၂၆ ဇွန် ၂၀၁၉ - ၁၆:၃၇
မူးယစ်ဆေးဝါး လက်ကြီးသမားများကို ဖမ်းဆီးရမိနိုင်ရေး သတင်းပေးကြရန် သမ္မတတိုက်တွန်း

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ လက်ကြီးသမားတွေကို ဖမ်းဆီးရမိဖို့ အတွက် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်စွာနဲ့ သတင်းပေးတိုင်ကြားပေးကြဖို့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ လက်ကြီးသမားတွေကို ဖမ်းဆီးရမိဖို့ အတွက် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်စွာနဲ့ သတင်းပေးတိုင်ကြားပေးကြဖို့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ပမာဏကြီးစွာနဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိနိုင်ဖို့ အတွက် သတင်းရရှိမှု နည်းပါးနေသေးတယ်လို့လည်း နိုင်ငံတော်သမ္မတ ပြောကြားပါတယ်။

ဒီကနေ့ ဇွန်လ ၂၆ ရက်က နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတက ပြောကြားခဲ့တာပါ။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင် နိုင်ငံတ၀န်းကနေ မူးယစ်ဆေးဝါးအမျိုးပေါင်း ၅၂ မျိုးကို ဖမ်းဆီးရမိခဲ့ပြီး ဒီကနေ့မှာပဲ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တွေမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ ရှိခဲ့ပြီး မက်ထရစ်တန် ၅၅၀ ထုတ်လုပ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ စိုက်ပျိုးမှု ဟက်တာ  ၃၇၀၀၀ ကျော်ရှိခဲ့ပြီးတော့ ထုတ်လုပ်မှုကတော့ မက်ထရစ်တန် ၅၂၀ ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာတော့ အခုနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှုပေါင်း ၁၁၄၁မှုကို ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် ပြစ်မှုကျူးလွန်သူ အယောက် ၁၇၀၀ ကျော်ကို အရေးယူနိုင်ခဲ့ တယ်လို့ ရန်ကုန်တိုင်း မူးယစ်ဆေးဝါးနဲ့  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။


=======================

251 / End