။
ထို့နောက်နေရပ်စွန့်ခွာ သူများ ပြန်လည်လတ်ခံရေး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ် ဆောင်ရွက်ပြီးစီးမှု၊ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချ ထားရေးနှင့် လူမှုဝန်းကျင်ပြန် လည်ပေါင်းစည်းရေးဆိုင်ရာ လုပ် ငန်းစဉ်များတွင် ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြားမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေမှုတို့ကို ထည့်သွင်းဆွေး နွေးသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ က နှစ်နိုင်ငံအကြားဖြစ်ပွားလေ့ရှိ သည့် ကိစ္စရပ်များကို နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းအဖြေရှာဆောင် ရွက်ခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအ ကြားတည်ရှိပြီးဖြစ်သည့် အစီ အမံများအတိုင်း ညှိနှိုင်းဆောင် ရွက်မည်ဟု အတည်ပြုပြော ကြားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။
ထို့အပြင် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရခိုင်ပြည်နယ် အတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော အစီအစဉ် များ၊ မြန်မာအစိုးရက အာဆီ ယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီ ယံလူသားချင်းစာနာမှုနှင့် သဘာ ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟို ဌာနတို့နှင့် ပူးပေါင်း၍ရခိုင်ပြည် နယ်အတွင်းအာဆီယံက ပံ့ပိုး ဆောင်ရွက်နိုင်မည့် ကဏ္ဍများ နှင့် ပြန်လည်လက်ခံရေး လုပ်ငန်း စဉ်ကို အထောက်အကူဖြစ်စေ မည့် အစီအစဉ်များအား ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အ ဖွဲ့သို့ အသိပေးပြောကြားခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
နေရပ်စွန့်ခွာသူများပြန် လည်လက်ခံမည့် နှစ်နိုင်ငံ သဘောတူသည့် သတ်မှတ်ရက် ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်နှင့် ဘင်္ဂ လားဒေ့ရှ်အခြေစိုက်သတင်းဌာန အချို့တွင် ဖော်ပြထားခြင်းမရှိ ပေ။
======================
251 / END