၇ စက်တင်ဘာ ၂၀၁၉ - ၁၈:၃၃
အလုပ်သမားကိစ္စများဖြေရှင်းရေး ဒိန်းမတ်နိုင်ငံနှင့် ၂၀၂၀ အထိ ပူးပေါင်းဆောင်ရွက်မည်

အလုပ်ရှင်၊ အ လုပ်သမားအငြင်းပွားမှုများနှင့်လုပ်ငန်း ခွင်ဘေးအန္တရာယ် ကင်း ရှင်းရေးဆိုင်ရာ ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၀ အထိအကျုံးဝင် မည့် စီမံကိန်း ဒုတိယပိုင်းကို ဒိန်းမတ်နှင့် မြန်မာ နိုင်ငံ ကြား စက်တင်ဘာ ၅ ရက်ကသဘောတူလက်မှတ် ရေးထိုးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အလုပ်ရှင်၊ အ လုပ်သမားအငြင်းပွားမှုများနှင့်   လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်း ရှင်းရေးဆိုင်ရာ ကဏ္ဍများတွင်  ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၀  အထိအကျုံးဝင်မည့် စီမံကိန်း ဒုတိယပိုင်းကို ဒိန်းမတ်နှင့် မြန်မာ  နိုင်ငံကြား စက်တင်ဘာ ၅ ရက်ကသဘောတူလက်မှတ် ရေးထိုးခဲ့သည်။

 ဒုတိယပိုင်းအဖြစ်ဆောင် ရွက်မည့် စီမံကိန်းတွင် စက်မှုဇုန် ကဏ္ဍများ၊ စိုက်ပျိုးရေးကဏ္ဍများ၊   ဆောက်လုပ်ရေးကဏ္ဍနှင့် အ ခြားအလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံးပွင့်ဆိုင်ဖြေရှင်းဆောင် ရွက်ရန်လိုအပ်မည့် ကဏ္ဍများပါ ၀င်သည်ဟု စက်တင်ဘာ ၅ ရက် ကနေပြည်တော်ရှိ M - Gallery  ဟိုတယ်၌ ပြုလုပ်သည့်အခမ်း  အနားမိန့်ခွန်းတွင် အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးသိန်းဆွေကပြော ကြားသည်။

‘‘ဒီနေ့လက်မှတ်ရေးထိုးတဲ့ အချက်အလက်တွေကို ဆောင် ရွက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့  မဟာဗျူဟာကျတဲ့အလုပ်သမား  ဈေးကွက်တစ်ခုဟာ ပိုမိုပြီးတော့ မှ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာ မယ်၊   ပြည့်စုံလာမယ်လို့ယုံကြည် ပါတယ်။  ယူဆပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။

အလုပ်သမားကိစ္စရပ်များ ဖြေရှင်းရန် ၂၀၁၅ ဇူလိုင် ၇ ရက် ကဒိန်းမတ်နှင့် မြန်မာနှစ်နိုင်ငံနားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ သည်။  နိုင်ငံအတွင်းရှိ လုပ်ငန်း ခွင်များ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးကဏ္ဍမြှင့် တင်နိုင်ရေးကဏ္ဍ အလိုက်ပူး ပေါင်းဆောင်ရွက်ရန် ၂၀၁၆ မှ ၂၀၁၈ အထိ ပထမပိုင်းအဖြစ်  ဒိန်းမတ်နှင့် နှစ်နိုင်ငံပူးပေါင်း  ဆောင်ရွက်ခဲ့သည်။

