အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အခြေခံဥပဒေပြင် ဆင်နိုင်ရေးအတွက် တပ်မတော် နှင့် လက်ရှိအာဏာရဒီချုပ်ပါတီ ခေါင်းဆောင်များ ပြည်သူကို မျက်နှာမူ၍ ညှိနှိုင်းမှုဖြင့် လက် တွေ့ကျကျပူးပေါင်းဆောင်ရွက် ရန် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များက လွှတ်တော် တွင် တိုက်တွန်းသည်။
‘‘ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဆောင်ရွက်ကြတဲ့အခါ မှာ အဓိကကျတဲ့ ထိပ်သီးခေါင်း ဆောင်တွေ ပြေလည်သွားရင် လည်း တံခါးပွင့်သွားမယ့်အနေ အထားမှာရှိနေတာကို လှမ်းမြင် နေရပါတယ်’’ဟု ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးစိုင်းထွန်းအေးက ယမန်နေ့ ပြည်ထောင်စုလွှတ် တော်၌ ပြောသည်။
ပူးပေါင်းကော်မတီ အစီရင် ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက် လက်ဆောင်ရွက်မည်ဟု ကတိပြု ဖော်ပြထားပြီးဖြစ်ရာ ထိုသို့ဥပဒေ နှင့်အညီ ဆောင်ရွက်ရန် တောင်း ဆိုနေသည့် ပြည်ခိုင်ဖြိုးကိုယ်စား လှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ပူးပေါင်း ဆောင်ရွက်မည်ဟု မျှော်လင့် ကြောင်း ရခိုင်အမတ်ဦးဖေသန်း က ပြောသည်။
‘‘၂၀၀၈ ဖွဲ့စည်းပုံ တံခါး သော့တစ်ချောင်းစီ ပိုင်ဆိုင်ထား ကြတဲ့ NLD ပါတီနဲ့ တပ်မတော် တို့ ညှိညှိနှိုင်းနှိုင်းနဲ့ စကတည်းက ဒီလမ်းကြောင်းအတိုင်းသွားခဲ့ကြ မယ်ဆိုရင် အခုဆို ဖွဲ့စည်းပုံပြင် ဆင်ရေးဟာ အတော်ခရီးပေါက် နေလောက်ပြီဖြစ်ပါတယ်’’ ဟု ဦးဖေသန်းက သုံးသပ်သည်။
တအာင်း(ပလောင်)အမျိုး သားပါတီဝင် ဦးဝင်းထူးကဖွဲ့စည်း ပုံ အခြေခံဥပဒေပြင်ဆင်ရန်လွှတ် တော်တွင်းပါတီ၊ အစုအဖွဲ့အ သီးသီးမှကိုယ်စားလှယ်များ ပါ ၀င်သော ပူးပေါင်းကော်မတီတစ် ရပ် ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ် ငန်းစဉ်များသည် လူနည်းစု တိုင်းရင်းသားပါတီများ၏ အသံ ပါဝင်ခွင့်ရစေရန် ဖန်တီးပေးထား ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘ဖွဲ့စည်းပုံအခြေခံဥပဒေပြု ပြင်ပြောင်းလဲဖို့ ဆွေးနွေးကြတဲ့ လူတွေထဲမှာ ကျွန်တော်တို့နိုင်ငံ ကြီး၊ ကျွန်တော်တို့ ပြည်ထောင်စု ကြီးကို ပြိုကွဲပါစေ၊ ပြိုကွဲအောင် လုပ်မယ်ဆိုတဲ့ ဆွေးနွေးချက်တွေ တစ်ခုမှမပါဘူးလို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ဘယ်လို ထိန်းသိမ်းကြမလဲ၊ ကောင်းမွန်တဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ဘယ်လိုသွားကြမလဲလို့ပဲ ဦး တည်ဆွေးနွေးပြီးတော့မှ ပြင်ဆင် လိုကြတာကိုပဲ တွေ့ရပါတယ်’’ ဟု ၎င်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီအစီ ရင်ခံစာကို လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၄၁ ဦးက နှစ်ရက် ကြာ ဆွေးနွေးပြီးနောက် ဆွေးနွေး မှုအစီအစဉ်များ ပြီးဆုံးခဲ့သည်။ ပါဝင်ဆွေးနွေးသည့် ကိုယ်စား လှယ်များသည် ပြည်ခိုင်ဖြိုးပါတီ မှ ၂၄ ဦး၊ ဒီချုပ်ပါတီဝင် ခြောက် ဦး၊ ရခိုင်အမျိုးသားပါတီမှ လေး ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်မှ သုံးဦးဖြစ်သည်။
ထို့အပြင် အမျိုးသားညီ ညွတ်သော ဒီမိုကရက်တစ်ပါတီ နှင့် တအာင်း(ပလောင်)အမျိုး သားပါတီဝင်တစ်ဦးစီနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်နှစ်ဦးလည်း ပါဝင်သည်။ ဆွေးနွေးမှုများအရ ပြည်ခိုင်ဖြိုးပါတီက အစီရင်ခံ စာပါလုပ်ငန်းစဉ်များကို ဆက် လက်ဆောင်ရွက်ရန် မသင့်ဘဲ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ ပြင်ဆင်ရန်တိုက်တွန်း သည်။
