အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေမူ ကြမ်းတစ်ရပ် ပြုစုရာတွင် လျှို့ ၀ှက်မဲပေးစနစ် အသုံးမပြုခြင်း ကြောင့် အခြေခံဥပဒေပြင်ဆင် ရေး ၄၅ ဦး ပူးပေါင်းကော်မတီမှ နုတ်ထွက်ရန် ယမန်နေ့၌ ကော်မတီဥက္ကဋ္ဌထံ စာတင်ခဲ့ကြောင်း ယင်းကော်မတီဝင် မအူပင်အမတ်ဦးစိန်ဝင်းက ပြောသည်။
ဒီချုပ်ပါတီဝင် အမတ် ဟောင်း ဦးစိန်ဝင်းသည် အချိုးကျဖွဲ့စည်းမှုအရ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဝင် ကိုယ်စားလှယ်အဖြစ် ပူးပေါင်းကော်မတီ၌ ပါဝင်နေပြီး ဩဂုတ် ၂၉ ရက်က ပြုလုပ်သည့် ကော်မတီအစည်းအဝေးအတွင်း မဲခွဲဆုံးဖြတ်ဆောင်ရွက်မှု အခြေအနေအရ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သတင်းထောက်များအား ပြောသည်။
သြဂုတ် ၂၉ ရက်က ပြုလုပ် သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအ ဝေးတွင် လွှတ်တော်တွင်း အစု အဖွဲ့အလိုက် တင်သွင်းထားသည့် အကြံပြုချက် ၃,၇၀၀ ကျော်ကို အခြေခံ၍ အခြေခံဥပဒေ ပြင် ဆင်သည့် ဥပဒေကြမ်းတစ်ရပ် ပြုစုရန် အဆုံးအဖြတ်ရယူမှု စတင်ခဲ့သည်။ အခြေခံဥပဒေအခန်း(၁)ပါ အချက်ခြောက်ချက်ကို ပြင်ဆင်ထားသည့် အကြံပြုချက်များနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ ဒီချုပ်ပါတီက တင်သွင်းထားသည့် အချက်များကိုသာ အတည်ပြုခဲ့ကြောင်း ဦးစိန်ဝင်းကဆိုသည်။
မဲခွဲဆုံးဖြတ်ခြင်းမပြုမီ လျှို့ ၀ှက်မဲပေးစနစ် ကျင့်သုံးရန် တင် ပြတောင်းဆိုသော်လည်း ငြင်း ပယ်ခံရပြီး လက်ညှိုးထောင် မဲပေးသည့် စနစ်ကိုသာ ကျင့်သုံးခဲ့ ကြောင်း ၎င်းကပြောသည်။
‘‘ဒီလိုမျိုး လက်ညှိုးထောင် ပြီးတော့ မဲခွဲရင် ပါတီရဲ့လွှမ်းမိုးမှုအတိုင်းပဲ ဖြစ်သွားမယ်။ ဒီပုံစံ အတိုင်းဆိုရင် ဖွဲ့စည်းပုံပြင်တာ ဟာ NLD အလိုကျ ပြင်တဲ့သဘောသက်ရောက်တယ်’’ ဟု ဦးစိန်ဝင်းကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး မူကြမ်းတစ်ရပ် ပြုစုရာ တွင် ပူးပေါင်းကော်မတီ၏ ဦး တည်ချက်များအပေါ် လိုက်နာမှု အားနည်းခြင်း၊ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည် ထောင်စုဖြစ်ရန် ဖြည့်ဆည်းပေး နိုင်မှုအားနည်းခြင်း စသည်တို့ ကြောင့် အနာဂတ်သမိုင်းတရားခံ မဖြစ်လို၍ နုတ်ထွက်ခွင့်ပြုရန် ဦးစိန်ဝင်း၏ နုတ်ထွက်စာ၌ ဖော်ပြထားသည်။
အချိုးကျ တွက်ချက်ပါဝင် ခွင့်အရ အခြေခံဥပဒေပြင်ဆင် ရေး ၄၅ ဦး ပူးပေါင်းကော်မတီ တွင် ဒီချုပ်ပါတီဝင် ၁၈ဦး၊ တပ်မ တော်သားရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် နှစ်ဦးစီ၊ ကျန်ပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးစီပါဝင်သည်။ ကော်မတီအစည်းအဝေးအတွင်း ဆုံးဖြတ်ရမည့် အကြောင်းအရာများကို အစည်းအဝေး တက်ရောက်သော ကော်မတီဝင်များ ရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်ဟု သတ်မှတ်ထားသည်။
လက်ရှိတွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များက ကော် မတီတွင်း ဆုံးဖြတ်ချက်များ၌ မဲ ပေးခြင်းမရှိပေ။ ကော်မတီသည် တာဝန်ပေးချက်၊ ညွှန်ကြားချက် များအတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဦးစိန်ဝင်း နုတ်ထွက်မှုအပေါ် သတင်းထောက်များ၏ မေးမြန်းမှုကို ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က တုံ့ပြန် ဖြေကြားသည်။
