၂၂ စက်တင်ဘာ ၂၀၁၉ - ၁၆:၄၄
မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား ထက်ဝက်ခန့်သည် အန္တရာယ်ရှိလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေဟု မကွေးတိုင်း အလုပ်သမားဝန်ကြီးပြောကြား

မြန်မာနိုင်ငံတွင် အ သက် (၁၈) နှစ်အောက်ကလေး အလုပ်သမား ၅၀ရာခိုင်နှုန်းသည်အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များ၌လုပ်ကိုင်နေရကြောင်း မကွေးတိုင်းဒေသကြီး အလုပ် သမားဝန်ကြီး ဦးမြင့်ဆွေ ကပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံတွင် အ သက် (၁၈) နှစ်အောက်ကလေး  အလုပ်သမား ၅၀ ရာခိုင်နှုန်းသည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင် များ၌ လုပ်ကိုင်နေရကြောင်း မကွေးတိုင်းဒေသကြီး အလုပ် သမားဝန်ကြီး ဦးမြင့်ဆွေကပြော ကြားသည်။

မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးပေါင်း စုံခန်းမတွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် ကလေးအ လုပ်သမားနှင့် အလုပ်ခွင်ပြည်သူ့ စကားဝိုင်းအခမ်းအနား၌ ၀န် ကြီးကပြောကြားသည်။

၂၀၁၅ လုပ်သားအင်အား စစ်တမ်းများအရ မြန်မာနိုင်ငံတွင်  ကလေးအလုပ်သမားဦးရေ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ယင်း အနက် ၅၀ ရာခိုင်နှုန်းဖြစ်သည့် ကလေးလုပ်သား ခြောက်သိန်း ကျော်သည် အန္တရာယ်ရှိသည့်  လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေ ရကြောင်း ၀န်ကြီးကဆိုသည်။

‘‘အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်  ဆိုတာဘာလဲဆိုတော့ က လေးရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်း၊ စာ ရိတ္တပိုင်းတွေကို ထိခိုက်နိုင်တဲ့ လုပ်ငန်းခွင်တွေပါ။ အန္တရာယ်ရှိ တဲ့လုပ်ငန်းခွင်တွေမှာ အဓိကက  တော့ စက်မှုလက်မှုကုန်ထုတ် လုပ်ငန်းတွေနဲ့ကူးသန်းရောင်း ၀ယ်ရေးလုပ်ငန်းတွေပါ’’ ဟု  ဦး မြင့်ဆွေကပြောသည် ။

ယင်းသို့ ကလေးအလုပ် သမားများရှိနေရခြင်းသည် သစ် တောများပြုန်းတီးလာခြင်း၊ကမ္ဘာ ကြီးတွင် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်၍ သဘာဝပတ်ဝန်း ကျင်ပျက်စီးခြင်းတို့ကြောင့် စား နပ်ရိက္ခာမဖူလုံခြင်း၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက် ခြင်း၊ ပြည်တွင်းပဋိပက္ခများ ကြောင့် ပညာမသင်ရဘဲ အသိ ပညာနည်းပါးလာခြင်းနှင့် ဆင်းရဲ မွဲတေခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကလေးအလုပ်သမားတွေ ရှိနေရတာက အဓိကအချက်က  ဆင်းရဲမွဲတေမှုပါပဲ။ မြန်မာနိုင်ငံ က ဆင်းရဲတဲ့နိုင်ငံထဲမှာပါပါ တယ်။ အဲဒါကြောင့် အစိုးရအ နေနဲ့ အလုပ်အကိုင်အခွင့်လမ်း တွေ ရရှိလာဖို့အတွက် အရေး ကြီးတဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်စွမ်းအင်ရရှိရေးကို အရင်ဦးစားပေး လုပ်ဆောင်နေပါ တယ်။ နောက်ထပ်အရေးကြီးတဲ့ ပညာရေးကဏ္ဍကိုလည်း မြှင့်တင် လုပ်ဆောင်နေပါတယ်’’ ဦးမြင့် ဆွေက ပြောသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၄၃ ရာခိုင်နှုန်းခန့်သည် ကလေးငယ်  များဖြစ်ပြီး ယင်းကလေးငယ်များ တွင် ကျေးရွာနေကလေးငယ် ၂၁ဒသမ၉၈ ရာခိုင်နှုန်းကျော်ရှိပြီး မြို့နေကလေးငယ် ၈ ဒသမ ၅ ရာခိုင်နှုန်းကျော်ရှိကြောင်း ၀န်ကြီးကပြောသည်။ထို့ကြောင့် ကလေးအ လုပ်သမားများမရှိစေရန်နှင့်ကယ်  တင်နိုင်ရေး အစိုးရက မူဝါဒချ မှတ်လုပ်ဆောင်နေသကဲ့သို့ ယင်း ကိစ္စအတွက် NGO များ၊ အ ရပ်ဘက်အဖွဲ့အစည်းများ၊ အ ခြားမည်သည့် အဖွဲ့အစည်းဖြစ်စေ ကလေးလုပ်သားနှင့် လူကုန်ကူးမှုတားဆီးနိုင်ရေး လက်တွဲ  ဆောင်ရွက်မည်ဖြစ်ကြောင်း  ၎င်းကဆိုသည်။

====================================

END / 251