‘‘ယနေ့ သွားနေတာ အမျိုး သားရင်ကြားစေ့ရေးဆိုပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကို ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီ မလုပ်ဆောင်တဲ့အတွက် လူထုက လမ်းပေါ်တက်လာကြ သလို တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ဦးနဲ့ တစ်ဦးမယုံကြည်မှုတွေ၊ ကန့် ကွက်မှုတွေနဲ့ ပွတ်တိုက်မှုများ ဖြစ်ပွားလာနေတာ စိတ်သောက ရောက်စရာပါ’’ ဟု ပြည်ခိုင်ဖြိုး အမတ် ဦးသောင်းအေးကပြော သည်။
ကိုယ်စားလှယ်အချို့ကမူ အခြေခံဥပဒေပြင်ဆင်ရေးဆောင် ရွက်ရာတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကို လည်း ဖိတ်ကြားဆွေးနွေးသင့် ကြောင်း အကြံပြုသည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက စိတ်ခံစားမှုကို အခြေမခံ သင့်ကြောင်းနှင့် လူမျိုးစွဲ၊ပါတီစွဲ အစွန်းမရောက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်း ဦး စိုးသိန်းက ဆိုသည်။
လက်ရှိလွှတ်တော်တွင်း အ ခြေခံဥပဒေပြင်ဆင်ရန် အကြံပြု ချက်များအရ အသစ်ရေးဆွဲသည့် သဘောဖြစ်နေ၍ အခြေခံဥပဒေ အသစ်ရေးဆွဲရေး ကော်မရှင် တစ်ရပ်ကို ဥပဒေပညာရှင်၊ သမိုင်းပညာရှင်၊ တတ်သိပညာ ရှင်၊ တိုင်းရင်းသား ၁၃၅ မျိုးကိုယ် စားလှယ်များ၊နိုင်ငံရေးပါတီများ၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် များ၊ ငြိမ်းချမ်းရေးဆောင်ရွက်နေ သည့် လက်နက်ကိုင်အဖွဲ့များ၊ တောင်သူလယ်သမား၊ အလုပ် သမားကိုယ်စားလှယ်များ၊ လွှတ် တော်ကိုယ်စားလှယ်များ၊ အခြား ဖိတ်ကြားသင့်သည့် ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းဆောင် ရွက်သင့်သည်ဟု ၎င်းက ပြော သည်။
ဒီချုပ်အမတ် ဦးရည်မွန်(ခ) မောင်တင်သစ်ကမူ လက်ရှိ အ ခြေခံဥပဒေအရ အစိုးရသည်တိုင်း ရေးပြည်ရာကိစ္စများကို အပြည့် အ၀ တာဝန်ယူခွင့်မရဖြစ်နေပြီး တာဝန်ယူခွင့်နှင့် တာဝန်ခံမှုအ ပြည့်အ၀ရှိသော အစိုးရပေါ် ပေါက်လာမှသာ ဒီမိုကရေစီနိုင်ငံ ဟု ပြောနိုင်မည်ဖြစ်၍ အခြေခံ ဥပဒေကို ပြင်ဆင်သင့်သည်ဟုဆို သည်။
လက်ရှိတွင် အစီရင်ခံစာအ ပေါ် ကိုယ်စားလှယ်များက ဆွေး နွေးပြီးဖြစ်ရာ ပူးပေါင်းကော်မ တီက ပြန်လည်ရှင်းလင်းရန်နှင့် အစီရင်ခံစာကို အတည်ပြု၊ မပြု ဆုံးဖြတ်ရန် ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်များက ပြော သည်။ ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မည့်နေ့ရက်ကို ထပ်မံ ကြေညာမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက ဦး တီခွန်မြတ်က ယမန်နေ့ဆွေးနွေး မှုများအပြီးတွင်ပြောသည်။
=======================
251 / End
အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာ ဆွေးနွေးမှုများပြီးဆုံး ပြည်သူကိုမျက်နှာမူ၍ လက်တွေ့ကျကျပူးပေါင်း ဆောင်ရွက်ရန် တို
၂ ဩဂုတ် ၂၀၁၉ - ၁၇:၀၁
News ID: 966369
အခြေခံဥပဒေပြင် ဆင်နိုင်ရေးအတွက် တပ်မတော် နှင့် လက်ရှိအာဏာရဒီချုပ်ပါတီ ခေါင်းဆောင်များ ပြည်သူကို မျက်နှာမူ၍ ညှိနှိုင်းမှုဖြင့် လက် တွေ့ကျကျ ပူးပေါင်းဆောင်ရွက် ရန် တိုင်းရင်းသားပါတီများမှကိုယ် စားလှယ်များက လွှတ်တော် တွင် တိုက်တွန်းသည်။