၂၃ ဇူလိုင် ၂၀၁၉ - ၁၅:၄၄
ရခိုင်စစ်ဘေးဒုက္ခသည်များကို ကူညီရာတွင် ခွင့်ပြုမိန့်တင်ပြရသည့်ကိစ္စများ ဖြေလျှော့ပေးရန် ICRC တောင်းဆို ညှိနှိုင်းဆွေးနွေး၍ လုံခြုံေ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ကို အကူအညီပေးအပ်ရန် ခွင့်ပြုမိန့် များ တင်ပြရသည့် ကိစ္စနှင့်ပက် သက်၍ ဖြေလျှော့ပေးရန် ICRC က ရခိုင် ပြည်နယ်အစိုးရအဖွဲ့ကို တောင်းဆိုကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးအပ်ရန် ခွင့်ပြုမိန့် များ တင်ပြရသည့် ကိစ္စနှင့်ပက် သက်၍ ဖြေလျှော့ပေးရန် ICRC က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တောင်းဆိုကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က ပြောသည်။


ICRC မှ မြန်မာနိုင်ငံ ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Enrique Ochoa Fernandez - Lomana နှင့် အဖွဲ့သည် ရခိုင်ပြည်နယ် ၀န်ကြီး ချုပ် ဦးညီပုနှင့် ဇူလိုင် ၂၂ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံပြီး ထိုသို့ တွေ့ဆုံရာတွင် အထက်ပါအ တိုင်း တောင်းဆိုခြင်းဖြစ်သည်။

‘‘စစ်ဘေးရှောင်ကိစ္စနဲ့ ပက်သက်ပြီးတော့ သူတို့ အကူအညီ ပေးနေတဲ့ ကိစ္စတွေကို တင်ပြကြ တယ်။ နောက်ပြီးတော့ ခွင့်ပြုမိန့် တင်ရတဲ့ ကိစ္စတွေကို ဖြေလျှော့ ပေးဖို့ ပြောတယ်’’ဟု ပြည်နယ်အ စိုးရအဖွဲ့ စည်ပင်သာယာရေးဝန် ကြီး ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအရ သွားလာ၍ အဆင်မ ပြေသည့် နေရာများသို့ သွား ရောက်ကူညီရန် ခွင့်မပြုသည့် ဖြစ်စဉ်များရှိကြောင်း၊ ယင်းနေရာများ သို့ သွားရောက်ကူညီပေးနိုင်ရေး ဖြေလျှော့ပေးရန် ICRC က တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုကိစ္စနှင့်ပက်သက်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်း ဆွေးနွေးကာ သွားသင့်သည့် နေ ရာများဖြစ်ပါက သွားခွင့်ပြုမည် ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း ဦးဝင်းမြင့်က ပြန်လည်ပြောပြ သည်။

‘‘သူတို့ကတော့ သူတို့မှာ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ နေရာတွေမှာ အကူအညီပေးတဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေရှိတယ် ပေါ့။ အဲဒါကြောင့် အဲဒါတွေကို ခွင့်ပြုပေးဖို့ ပြောတယ်ပေါ့။ ဒီဘက်ကလည်း နိုင်ငံတကာလူတွေကျ တော့ တစ်စုံတစ်ရာဖြစ်လာလို့ရှိ ရင် ကိုယ့်တာဝန်ယူရမယ့် ဟာ တွေရှိတဲ့အခါကျတော့ အဲဒီဟာ တွေကျရင် ညှိနှိုင်းပြီးတော့မှ သွားသင့်ရင်တော့ ခွင့်ပြုပေးဖို့ပေါ့’’ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များကို အကူအညီ များ ပိုမိုပေးအပ်နိုင်ရန် ICRC မှ တင်ပြလာသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အခက်အခဲဖြစ်နေသည့် စစ်ဘေးဒုက္ခသည်များကို နိုင်ငံတကာအဖွဲ့ အစည်းများအား လူသားချင်းစာ နာသည့် အကူအညီများ ထောက် ပံ့ခွင့်ပြုရန် ရခိုင်အမျိုးသားပါတီ အပါအ၀င် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများက လည်း တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA) တို့အကြား ပြီးခဲ့သည့် ၂၀၁၈ နှောင်းပိုင်းကတည်းက တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး လက်ရှိတွင် နေရပ်စွန့်ခွာထွက် ပြေးကာ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေရသည့် ဒုက္ခသည် ငါး သောင်းကျော် ရှိနေသည်။

ယင်းဒုက္ခသည်များမှာ မိုးရာသီရောက်လာပြီဖြစ်၍ နေစရာအ ခက်အခဲရှိနေသည့်အပြင် စားနပ် ရိက္ခာလည်း အရေးပေါ်လိုအပ် နေကြောင်း ကူညီရေးအဖွဲ့များက ပြောသည်။ ပြီးခဲ့သည့် တစ်ပတ် ကျော်အတွင်းကလည်း မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့ရှိ ဒုက္ခသည်စခန်းအများစု ရေနစ်မြုပ်ခဲ့သည်။

=======================
251 / End