‘‘နုတ်ထွက်ခွင့်ပြုတယ်၊ မပြု တယ်ဆိုတာက ဘယ်အပေါ်မှာ မူတည်လဲဆိုတော့ လွှတ်တော်မှာ ပဲ မူတည်ပါတယ်။ လွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။ အန် ကယ့်ကို တင်ပြလို့မရပါဘူး’’ဟု ၎င်းကဆိုသည်။ ဦးစိန်ဝင်းသည် နုတ်ထွက်စာတင်ပြီးနောက် ယ မန်နေ့က ပြုလုပ်သည့် ပူးပေါင်း ကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်းမရှိပေ။
နုတ်ထွက်စာ တင်ပြခြင်းနှင့်ပတ်သက်၍ ကော်မတီအစည်း အဝေးအတွင်း ဆွေးနွေးဆုံးဖြတ် မှု တစ်စုံတစ်ရာမရှိဘဲ ပြည် ထောင်စုလွှတ်တော် နာယကထံ ဆက်လက်တင်ပြမည်ဟု ကော်မ တီ တာဝန်ရှိသူများက ရှင်းလင်း ထားကြောင်း ယမန်နေ့အစည်းအ ဝေးတက်ရောက်သည့် ကိုယ်စား လှယ်များက ပြောသည်။
ရခိုင်အမျိုးသားပါတီက လည်း လက်ရှိအခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီအ တွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပါတီခေါင်းဆောင် များကြား ပြန်လည်သုံးသပ်ဆွေး နွေးနေပြီး မည်သို့ဆောင်ရွက်မည်ကို လတ်တလော မပြောနိုင်သေးကြောင်း ယင်းပါတီဝင် ကိုယ်စားလှယ် ဦးဖေသန်းက ပြော သည်။
‘‘ကျွန်တော်တို့ဘက်က စိတ် ရှည်လက်ရှည်သည်းခံပြီးတော့ အခုထိ ပါဝင်နေတုန်းဖြစ်ပါ တယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေ က ဒီထက်ထူးလာဖို့မရှိဘူး။ ဒီအ တိုင်းပဲ သွားနေမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း ဒီအ ပေါ်မှာ သုံးသပ်ပြီး တစ်ခုခုလုပ်ရ မှာပေါ့’’ဟု ၎င်းကဆိုသည်။
လက်ရှိအခြေအနေအရ NLD ပါတီက တင်သွင်းထား သည့် အကြံပြုချက်များကိုသာ မူကြမ်း၌ ထည့်သွင်းရန် အတည် ပြုနိုင်ပြီး NLD ကသဘောမတူပါ က အခြားပါတီများ၏ အဆိုပြု ချက်များကို ထည့်သွင်းရေးအ တည်ပြုနိုင်ရန် မလွယ်ကူကြောင်း ပူးပေါင်းကော်မတီဝင်တွင် ပါဝင် သည့် တစ်သီးပုဂ္ဂလကိုယ်စား လှယ်ဦးတင်အောင်ထွန်းက မှတ် ချက်ပြုသည်။
‘‘အခုအတိုင်းပဲ ဆက်သွား မယ်ဆိုရင် တိုင်းရင်းသားပါတီ တွေနဲ့ တခြားပါတီတွေရဲ့ပြင်ဆင် ဖို့အဆိုပြုချက်တွေက အင်အား များတဲ့ ပါတီရဲ့သဘောဆန္ဒအ တိုင်းပဲဖြစ်နေတော့မှာ။ ပြင်ချင် တာဆိုလည်း သူတို့ဆန္ဒအတိုင်း၊ မပြင်ချင်ဘူး ထားချင်တယ်ဆို လည်း သူတို့သဘောအတိုင်းပဲ ဖြစ်သွားမှာပဲ’’ဟု ၎င်းကပြော သည်။
သို့သော် ပူးပေါင်းကော်မတီ တွင် ပါဝင်သည့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးပူဂင့်ကမ်း လျန်ကမူ လတ်တလောပူးပေါင်း ကော်မတီ၏ ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ စိုးရိမ်မှုမရှိဟု ပြောသည်။
‘‘NLD ရဲ့ သဘောထားက တော့ အများကြီးပါမှာပေါ့။ ကျွန် တော်တစ်ယောက်တည်းအနေနဲ့ တော့ NLD လည်း တိုင်းရင်းသား များအပေါ်မှာ ဒီလောက်ကြီး ရက် ရက်စက်စက်လုပ်လိမ့်မယ်လို့ မထင်ပါဘူး။ လိုက်လျောသင့် တာကတော့ လိုက်လျောမှာပါ’’ ဟု ၎င်းကပြောသည်။
====================================
END / 251
၃ စက်တင်ဘာ ၂၀၁၉ - ၁၈:၅၀
News ID: 973555
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေမူ ကြမ်း တစ်ရပ် ပြုစုရာတွင် လျှို့ ၀ှက်မဲပေးစနစ် အသုံးမပြု ခြင်း ကြောင့် အခြေခံဥပဒေပြင်ဆင် ရေး ၄၅ ဦး ပူး ပေါင်းကော်မတီမှ နုတ်ထွက်ရန် ယမန်နေ့၌ ကော်မတီ ဥက္ကဋ္ဌထံ စာတင်ခဲ့ကြောင်း ယင်းကော်မတီဝင် မအူပင် အမတ်ဦးစိန်ဝင်းက ပြောသည်။