အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည့် တနင်္သာရီ မြို့နယ်တွင် တစ်ကျော့ပြန် မြစ် ရေကြီးမှုကြောင့် လူနှစ်ထောင်ခန့် ထပ်မံရေဘေးသင့်ပြီး ယာယီ ကယ်ဆယ်ရေးစခန်း ငါးခု၌ လူ ၃၀၀ ခန့် ခိုလှုံနေရသည်။
တနင်္သာရီတိုင်းအတွင်း မိုး ကြီးမှုကြောင့် သြဂုတ် ၃၀ရက် တွင် တနင်္သာရီမြစ်ရေသည် စိုး ရိမ်ရေမှတ် ၁၇ ပေကျော်၍ ၂၀ ပေ၊ သုံးလက်မအထိ ရောက်ရှိ ခဲ့ပြီး ဒုတိယအကြိမ် ရေဘေးကြုံ တွေ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြို့နယ်အတွင်း အနိမ့်ပိုင်း ကျေးရွာ ၁၀ ရွာနှင့် မြို့ပေါ်ရပ်ကွက်နှစ်ခု ဒုတိယအ ကြိမ် ရေကြီးနစ်မြုပ်နေသည်ဟု တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးရဲမြင့်ဆွေက ပြောသည်။
ကယ်ဆယ်ရေးစခန်းရောက် ရေဘေးသင့်ပြည်သူများနှင့် မြို့ နယ်အတွင်း ရေဘေးသင့်ရာဒေ သများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများဖြန့်ဝေပေးနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ၎င်းက ရှင်းပြသည်။
‘‘ဒီနေ့အနေအထားနဲ့တော့ ရေအများကြီး တိုးတာမျိုးတော့ မရှိဘူး။ ပြီးခဲ့တဲ့ရက်ကတော့ တော်တော်တိုးတယ်။ ကယ်ဆယ် ရေးစခန်း ငါးခုဖွင့်ထားတယ်။ လောလောဆယ်ပြောင်းလာတဲ့ သူတွေရှိနေတယ်’’ ဟု ဦးရဲမြင့် ဆွေက ဆိုသည်။
သြဂုတ်လဆန်းကစ၍ တနင်္သာရီတိုင်းအတွင်း မိုးကြီးမှု ကြောင့် တနင်္သာရီမြစ်ရေသည် သြဂုတ် ၆ ရက်ကစ၍ စိုးရိမ်ရေ မှတ်ကျော်ခဲ့ပြီး သြဂုတ် ၁၃ ရက် တွင် အန္တရာယ်ရေမှတ် ၂၄ ပေကို ကျော်၍ ၂၆ ပေခန့်အထိ ရောက် ရှိခဲ့ရာ မြို့နယ်ရှိလူဦးရေ၏လေးပုံ တစ်ပုံဖြစ်သော လူနှစ်သောင်းခွဲ ခန့် ရေဘေးသင့်ခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်တနင်္သာ ရီမြစ်ရေကြီးမှုတွင် ကူညီကယ် ဆယ်ရေးဆောင်ရွက်နေသည့် တပ်မတော်သားတစ်ဦး ရေစီးနှင့် အတူမျောပါ သေဆုံးခဲ့သည်။
====================================
END / 251
၃၁ ဩဂုတ် ၂၀၁၉ - ၁၈:၀၇
News ID: 972928
ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသည့်တနင်္သာရီ မြို့နယ်တွင် တစ်ကျော့ပြန် မြစ် ရေကြီးမှုကြောင့်လူနှစ် ထောင်ခန့်ထပ်မံရေဘေးသင့်ပြီးယာယီကယ်ဆယ်ရေး စခန်း ငါးခု၌ လူ ၃၀၀ ခန့် ခိုလှုံနေရသည်။