၂၅ စက်တင်ဘာ ၂၀၁၉ - ၀၃:၂၇
မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းမှုများ

အနောက်တောင်မုတ်သုံလေဆုတ်ခွာနေ၍နေရာကွက်မိုးကြီး နေစဉ် မန္တလေးနှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့ တွင် တောင်ကျရေကြောင့် လမ်းရေလျှံမှုများ ကြုံတွေ့နေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အနောက်တောင် မုတ် သုံလေဆုတ်ခွာနေ၍ နေရာကွက် မိုးကြီးနေစဉ် မန္တလေးနှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့ တွင် တောင်ကျရေကြောင့် လမ်းရေလျှံမှုများ ကြုံတွေ့နေသည်။

စက်တင်ဘာ ၂၄ ရက် နံနက် က နာရီပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ မကွေးတိုင်းဒေသကြီး ပေါက်နှင့် မြိုင်မြို့ရှိ ကားလမ်းများပေါ် ရေ ကျော်နေသည်။

‘‘ရေဘေးကြုံတဲ့အထိတော့ မဟုတ်ဘူး။ လမ်းတွေ ရေကျော် လို့ ခရီးသည်တွေ၊ လမ်းသွားလမ်း လာတွေ ဘေးမတွေ့အောင်  မီးသတ်အဖွဲ့တို့၊ ကယ်ဆယ်ရေးအဖွဲ့တို့ကနေ ကူညီပေးနေတယ်’’ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီး ဌာန မကွေးတိုင်းဒေသကြီး ဦးစီး မှူး ဦးမြင့်စိုးက ပြောသည်။

မိုးရွာသွန်းမှုများပါက ဆိုးရွားသော ရေတိုက်စားမှု ဖြစ်လေ့ရှိသည့် ပခုက္ကူမြို့ရှိ ရွှေချောင်း လည်း ရေများနေ၍ ချောင်းဘေးမှ အိမ်အချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။

လက်ရှိကာလသည် အနောက်တောင်မုတ်သုံလေ မြန်မာ နိုင်ငံမှ ဆုတ်ခွာနေချိန်ဖြစ်ပြီး နေရာကွက်မိုးကြီးခြင်း၊ မိုးကြိုးပစ် ခြင်းများ သတိပြုနေထိုင်ရန် မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။ လာမည့်ရက်အနည်းငယ်အတွင်း ကချင်ပြည်နယ်တွင် ပုံမှန်ထက် မိုးရွာသွန်းမှုများနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

====================================

END / 251