၂၄ စက်တင်ဘာ ၂၀၁၉ - ၀၂:၃၂
အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်ရှိမည်မဟုတ်ဘဲ နိုင်ငံသား လျှောက်ထားသည့် လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ရမည်ဟု အမျိုးသားလုံခြုံရေးဆိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများ တောင်းဆို သည့်အ တိုင်း အလိုအလျောက် နိုင်ငံသား ဖြစ်ခွင့်ရှိမည်မဟုတ်ဘဲ နိုင်ငံ သား လျှောက်ထားသည့်လုပ် ငန်းစဉ် အတိုင်းဆောင်ရွက်ရမည် ဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများ တောင်းဆို သည့်အတိုင်း အလိုအလျောက် နိုင်ငံသား ဖြစ်ခွင့်ရှိမည်မဟုတ်ဘဲ နိုင်ငံသား လျှောက်ထားသည့်လုပ် ငန်းစဉ် အတိုင်းဆောင်ရွက်ရမည် ဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

 စင်ကာပူနိုင်ငံ၌ ကျင်းပ သည့် Singapore Summit 2019သို့ တက်ရောက်သောအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင် ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီး ဦးသောင်းထွန်းက မူဝါဒ ဆွေးနွေးပွဲကဏ္ဍ၌ ပါဝင်ဆွေးနွေး စဉ် ယင်းသို့ ထည့်သွင်းပြောကြား သည်။

‘‘အာရှတင်မက ကမ္ဘာပေါ် မှာရှိတဲ့ အချုပ်အခြာအာဏာပိုင် ဘယ်နိုင်ငံကမှ စာရွက်စာတမ်း  အထောက်အထားမရှိဘဲ အလို အလျောက်နိုင်ငံသားဖြစ်ခွင့်ပေး မှာမဟုတ်ပါဘူး’’ ဟု ဦးသောင်း ထွန်းက ဆိုသည်။

  မြန်မာနိုင်ငံသားဖြစ်ရန် လျှောက်ထားနိုင်ပြီး ဖြစ်ခွင့်ရှိသူ များ နိုင်ငံသားဖြစ်မည်ဖြစ်၍ ယင်းလုပ်ငန်းစဉ်ကို ဆောင်ရွက် ရန် ၎င်းကတိုက်တွန်းသည်။

မူဝါဒဆွေးနွေးပွဲကဏ္ဍတွင် ၀န်ကြီးဦးသောင်းထွန်းနှင့်အတူ မေးမြန်းဆွေးနွေးသည့်ပုဂ္ဂိုလ်က လွန်ခဲ့သည့်နှစ်အနည်းငယ်က မြန်မာနိုင်ငံသည် နိုင်ငံတကာရင်း နှီးမြှုပ်နှံသူများအတွက် မျက်စိကျ ဖွယ်ဖြစ်ခဲ့သော်လည်း ရခိုင်ပြည် နယ်အရေးကြောင့် ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရန် အခက်အခဲဖြစ်နေ မှုအပေါ် မေးခွန်းထုတ်ခဲ့သည်။

‘‘ဒီကိစ္စ (ရခိုင်ပြည်နယ်အ ရေး)ကို စိတ်ခံစားချက်မပါဘဲ ကျွန်တော်တို့ ရှုမြင်ဖြေရှင်းဖို့လို ပါတယ်။ လက်ရှိမှာတော့ လူတွေ က အရမ်းကို စိတ်လှုပ်ရှားစေတဲ့ ကိစ္စအဖြစ် ရှုမြင်လာတယ်။ ရခိုင် မှာဖြစ်နေတဲ့အခြေအနေတွေကို လည်း နားမလည်ကြပါဘူး’’ ဟု ဦးသောင်းထွန်းက ပြောသည်။

တစ်ဖက်နိုင်ငံသို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့သွားမှုကို ဖြေရှင်းရန် မြန်မာနှင့်ဘင်္ဂလား ဒေ့ရှ်နိုင်ငံအကြား ၂၀၁၇ က တည်းက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကာ ကြိုးပမ်းခဲ့ ကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ဖြစ်ပေါ်မလာခြင်း သည် ကော့ဘဇားရှိ ဒုက္ခသည် စခန်းများ၌ အာဂျင်ဒါအမျိုးမျိုး ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ၎င်း ကဆိုသည်။

  ဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်အဖွဲ့ဝင်များ ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာ မည့်သူများကို ARSA အဖွဲ့ဝင် များက ခွင့်ပြုခြင်းမရှိကြောင်း ဦး သောင်းထွန်းက ပြောသည်။ မြန် မာနိုင်ငံသို့ ပြန်လာလိုသည့် ဟိန္ဒူ ဘာသာဝင်  လေးရာကျော်ကို လည်း ၎င်းကဥပမာပေးရှင်းလင်း သည်။

နေရပ်စွန့်ခွာသူများ ပြန် လည်လက်ခံရေးလုပ်ငန်းစဉ် စ တင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂၀၁၈ ဇန်န၀ါရီနှင့် နိုဝင်ဘာ၊ ၂၀၁၉ ဩဂုတ်တွင် သုံးကြိမ်တိုင် ကြိုးစားသော်လည်း မအောင်မြင် ခဲ့ပေ။

====================================

END / 251