အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အ တွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေ ရသူများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ တိုက်ပွဲရှောင် ပြည်သူ များအတွက် ကုလသမဂ္ဂအဖွဲ့အ စည်းများ၏ အကူအညီဖြင့် ကန် ဒေါ်လာ ၁၂ ဒသမ ၂ သန်းဖိုး ထောက်ပံ့ရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သည်။
အဆိုပါ ဒေသများတွင် လူ သားချင်းစာနာထောက်ထားမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ရန် ကုလအဖွဲ့အစည်းများက အစိုးရထံ မူကြမ်းရေးဆွဲတင်ပြထား ကြောင်း ၎င်းကဆိုသည်။
အစီအစဉ်အတွင်း အစား အသောက်လုံခြုံမှု၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေး၊ ပညာရေး စသည့်လုပ်ငန်းများကို ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်တွင်း အစိုးရမဟုတ်သည့် အ ဖွဲ့အစည်းများနှင့် မြန်မာအစိုးရ တို့၏ ပူးပေါင်းဆောင်ရွက်မှု ပါဝင်သည်ဟု ၀န်ကြီးက ရှင်းပြသည်။
‘‘တိုက်ပွဲရှောင် ပြည်သူများ ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကူညီဆောင်ရွက်ပေးလျက် ရှိပါ တယ်’’ဟု ဒေါက်တာဝင်းမြတ် အေးက ပြောသည်။
လျာထားသတ်မှတ်ထား သည့် ကန်ဒေါ်လာ ၁၂ ဒသမ ၂ သန်းအနက် ငါးသန်းရရှိထားပြီး အသေးစိတ်လုပ်ငန်းအစီအစဉ် များကိုမူ ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမတ်ဦးဝှေ့တင်းက ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များအတွက် ကူညီထောက်ပံ့မှုများပေးရန် ယမန်နေ့ အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်း စဉ် ၀န်ကြီးက ထိုသို့ ပြန်လည်ဖြေ ကြားခြင်း ဖြစ်သည်။
လက်ရှိတွင်လည်း ပလက်ဝ မြို့နယ် တိုက်ပွဲရှောင်ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေး နှင့် ရေရှည်ဘ၀ရပ်တည်နိုင်ရေး ဆိုင်ရာ အသိပညာပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးနေကြောင်း ၀န်ကြီးက ပြောသည်။
မြန်မာ့တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ချင်း ပြည်နယ် ပလက်ဝမြို့နယ်တွင် ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၉ သြဂုတ် ၂၀ ရက်အထိ တိုက်ပွဲရှောင် အိမ် ထောင်စု ၂၂၅ စုနှင့် လူဦးရေ တစ်ထောင်ကျော်ရှိကြောင်း ၎င်းက ပြောသည်။
ထို့အတူ တစ်နိုင်ငံလုံးရှိ နေ ရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း)ကိုလည်း ၀န်ကြီးဌာနက ရေးဆွဲထားကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။
====================================
END / 251
ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများသို့ ကုလအကူအညီဖြင့် ကန်ဒေါ်လာ ၁၂ သန်းကျော်ဖိုး ထောက်ပံ့မည်
၃၀ ဩဂုတ် ၂၀၁၉ - ၁၆:၁၄
News ID: 972705
ရခိုင်ပြည်နယ်အ တွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေ ရ သူများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ တိုက်ပွဲ ရှောင် ပြည်သူ များအတွက် ကုလသမဂ္ဂအဖွဲ့အ စည်း များ၏ အကူအညီဖြင့် ကန် ဒေါ်လာ ၁၂ ဒသမ ၂ သန်း ဖိုး ထောက်ပံ့ရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သည်။