
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်မြောက် ပိုင်းအရေးနှင့်ပတ်သက်၍ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းတို့ သြဂုတ် ၁၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံအပေါ် ဖိအား ပေးသည့် တစ်ဖက်သတ်ဆောင် ရွက်မှုများကို တရုတ်က လက် မခံဘဲ မြန်မာနိုင်ငံဘက်မှရပ် တည်ဆောင်ရွက်နေမှုအခြေအ နေများကိုတွေ့ဆုံစဉ်ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက် ၌ဖော်ပြသည်။
ရခိုင်ဒေသတွင် နေရပ် စွန့်ခွာသူများကို နှစ်နိုင်ငံသဘော တူညီချက်နှင့်အညီ ပြန်လည် လက်ခံရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ရန်လိုအပ် သည့်အခြေအနေများနှင့် နေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံ ရာတွင် ဒေသလုံခြုံရေးနှင့်အေး ချမ်းမှုရှိရန် ဆွေးနွေးခဲ့သည်ဟု ဆက်လက်ဖော်ပြသည်။
ထို့အပြင် ပြည်တွင်းငြိမ်း ချမ်းရေးနှင့်ပတ်သက်၍ တရုတ် နိုင်ငံက ကူညီဆောင်ရွက်ပေးနေ သည့်အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တပ်မတော် က စိတ်ရှည်သည်းခံစွာဖြင့်အပစ် အခတ်ရပ်စဲပေးထားချိန်တွင် တိုး တက်မှုများရရှိရန် လိုအပ်သည့် အခြေအနေများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တ ရုတ်အထူးကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
တပ်မတော်၏ငြိမ်းချမ်းရေး မူဝါဒခြောက်ရပ်နှင့် မြန်မာနိုင်ငံ ၏ ပကတိဖြစ်ရပ်မှန်များကို နား လည်သဘောပေါက်ရန် လိုအပ် ပြီး မြန်မာနို်င်ငံ၏ ပကတိအခြေ အနေများကို အလေးထားရန် လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထည့်သွင်းဆွေးနွေး သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာရှရေးရာအထူးကိုယ်စား လှယ်သည် သြဂုတ် ၁၃ ရက်တွင် နေပြည်တော်၌ ပြည်ထောင်စုအ ဆင့်အဖွဲ့အစည်းဝင်အချို့နှင့် လည်း သီးခြားတွေ့ဆုံခဲ့သည်။
=======================
End / 251