
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာအလုပ်သမားများ ကို တိုးမြှင့်ခေါ်ယူရန် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က တောင်ကိုရီးယား သမ္မတခရီးစဉ်တွင် တောင်းဆို ခဲ့ကြောင်း အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးသိန်းဆွေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယားသမ္မတမွန်ဂျေ အင်တို့ နေပြည်တော်၌ တွေ့ဆုံ စဉ် မြန်မာအလုပ်သမားများခေါ် ယူရေးကိစ္စ ထည့်သွင်းဆွေးနွေး ခြင်းကြောင့် မကြာမီအခွင့် အလမ်းများ တိုးမြှင့်ရရှိလာနိုင် မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
‘‘ကိုရီးယားဘက်ကလည်း မြန်မာနိုင်ငံက လုပ်သားတွေဟာ အလုပ်ကြိုးစားတယ်၊ လုပ်ငန်း ခွင်မှာ စည်းကမ်းရှိတယ်၊ အမိန့် နာခံမှုရှိတယ်ဆိုတာကို သူတို့က အသိအမှတ်ပြုပါတယ်။ ဒါ ကြောင့်မို့လို့ ရှေ့ကာလမှာမြန်မာ နိုင်ငံရဲ့ အလုပ်သမားတွေကို ကိုရီးယားနိုင်ငံက ပိုမိုပြီးတော့ ခေါ်ဆောင်လာမယ်လို့ ယုံကြည် ပါတယ်’’ ဟု ဦးသိန်းဆွေက ပြောသည်။
တောင်ကိုရီးယားနိုင်ငံသည် မြန်မာအလုပ်သမားများကို နှစ် နိုင်ငံအစိုးရချင်းသဘောတူညီမှု လုပ်သားခေါ်ယူခြင်းစနစ်ဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။
လက်ရှိတွင် ကုန်ထုတ်နှင့် ဆောက်လုပ်ရေးကဏ္ဍအတွက် စာမေးပွဲအောင်မြင်ပြီးသည့်လုပ် သား ၅,၀၀၀ ကျော်ရှိနေခြင်း ကြောင့်ဆိုကာ ယခုနှစ်တွင် ပြု လုပ်ရမည့် (၁၃)ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်း စစ်စာမေးပွဲ (EPS-TPIK)ကို ပြု လုပ်ခြင်းမရှိပေ။
သို့သော် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် အောင်မြင်ပြီးလုပ်သား ဦးရေ ခုနစ်ဦးသာရှိတော့သဖြင့် ယင်းလုပ်ငန်းတစ်ခုတည်းအ တွက်ရည်ရွယ်သည့်စာမေးပွဲကို မကြာမီပြုလုပ်ရန် စီစဉ်နေသည် ဟု ဦးသိန်းဆွေက ဆိုသည်။
‘‘ရှေ့နှစ်လ၊သုံးလအတွင်း တော့ဖြစ်နိုင်ပါတယ်။ အသေး စိတ်ကိုတော့ ကိုရီးယားနဲ့ညှိနှိုင်း နေပါတယ်’’ ဟု ၎င်းကပြော သည်။
တောင်ကိုရီးယားနိုင်ငံသည် နှစ်စဉ် မြန်မာအလုပ်သမားဦးရေ လေးထောင်ခန့်ခေါ်ယူပြီး ယင်း နိုင်ငံသို့ ရောက်ရှိလုပ်ကိုင်နေ သည့် လုပ်သားဦးရေငါးသောင်း ကျော်ရှိကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနစာရင်း များက ဆိုသည်။
====================================
END / 251