
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံ့ဝန်ထမ်းများ၏ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန် ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့သည် အစိုးရနှင့် ပြည်သူများကြား ယုံ ကြည်မှုတိုးပွားလာစေရန် အလွန် အရေးကြီးကြောင်း သမ္မတဦးဝင်း မြင့်ကပြောကြားသည်။
ပြည်ထောင်စု တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္က သိုလ်ပညာရေးဘွဲ့ ငါးနှစ်သင် တန်းအမှတ်စဉ် (၃) ပြီးမြောက် တော့မည့် ကျောင်းသူ၊ ကျောင်း သားများသည် ယမန်နေ့တွင် နိုင်ငံတော်သမ္မတ အိမ်တော်သို့ လေ့လာရေး ခရီးစဉ်လာရောက် ပြီး သမ္မတထံမှ သြဝါဒခံယူခဲ့ ကြောင်း သမ္မတရုံးက ထုတ်ပြန် သည်။
‘‘နိုင်ငံ့ဝန်ထမ်းများဟာ နိုင် ငံတော်ရဲ့ ပုံရိပ်နဲ့နိုင်ငံတော်ရဲ့ တန်ဖိုးကို ကိုယ်စားပြုထင်ဟပ်နေ သူများဖြစ်ကြပါတယ်။ ဒါကြောင့် ဝန်ထမ်းများအနေနဲ့ စောင့်ထိန်းရ မည့်ဥပဒေ၊ စည်းကမ်းများ၊ ထမ်း ဆောင်ရမည့် တာဝန်ဝတ္တရား များ၊ လိုက်နာရမည့် ကျင့်ဝတ် များကိုလည်း သိရှိလိုက်နာသွားဖို့ မှာကြားလိုပါတယ်’’ ဟု သမ္မတ ဦးဝင်းမြင့်က ယင်းအခမ်းအနား တွင် ပြောသည်။
ကျင့်ဝတ်သိက္ခာ ပြည့်စုံ ခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းစ သည့် အခြေခံမူများအပေါ် ခိုင်မာ စွာရပ်တည်ပြီး လုပ်ရည်ကိုင် ရည်နှင့် ယုံကြည်မှုခိုင်မာသော ဝန်ထမ်းများသည် ကောင်းမွန် သော ဒီမိုကရေစီကျင့်စဉ်၏ ကျောရိုးမဏ္ဍိုင်များလည်း ဖြစ် ကြောင်း သမ္မတဦးဝင်းမြင့်ကပြော သည်။
လက်ရှိတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပညာရေး ဖြစ်လာရေး ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်နေချိန်ဖြစ်၍ ဆ ရာ၊ ဆရာမများအရည်အသွေး ပြည့်မီရန် အလွန်အရေးကြီး ကြောင်း သင်တန်းဆင်းပြီးနောက် ဆရာ၊ ဆရာမများအဖြစ် တာဝန် ထမ်းဆောင်တော့မည့် ကျောင်း သူ၊ ကျောင်းသားများအားသမ္မတ ဦးဝင်းမြင့်က ပြောသည်။‘‘ဘွဲ့တစ်ခုရပြီးတာနဲ့ ပညာ သင်ယူမှုပြီးဆုံးပြီလို့ မခံယူဘဲ မိမိတို့ရဲ့ အရည်အသွေးပြည့်မီ ရေးကို မိမိတို့ကိုယ်တိုင်တစ် သက်တာ သင်ယူချင်စိတ် မွေးမြူပြီး ဆက်လက်လေ့လာ သင်ယူနေကြရမှာဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။
နိုင်ငံတစ်ဝန်းလုံးတွင် ပညာ ရေးကဏ္ဍတစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်စေရေး နယ်စပ်ဒေသ အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်မည့် အ ရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများဖြစ်လာစေရန် ပြည် ထောင်စု တိုင်းရင်းသားလူမျိုးဖွံ့ ဖြိုးရေး တက္ကသိုလ်၌ ငါးနှစ်တာ သင်တန်းများ သင်ကြားလေ့ကျင့် ပေးနေကြောင်း သမ္မတဦးဝင်း မြင့်က ရှင်းပြသည်။
အထက်ပါ သြဝါဒခံယူပွဲအ ခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် အပါအဝင် ပြည်ထောင်စုဝန်ကြီး အချို့၊ ဒုတိယဝန်ကြီးများနှင့်ပြည် ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ သည်။
====================================
END / 251