၄ စက်တင်ဘာ ၂၀၁၉ - ၁၆:၅၇
အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီဝင်အမတ်နှစ်ဦး ထပ်မံနုတ်ထွက်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် ၍ အနိုင်ရပါတီ၏ သဘောထားကိုသာအတည်ပြုဆုံး ဖြတ်သည့် စနစ်ဖြစ်နေသည်ဆိုကာအဖွဲ့ဝင် ၄၅ ဦးပါ ပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီဝင် ကိုယ် စားလှယ်နှစ်ဦး ယမန်နေ့က နုတ် ထွက်စာတင်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် ၍ အနိုင်ရပါတီ၏ သဘောထား ကိုသာ အတည်ပြုဆုံးဖြတ်သည့် စနစ်ဖြစ်နေသည်ဆိုကာအဖွဲ့ဝင် ၄၅ ဦးပါ ပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီဝင် ကိုယ် စားလှယ်နှစ်ဦး ယမန်နေ့က နုတ် ထွက်စာတင်သည်။

ကော်မတီတွင် ဆက်လက် ပါဝင်ဆောင်ရွက်ရန် မသင့် တော့ကြောင်း ပါတီခေါင်းဆောင် များ၏ ဆုံးဖြတ်ချက်အရ နုတ် ထွက်ခွင့်ပြုရန် စက်တင်ဘာ ၃ ရက်က ကော်မတီဥက္ကဋ္ဌထံ စာ ဖြင့် တင်ပြကြောင်း ရခိုင်အမျိုး သားပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က သတင်းထောက်များအား ပြောသည်။

‘‘ကော်မတီထဲမှာက ကျွန် တော်တို့ တင်ပြလို့တော့ရတယ်။ တင်ပြချက်တွေအပေါ် Action တော့ မရှိဘူး။ အဲဒီတော့ လုပ်ရ ကိုင်ရတာ ခက်တာပေါ့။ ကော် မတီသက်တမ်းမကုန်သေးတဲ့အ တွက် လျှို့ဝှက်ထားရမယ်ဆိုတဲ့ ကိစ္စတွေရှိနေတဲ့အတွက် ကျန် တာတွေ မပြောတော့ဘူး’’ဟု ၎င်း က ဆိုသည်။

ထို့ကြောင့် လွှတ်တော်တွင်း ပါတီ၊ အစုအဖွဲ့များ၏ အခြေခံ ဥပဒေပြင်ဆင်ရေးအဆိုပြုချက် များနှင့် ပတ်သက်၍ ဩဂုတ် ၂၉ ရက်က ပူးပေါင်းကော်မတီအ တွင်း အဆုံးအဖြတ်ခံယူမှုများ စတင်ပြီးနောက် ကော်မတီမှ နုတ်ထွက်ရန် တင်ပြသူ သုံးဦးရှိလာ သည်။ ပူးပေါင်းကော်မတီတွင် ရခိုင်အမျိုးသားပါတီဝင် ကိုယ် စားလှယ်နှစ်ဦးသာ ပါဝင်ခွင့်ရရှိ ရာ ၎င်းတို့နုတ်ထွက်စာတင်ခြင်း သည် ဒီချုပ်က ဦးဆောင်သော လက်ရှိ အခြေခံဥပဒေပြင်ဆင် ရေး လုပ်ငန်းစဉ်၌ ရခိုင်အမျိုးသား ပါတီက မပါဝင်တော့မည့် သဘောလည်းဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဆိုပြု ချက်များကို ဆုံးဖြတ်ချက်ချမှတ် သည့်စနစ်သည် အနိုင်ရအင်အား ကြီး ပါတီ၏ သဘောထားအဆိုပြု ချက်များကိုသာ မဲအသာစီးဖြင့် အတည်ပြုဆုံးဖြတ်သည့်စနစ်ဖြစ်နေကြောင်း ရခိုင်အမျိုးသားပါတီ က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၌ တိုင်းရင်း သားပါတီများ လိုလားသည့် စစ် မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍ သည် ပီပြင်စွာ ပါဝင်နိုင်ရန် အခြေ အနေမရှိတော့သည့်အပြင် ဗဟို ချုပ်ကိုင်မှုစနစ်ကျင့်သုံးပြီး လက် ရှိအာဏာရပါတီ၏ တည်မြဲရေး ကိုသာ ရည်ရွယ်နေကြောင်း တွေ့ မြင်လာရသည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ပြင်ဆင်ရေး ပူးပေါင်းကော် မတီမှ စတင်နုတ်ထွက်သူ ဦးစိန် ဝင်းကလည်း ကော်မတီအတွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ရာ၌လျှို့ဝှက်မဲပေးသည့်စနစ် မကျင့် သုံးခြင်းကို ဝေဖန်ပြီး အာဏာရဒီချုပ်ပါတီအလိုကျ ပြင်ဆင်နိုင် ရေး ဆောင်ရွက်နေကြောင်း စွပ်စွဲ ထားသည်။

ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကမူ ကော်မတီ တွင်း ဆောင်ရွက်ချက်များသည် တာဝန်ပေးချက်၊ ညွှန်ကြားချက် များအတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ကော်မတီဝင်များ နုတ် ထွက်ခြင်းနှင့် ပတ်သက်၍ ပြည် ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ပြောထားသည်။ နုတ် ထွက်စာတင်ပြမှုများနှင့် ပတ်သက်၍ မည်သို့ဆက်လက်ဆောင် ရွက်မည်ဆိုသည်မှာ မရှင်းလင်း သေးပေ။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် လွှတ် တော်တွင်း ပါတီ၊ အစုအဖွဲ့များ တင်သွင်းသည့်   အကြံပြုချက် ၃,၇၀၀ ကျော်ကို အခြေခံ၍ ဥပဒေမူကြမ်းတစ်ရပ်ပြုစုရန် ဩဂုတ် ၂၉ ရက်က စတင်ရာ အခန်း (၁) ပါ အချက်ခြောက်ချက်ကို အတည်ပြု အဆုံးအဖြတ်ယူပြီးဖြစ်သည်။

ထိုသို့ အဆုံးအဖြတ်ခံယူရာ တွင် လျှို့ဝှက်မဲပေးစနစ်ကျင့်သုံး ရန် တောင်းဆိုသော်လည်း လက်ထောင်မဲပေးသည့်စနစ်သာ ကျင့် သုံးခဲ့ကြောင်း ကော်မတီမှ နုတ် ထွက်သူများက ပြောသည်။ သို့ သော် စက်တင်ဘာ ၂ ရက်က ကျင်းပသည့် အစည်းအဝေးတွင် လျှို့ဝှက်မဲပေးစနစ်သာ ကျင့်သုံး ရန် ပြန်လည်ဆုံးဖြတ်ကြောင်းဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးပူဂင့်ကမ်းလျန်က ပြောသည်။

 ပူးပေါင်းကော်မတီတွင် ကိုယ်စားလှယ်နှစ်ဦး ပါဝင်ခွင့်ရရှိ ထားပြီး အခြေခံဥပဒေပြင်ဆင် ရန် အဆိုပြုချက် အများဆုံးတင် ထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေ ဖြင့်လည်း ကော်မတီ၏ လက်ရှိ ဆောင်ရွက်ချက်များအပေါ် မကျေလည်မှုများ ရှိနေသည်။ သို့ သော် တတ်နိုင်သမျှ ဆက်လက် ပူးပေါင်းပါဝင်၍ ပါတီ၏ သဘော ထား တင်ပြနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ယင်းပါတီ အထွေ ထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောသည်။

‘‘ကျွန်တော်တို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုက အရာမထင်နိုင် လောက်တော့ဘူး၊ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လည်း အကျိုးမရှိလောက်တော့ ဘူးဆိုတဲ့အခါကျရင်တော့ တစ် မျိုးစဉ်းစားရမှာပေါ့’’ဟု ၎င်းက ပြောသည်။

====================================

END / 251