၁၁ အောက်တိုဘာ ၂၀၁၉ - ၁၈:၃၀
ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးနေချိန် ဗုံးသံ၊ သေနတ်သံများ တိတ်ရန် အရေးကြီးဟု PPST ခေါင်းဆောင်ပြော ၂၀၂၀ ရွေးကောက်ပွဲ ငြိမ်းချ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်း ပနေချိန်၌ တစ်ဖက်တွင်လည်း ဗုံးသံ၊ သေနတ်သံများ တိ တ်စေရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ် သီးခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်အဖွဲ့ (PPST) ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ် ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနေချိန်၌ တစ်ဖက်တွင်လည်း ဗုံးသံ၊ သေနတ်သံများ တိတ်စေရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖွဲ့ (PPST) ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။

PPST အစည်းအဝေးကို ယမန်နေ့ (အောက်တိုဘာ ၁၀ရက်)က စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေရာ အစည်းအဝေးမိန့်ခွန်းတွင် ရှမ်းလက်နက်ကိုင်အ ဖွဲ့ (RCSS) ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အထက်ပါအတိုင်း ပြောကြားသည်။

‘‘မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို မဖြစ်ဖို့ အရေးကြီးပါတယ်’’ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

ထို့အပြင် လာမည့် ၂၀၂၀ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနည်းနှင့်အများ ရိုက်ခက်သက်ရောက်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

‘‘ဒီကာလတွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့အခါ အသိတရား၊ သတိတရားနဲ့ ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်’’ ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

လွှတ်တော်အတွင်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် NCAလမ်းကြောင်းအရ ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် လိုက်လျောညီထွေ၊ သဟဇာတဖြစ်ရန် လိုအပ်ကြောင်း PPST ယာယီခေါင်းဆောင်က ဆိုသည်။

‘‘အစွန်းမရောက်ဘဲ မလျော့မတင်း စောင်းကြိုးညင်းလို သတိထားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဆိုသည်။

NCA စာချုပ်အပေါ် မားမားမတ်မတ် ရပ်တည်ပြီး တစ်ဦးချင်းကောင်းကျိုးမှ ပြည်ထောင်စုသားအားလုံး ကောင်းကျိုးအတွက် လက်တွဲကြိုးပမ်း ဆောင်ရွက်ရန် RCSS ဥက္ကဋ္ဌက တိုက်တွန်းသည်။

NCA လက်မှတ်ထိုး ၁၀  ဖွဲ့ထိပ်သီးခေါင်းဆောင်များ အ စည်းအဝေးကို အောက်တိုဘာ ၁၂ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး၊ ၂၀၂၀ အတွင်း စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေး၊ စက်တင်

ဘာအတွင်း ကျင်းပခဲ့သည့် အစိုးရနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့အလုပ်အဖွဲ့နှင့် ဆွေးနွေးပွဲရလဒ် အကြောင်းအရာများ၊ NCA လေးနှစ်ပြည့် အခမ်းအနားကျင်းပနိုင်ရေး စသည့်ကိစ္စများကို အပစ်ရပ်၁၀ ဖွဲ့အကြား ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေးတတ်နိုင်သမျှ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးစီးပွားရေး၊ နိုင်ငံတကာအရေးတို့နှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်များ ချမှတ်ရမည်ဖြစ်ကြောင်း၊ ၂၀၂၀ တွင် ရွေးကောက်ပွဲ ကျင်းပရန်ရှိ၍ ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သည့် အခြေခံအုတ်မြစ်များကို ၂၁ ရာစု ပင်လုံတွင် အတည်ပြုထားရန် လိုအပ်ကြောင်းPPSTအဖွဲ့ ယာယီခေါင်းဆောင်က ပြောသည်။

====================================

END / 251