အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်တွင် ဗိုလ် မှူးအဆင့် တာဝန်ထမ်းဆောင်ခဲ့ သည့် ရခိုင်တိုင်းရင်းသားတစ်ဦး က ရခိုင်လက်နက်ကိုင်အဖွဲ့(AA) သို့ ကူးပြောင်းတာဝန်ထမ်းဆောင် နေကြောင်း ပြောကြားသည့် ရုပ် သံဖိုင်ကို AA က ထုတ်ပြန်ရာ အဆိုပါ ဗိုလ်မှူးသည် သာသနာ့ ဘောင်ဝင်မည်ဟု အကြောင်းပြ ကာ တပ်မတော်မှခွင့်မဲ့ပျက် ကွက်နေသူဖြစ်သည်ဟု တပ်မ တော် သတင်းမှန်ပြန်ကြားရေးအ ဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၀၂ မှ ၂၀၀၄ ထိ စစ် တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄၇)သို့ တက်ရောက်သင်ကြားပြီး ၂၀၀၅မှ ၂၀၁၈ မတ်လအထိ တပ်မတော်သံချပ်ကာတပ်ရင်း၊ တင့်ကားတပ် ရင်းများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးအောင်မြင့်စိုးက ၎င်းအနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ရှိရေး ကြိုးပမ်း ရန် AAသို့ လာရောက်တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ရုပ် သံဖိုင်တွင် ပြောကြားသည်။
တပ်မတော်ထဲရှိ ရခိုင်တိုင်း ရင်းသားအရာရှိ စစ်သည်များအ နေဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ် ပွားနေသည့် ဒုက္ခများကို ကယ် တင်ရေးအတွက် AA နှင့် ပူးပေါင်း ရန် ဖိတ်ခေါ်ကြောင်း ၎င်းကဆို သည်။ AA က ထုတ်ပြန်သည့်အဆို ပါ ရုပ်သံဖိုင်ကို တွေ့ရှိကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယ မန်နေ့က 7Day Daily သတင်းစာ အားပြောကြားသည်။ ရုပ်သံဖိုင် ပါ ဗိုလ်မှူးအောင်မြင့်စိုးမှာ ၂၀၁၈ မတ်လတွင် သာသနာ့ ဘောင်သို့ ၀င်ချင်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ခွင့်မဲ့ပျက် ကွက်နေသူဖြစ်ကြောင်း၊ နောက် ပိုင်းတွင် AA အဖွဲ့က ဖမ်းသွားပြီး နောက် ယခုကဲ့သို့ ၀ါဒဖြန့်ခြင်းဖြစ် နိုင်ကြောင်း ၎င်းကသုံးသပ်သည်။
‘‘အရင်တုန်းကလည်း အဲဒီ လိုဖြစ်စဉ်တွေရှိခဲ့ဖူးတယ်။ ဖြစ် စဉ်တွေဆိုတာ AA အဖွဲ့နဲ့တော့ မဟုတ်ပါဘူး။ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေကနေပြီး တပ်ထဲက ထွက် သွားတဲ့ သူတွေကို ဖမ်းတာတွေရှိ တယ်။ ဖမ်းပြီး တပ်ထဲကနေ ထွက်လာပြီး သူတို့ထဲပဲဝင်ရောက် သလိုပုံစံမျိုး ၀ါဒဖြန့်တာတွေ ရှိခဲ့ ဖူးပါတယ်။ အဲဒီလို ၀ါဒဖြန့်မှုလို့ပဲ ကျွန်တော်တို့က ထင်ပါတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်တွင် ရခိုင်လူမျိုး အများအပြား စစ်မှုထမ်းဆောင် နေကြောင်း၊ လက်ရှိအချိန်ထိ လည်း ရခိုင်လူမျိုးများထဲမှ တပ် မတော်တွင် ဗိုလ်ချုပ်အဆင့်နှင့် အထက် တာဝန်ထမ်းဆောင်နေ သူများ ရှိကြောင်း၊ ရခိုင်ပြည်နယ် တွင် တာဝန်ထမ်းဆောင်နေသူ အများစုမှာ ရခိုင်လူမျိုးများဖြစ် ကြောင်း၊ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျနေသည့် တပ်မ တော်သားများစွာလည်း ရှိနေ ကြောင်း၊ စစ်မှုထမ်းရခိုင်တိုင်း ရင်းသားများအား AA သို့ ၀င်ရန် စည်းရုံးမှုကို စိုးရိမ်ခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။
‘‘စိုးရိမ်စရာမရှိပါဘူး။ ဒါက ၀ါဒဖြန့်မှုသပ်သပ်ပါ။ တပ်မ တော်ထဲမှာလည်း စစ်မှုထမ်း ဆောင်နေတဲ့အနေအထားမှာ ရခိုင်လူမျိုးစစ်မှုထမ်းတွေကကျန် တဲ့ တိုင်းရင်းသားတွေထက်များပါ တယ်။ သူတို့အနေနဲ့ တပ်မတော် နဲ့ နိုင်ငံတော် အပေါ်မှာ သစ္စာရှိရှိ စည်းစည်းလုံးလုံးနဲ့ စစ်မှုထမ်း ဆောင်လျက်ရှိပါတယ်’’ ဟု ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်များနှင့်ပတ်သက် ပြီး AA အဖွဲ့၏ သဘောထားမှတ် ချက်ရရှိရေးအတွက် အဖွဲ့ပြော ရေးဆိုခွင့်ရှိသူ ခိုင်သုခထံ သြဂုတ် ၃ရက်က အကြိမ်ကြိမ် ဆက် သွယ်ရာ အဆက်အသွယ်မရပေ။
ယခင်ကလည်း AA က ထွက်ပြေးလာပြီး ဥပဒေဘောင်သို့ ၀င်ရောက်လာသူများ ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။
တပ်မတော်နှင့် AA တို့အ နေဖြင့် အပြန်အလှန် ၀ါဒဖြန့်ချိ မှုများ လုပ်ဆောင်နေကြောင်း၊ ၀ါဒဖြန့်ချိမှု အရှိန်မြှင့်ခြင်းက စစ်ရေးအရှိန်ပိုမိုမြင့်လာစေနိုင် ကြောင်း၊ စစ်ရေးပဋိပက္ခများ တိုး ၍ဖြစ်ပွားပါက ဒေသခံ ပြည်သူ များအပြား ထိခိုက်နစ်နာမှုများပိုမို ကြုံတွေ့ရမည်ဖြစ်ကြောင်း လေ့ လာသူများက သုံးသပ်ပြောကြား ထားသည်။
=======================
251 / End
AA အဖွဲ့သို့ ရောက်ရှိနေသည့် တပ်မတော်အရာရှိ ခွင့်မဲ့ပျက်ကွက်ဖြင့် ထွက်ပြေးသူဖြစ်ကြောင်း တပ်မတော်ပြော ၀ါဒဖြန့်ပြီး တပ်မတော်ရှိ ရခု
၄ ဩဂုတ် ၂၀၁၉ - ၁၇:၃၄
News ID: 966915
တပ်မတော်တွင် ဗိုလ် မှူးအဆင့် တာဝန်ထမ်းဆောင်ခဲ့ သည့် ရခိုင်တိုင်းရင်းသားတစ်ဦး က ရခိုင်လက်နက် ကိုင်အဖွဲ့(AA) သို့ ကူးပြောင်းတာဝန်ထမ်းဆောင် နေကြောင်း ပြောကြားသည့် ရုပ် သံဖိုင်ကို AA က ထုတ်ပြန်ရာ အဆိုပါ ဗိုလ်မှူးသည်သာသနာ့ဘောင်ဝင် မည်ဟု အကြောင်းပြ ကာ တပ်မတော်မှခွင့်မဲ့ပျက် ကွက်နေသူဖြစ်သည်ဟု တပ်မ တော် သတင်းမှန်ပြန် ကြားရေးအ ဖွဲ့မှဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောကြား သည်။