အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရနှင့် ကချင်အဖွဲ့ (KIO)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့ (AA) တို့က အပြန်အလှန် အဆိုပြုထားသည့် Bilateral နှစ် ဖက်သဘောတူ အပစ်ရပ်စဲရေး စာချုပ် (မူကြမ်း) များကိုအပေးအယူလုပ်ညှိနှိုင်းရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က တိုက်တွန်းသည်။
အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင် တစ်ဖွဲ့ချင်းစီအကြား Bilateral အပစ်ရပ်စာချုပ်ချုပ်ဆို နိုင်ရန်နှင့် ပတ်သက်ပြီး မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့က ဧပြီ ၃၀ ရက်တွင် စာချုပ်မူကြမ်းများ အစိုးရထံပေးအပ်ခဲ့ရာအစိုးရက အဆိုပြုသည့် မူကြမ်းကိုလည်း ဇွန်လ ၃၀ ရက်တွင် မြောက်ပိုင်း လေးဖွဲ့ထံပေးအပ်ခဲ့သည်။
အပစ်ရပ်စာချုပ်ရရှိရေး အချိန်ယူ ညှိနှိုင်းရမည်ဖြစ်ကြောင်း အစိုးရနှင့် မြောက်ပိုင်း လေးဖွဲ့ အကြား ဆွေးနွေးပွဲများ ဖြစ် မြောက်ရန် ဆောင်ရွက်နေသည့် PCG ကမှတ်ချက်ပေးသည်။
‘‘တစ်ဖက်ပြောတာပဲ ဒါတ ရားသေ ဖြစ်စေရမယ်ဆိုတဲ့ဟာ မျိုးက ငြိမ်းချမ်းရေးကို ရှေ့သွား ဖို့ကခက်မှာပေါ့။ နှစ်ဖက်အ ပေးအယူလေးတွေလုပ်မှ’’ ဟု ဦး ဆန်းအောင်က နှစ်ဖက်အဆိုပြု သည့် စာချုပ်မူကြမ်းပါ အချက်များညှိနှိုင်းနိုင်ရေး တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် တပ်မတော်ဘက်က အဆိုပြု သည့် Bilateral အပစ်ရပ်မူကြမ်း တွင် TNLA အဖွဲ့အားလုံးပ လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနမ့်ဆန်နှင့် မန်တုန်မြို့နယ် ထဲသို့ ပြန်နေရန်၊ ညှိနှိုင်း၍ ရပါ က ယင်းမြို့နယ်များ၌ နယ်မြေခံ တပ်များသာထားရှိပြီး တပ်မ တော်၏အခြားလှုပ်ရှားတပ်များ ဖယ်ပေးမည်ဟု ပါရှိကြောင်း TNLA အထွေထွေအတွင်းရေး မှူးတာဘုန်းကျော်က ၎င်း၏ Facebook စာမျက်နှာတွင် ရေး သားထားသည်။
အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့သည် ဧပြီ ၃၀ ရက်က မူ ဆယ်မြို့၌ တွေ့ဆုံပြီးနောက်ထပ် မံတွေ့ဆုံရန် ချိန်းဆိုခဲ့သော်လည်း ဆွေးနွေးပွဲကျင်းပမည့်နေရာ ညှိ နှိုင်းမရ၍ နှစ်လကြာသည်အထိ ဆွေးနွေးပွဲမဖြစ်မြောက်သေးပေ။
အပစ်ရပ်စဲရေး ဆွေးနွေးပွဲ ကို ဇူလိုင်လလယ်တွင် ကျင်းပ ရန် မြောက်ပိုင်းလက်နက်ကိုင်အ ဖွဲ့များသို့ ငြိမ်းချမ်းရေးကော်မ ရှင်ကအကြံပြုထားသည်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကအစိုးရက ပေးအပ်သည့် အပစ်ရပ်မူကြမ်းကို အဖွဲ့အတွင်း ဦးစွာဆွေးနွေးညှိနှိုင်းမည်ဟု ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။
ဆွေးနွေးပွဲများ ပြုလုပ်ရန် အခက်အခဲဖြစ်နေခြင်းမှာ လုံခြုံ ရေးကိစ္စကို အကြောင်းပြုပြီးနေ ရာ ရွေးနေခြင်းကြောင့်ဖြစ်သည် ဟု ၎င်းကဆိုသည်။
အစိုးရနှင့်မြောက်ပိုင်းလေး ဖွဲ့ ဆွေးနွေးပွဲကို မူဆယ်၊ ပန် ဆန်း၊ မိုင်းလား၌ ကျင်းပလို ကြောင်း မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များက အဆိုပြုထားပြီး အစိုးရဘက်ကမူလားရှိုး၊ ကျိုင်း တုံ၊ နေပြည်တော်၊ ရန်ကုန်တို့ တွင် ကျင်းပလိုကြောင်း အဆိုပြု ထားသည်ဟု PCG ကပြောဆိုထားသည်။
=======================
251 / End