အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်က တိုင်းစစ် ဌာနချုပ်နယ်မြေငါးခုတွင် တစ် ဖက်သတ် အပစ်ရပ်ကြေညာ သည့် ကိုးလအတွင်း မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ ကချင် ဒေသ၌ တိုက်ပွဲဖြစ်ပွားမှု လုံးဝ မရှိကြောင်း နှစ်ဖက်တာဝန်ရှိသူ များက ပြောသည်။
၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ အစပြုသည့် တပ်မတော်၏ အ ပစ်ရပ်စဲရေးကြေညာမှုနှင့် ပတ် သက်ပြီး တပ်မတော်က သတင်း ထုတ်ပြန်မှုများ၌ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ဖော်ပြခဲ့သည်။
‘‘ကျွန်တော်တို့ ကချင်ပြည် နယ်မှာ တိုက်ပွဲတွေမရှိတာက လည်း တပ်မတော်က ငြိမ်းချမ်း ရေးကို ဦးတည်လာတယ်ဆိုတဲ့ အရာတစ်ခုလို့ သုံးသပ်မိပါတယ်’’ ဟု ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီးနော်ဘူက ပြောသည်။
၂၀၁၁ ဇွန်လကစ၍ တပ်မ တော်နှင့် KIA အကြား တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ် မြေတွင် ၂၀၁၈ နှစ်လယ်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်လျော့နည်း လာပြီး တပ်မတော်က အပစ်ရပ် ကြေညာမှုနောက်ပိုင်း တိုက်ပွဲဖြစ် ပွားမှုမရှိသည်ကို တွေ့ရသည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုဒ်(MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
‘‘အဓိကတော့ KIA နဲ့၊ တပ် မတော်နဲ့က အပစ်အခတ်ရပ်စဲ ရေးကို နှစ်ဖက်စလုံးက လိုလား တယ်။လိုလားတဲ့ အတွက်ကြောင့် နှစ်ဖက်စလုံးက တော်တော်ထိန်း ထိန်းသိမ်းသိမ်းလုပ်တယ်ဆိုတာ ကို တွေ့ရတယ်’’ ဟု ၎င်းက ဆို သည်။
တပ်မတော်၏ အပစ်ရပ် ကြေညာမှုသည် စက်တင်ဘာ ၂၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ရာ သက်တမ်းတိုးသည်ဖြစ်စေ၊ မတိုး သည်ဖြစ်စေ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေ၌ အပစ်အ ခတ်ရပ်စဲရေး အားကောင်းနိုင် သေးသည်ဟု ဒေါက်တာမင်းဇော် ဦးက သုံးသပ်သည်။
တပ်မတော်နှင့် KIA အ ကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ ရှမ်းပြည်နယ်မြောက် ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများရှိ ခဲ့သည်။
ကိုးလအတွင်း တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွားမှုအများဆုံး အဖွဲ့သည် တအာင်းအဖွဲ့(TNLA) ဖြစ်သည်။ တပ်မတော်နှင့် TNLA ထုတ်ပြန်ချက်အရ ကိုးလအတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၇၀ ထက်မနည်း ရှိခဲ့သည်။
====================================
END / 251
တပ်မတော်အပစ်ရပ်ကြေညာမှု ကိုးလအတွင်း ကချင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုလုံးဝမရှိ ငြိမ်းချမ်းရေးကို တပ်မတော်က ဦးတည်လာခြင်းကြောင့်ဟု K
၂၁ စက်တင်ဘာ ၂၀၁၉ - ၁၄:၅၄
News ID: 977036
တပ်မတော်က တိုင်းစစ် ဌာနချုပ်နယ်မြေငါးခုတွင် တစ် ဖက်သတ် အပစ်ရပ်ကြေညာ သည့် ကိုးလအတွင်း မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်နယ်မြေ ကချင် ဒေသ၌ တိုက်ပွဲဖြစ်ပွားမှု လုံးဝ မရှိကြောင်း နှစ် ဖက်တာဝန်ရှိသူ များက ပြောသည်။