ယမန်နေ့က လက်မှတ်ရေး  ထိုးသည့် ဒုတိယအကြိမ်တွင်ထူး ခြားမှုအဖြစ် အလုပ်ရှင်၊ အလုပ် သမား၊  အစိုးရများ၏ ညှိနှိုင်းဆွေး နွေးပွဲများ ပိုမိုအားကောင်းလာစေ ရန် ဦးစားပေးဆောင်ရွက်မည့် အပြင်အငြင်းပွားမှုများအတွက် လည်း သုံးပွင့်ဆိုင်ညှိနှိုင်း ဆောင် ရွက်မည့် ကဏ္ဍများပါဝင်သည်ဟု ပြည်ထောင်စုဝန်ကြီးသိန်းဆွေကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရောက် ရှိလာရေးအခြားအရေးကြီးသည့် ကဏ္ဍများစွာရှိသည့်အနက် အဓိ ကကျသည့် နိုင်ငံအေးချမ်းသာ ယာမှု၊ အလုပ်သမားများ၏ စွမ်း ဆောင်ရည်မြင့်မားမှုနှင့်   လုပ် ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း မှုဟူသည့် ကဏ္ဍများသည် အဓိ ကစဉ်းစားရမည့်အချက်များ ဖြစ် သည်ဟု ပြည်ထောင်စုဝန်ကြီးက  ဆက်လက်ပြောကြားသည်။

‘‘ဒါတွေကို မိမိတို့အလုပ်  သမားဝန်ကြီးဌာနက ဒိန်းမတ် နိုင်ငံရဲ့နှစ်ပေါင်း ၁၀၀ ကျော်အ တွေ့အကြုံကို ယူပြီးတော့မှ ပူး  ပေါင်းပြီးတော့မှ ဒါတွေကိုဖြည့် ဆည်းပေးသွားမှာဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။

ဒိန်းမတ်နိုင်ငံ သံအမတ် H.E.Mr.John Nielsent က အ လုပ်ရှင်၊ အလုပ်သမားနှင့် အစိုး ရဌာနများကြား သုံးပွင့်ဆိုင်ညှိ နိုင်းဖြေရှင်းရာ၌ ယုံကြည်မှုတည် ဆောက်ရေးသည်များစွာ လိုအပ် သည့်အပြင် ဆန္ဒပြင်းပြစွာ ပူး ပေါင်းဆောင်ရွက်လိုချင်စိတ်များ ထားရှိရန် လိုအပ်မည်ဟု မှတ် ချက်ပြုသည်။

‘‘အနာဂတ်က သူ့ဟာသူ ရောက်လာမယ်။ ဒါပေမဲ့ ဖွံ့ဖြိုး  တိုးတက်မှုက သူ့ဟာသူရောက်မ လာဘူး။ ကျွန်တော်တို့ကြိုးစားမှ ရမယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့တွေဟာ သင့်လျော်ကောင်းမွန် သောလုပ်ငန်းခွင်တွေဖန်တီးပေး ဖို့အတွက်တော်တော်ကို အရေး   ကြီးပါတယ်’’ ဟု ဒိန်းမတ်နိုင်ငံအ လုပ်သမားဝန်ကြီး H.E.Mr.Peter  Hummel gaard ကဆိုသည်။

အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးနှင့်ပတ်သက်၍ ဒိန်း  မတ်နိုင်ငံကြုံရသည့် နှစ်ပေါင်း  ၁၀၀ ကျော်အတွေ့အကြုံများကို  ရရှိသည့်အပြင် သင်ယူရမည့်အ ချက်များလည်းပါဝင်သည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း  ရှင်များအသင်း အထွေထွေအ တွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂မှ  သာအလုပ်သမားဥပဒေ ပေါ် ထွက်လာသဖြင့် လက်ရှိအခြေ အနေသည် မဆိုးသည့်အခြေအ နေဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘တစ်ယောက်နဲ့တစ်ယေက် နဲ့ ရာနှုန်းပြည့်သဘောတူရမယ် ဆိုတာကတော့ ကိုယ့်လက် တောင်မှ မညီတာ။ မဖြစ်နိုင်ဘူး။  ဒါပေမဲ့လည်း တူညီတဲ့အချက်  ကို ညှိနှိုင်းယူကြရမှာပေါ့။ ကြား ချပြီးတော့ ဖြစ်အောင်သွားရမှာ ပေါ့။ ကျွန်မတို့နိုင်ငံက အခုမှ ခုနစ်နှစ်ပဲရှိသေးတာ။ ဒီလောက် ထိတိုးတက်လာတယ်ဆိုတာ မ ဆိုးဘူးလို့ပြောရမှာ’’ ဟု ဒေါ်ခိုင် ခိုင်နွယ်က ပြောသည်။

====================================

END / 251