
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံရေးအကျဉ်းသားများနေထိုင်ရန် တည်ဆောက်နေသော နိုင်ကျဉ်းတို့နားခိုရာအိမ်ရာ စီမံကိန်းအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ခြောက်ဦး စုပေါင်း၍ ကျပ်သိန်း ၂၀၀ကျော် လှူဒါန်းထားကြောင်း ယင်းအိမ်ရာစီမံကိန်းဆောက်လုပ်ရေးတာဝန်ခံ ဦးကိုကိုအောင်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုဝင်များ နေထိုင်နိုင်ရေးတည်ဆောက်နေသော ယင်းစီမံကိန်းအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ကျပ်သိန်း ၁၉၀ လှူဒါန်းထားသည်။
ထို့အပြင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုး ညို၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်တို့က တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ လှူဒါန်းထားသည်။
‘‘ဝန်ကြီးချုပ်တွေက သူတို့ ချွေးနှဲစာတွေနဲ့ပဲ လှူဒါန်းကြတာ ဖြစ်ပါတယ်။ သူတို့တွေက နိုင် ကျဉ်းတွေဖြစ်ခဲ့တာကြောင့် နိုင်ငံ ရေးအကျဉ်းသားတစ်ဦးအနေနဲ့ လှူဒါန်းကြတာဖြစ်ပါတယ်’’ ဟု ဦးကိုကိုအောင်က ပြောသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မိသားစုသည် ယခင်ကတည်းက ချမ်းသာကြွယ်ဝသူဖြစ်သော ကြောင့် ယခုကဲ့သို့ အလှူငွေအ များအပြား လှူဒါန်းနိုင်ခြင်းဖြစ် ကြောင်း ဦးကိုကိုအောင်က ပြော သည်။
၂၀၁၈ ဒီဇင်ဘာအတွင်းက နိုင်ကျဉ်းတို့နားခိုရာ အိမ်ရာစီမံ ကိန်းကို တိုက်ကြီးမြို့နယ် အုန်းနှဲ ပင်ကျေးရွာရှိ မြေသုံးဧကအတွင်း လုံးချင်းအိမ်ရာများ ဆောက်လုပ် ရန် ဆောင်ရွက်ခဲ့ရာမှ လက်ရှိ တွင် မိသားစုလေးစု နေထိုင်နိုင် သည့် အိမ်နှစ်လုံးတည်ဆောက် ပြီးစီးပြီဖြစ်သည်။
ယင်းအိမ်နှစ်လုံးကို အလျား ၂၄ ပေ၊ အနံ ၄၀ ပေဖြင့်လေး ခန်းဖွဲ့စည်းပြီး နိုင်ငံရေးအကျဉ်း သားဟောင်းများနေထိုင်ရန် တစ် ခန်းလျှင် အလျား ၁၂ ပေ၊ အနံ ၂၂ ပေဖြင့် ဖွဲ့စည်းပေးထား သည်။
ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်တိုက်လုပ်ကိုင် နေပြီး လာမည့်နိုဝင်ဘာအတွင်း စတင်ထားရှိမည်ဖြစ်သည်။
တိုက်ကြီးမြို့နယ် အုန်းနှဲပင် ကျေးရွာရှိ ရပ်မိရပ်ဖများထံ ညှိ နှိုင်းအကူအညီတောင်းခံရရှိထား သည့် ပြည်ထဲရေးအမည်ပေါက် မြေသုံးဧကပေါ်၌ နိုင်ငံရေးအ ကျဉ်းသားဟောင်းများနှင့် ၎င်းတို့ မိသားစုဝင်များ နားခိုနေထိုင်နိုင် မည့် အဆောက်အအုံများ တည် ဆောက်ရန် ၂၀၁၈ နိုဝင်ဘာက စတင်ခဲ့ခြင်းဖြစ်သည်။
====================================
END / 251