၁၉ ဇူလိုင် ၂၀၁၉ - ၁၅:၁၈
သမ္မတဦးဝင်းမြင့် ဗိုလ်ချုပ်ပြတိုက်နှင့် ၀န်ကြီးများရုံးဟောင်းသို့ သွားရောက်လေ့လာ

နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် အာဇာနည်ခေါင်း ဆောင်များကျဆုံးခဲ့သည့်အတွင်း ၀န်ရုံးဟောင်း (ယခင် ၀န်ကြီးများ ရုံး)သို့ ယမန်နေ့တွင် ကြည့်ရှုလေ့ လာခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် အာဇာနည်ခေါင်း ဆောင်များကျဆုံးခဲ့သည့်အတွင်း ၀န်ရုံးဟောင်း(ယခင်ဝန်ကြီးများ ရုံး)သို့ ယမန်နေ့တွင် ကြည့်ရှုလေ့ လာခဲ့သည်။

သမ္မတဦးဝင်းမြင့်သည် ရန် ကုန်မြို့ အာဇာနည်ကုန်း၌ ယနေ့ ကျင်းပမည့်(၇၂)နှစ်မြောက်အာ ဇာနည်နေ့အခမ်းအနားသို့ တက် ရောက်မည်ဟု ယမန်နေ့တွင် 7Day Daily သတင်းစာက စုံစမ်း သိရသော်လည်း အတည်ပြုချက် မရပေ။

နိုင်ငံတော်သမ္မတသည် ဇူ လိုင် ၁၈ ရက်တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရှိပြီး ဗိုလ် ချုပ်အောင်ဆန်းပြတိုက်နှင့် ၀န် ကြီးများရုံးဟောင်းသို့ သွား ရောက်ကြည့်ရှုခဲ့ကြောင်း သမ္မတ ရုံးက ထုတ်ပြန်သည်။

ယင်းသို့ သွားရောက်ရာတွင် သမ္မတဦးဝင်းမြင့်သည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အသုံးပြုခဲ့သည့်တိုင်းပြုပြည်ပြုလွှတ်တော်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့သည့် အစည်းအဝေးဆောင်၊ အာဇာနည်ခေါင်းဆောင်ကြီးများ အတွက်ပြုလုပ်ထားသည့်  အ ထိမ်းအမှတ်ကျောက်တိုင်တို့ကို ကြည့်​ရှုလေ့လာပြီး ယင်းသို့သွားရောက်ခြင်းက နှစ် ၃၀ ကျော်အတွင်း သမ္မတတစ်ဦးအနေဖြင့် ၀န်ကြီးများရုံးဟောင်းသို့ ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့အပြင် သမ္မတဦးဝင်းမြင့် သည် ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်သို့ သွားရောက်ပြီး ဗိုလ် ချုပ်အောင်ဆန်းအသုံးပြုခဲ့သော ယာဉ်၊ သမိုင်းမှတ်တမ်း ဓာတ်ပုံများအပါအ၀င် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုလေ့လာ ခဲ့သည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းပုံစံတူရုပ် တု၊ ဘုရားခန်း၊ အိပ်ခန်း၊ စာဖတ် ခန်း၊ ဧည့်ခန်းနှင့် ထမင်းစားခန်း တို့ကို ကြည့်ရှုလေ့လာပြီး ဗိုလ် ချုပ်အောင်ဆန်းကြေးရုပ်ကို ဂါရ ၀ပြုခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

=======================
251 / End