၁၄ အောက်တိုဘာ ၂၀၁၉ - ၁၄:၂၈
အောင်လအန်ဆန် ဂျပန်မြေ၌ဖိလစ်ပိုင်ဖိုက်တာကို နှစ်ချီအတွင်း အလဲထိုး အနိုင်ယူ

ဂျပန်နိုင်ငံ၌ ကျင်းပ သည့် MMA (One Championship) လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲတွင် ကချင် တိုင်းရင်းသား အောင်လအန်ဆန် က အမေရိကန်-ဖိလစ်ပိုင် ဖိုက် တာ ဘရန်ဒန်ဗီရာကို ဒုတိယအချီ ၌ အလဲထိုးအနိုင် ယူကာချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျပန်နိုင်ငံ၌ ကျင်းပ သည့် MMA (One Championship) လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့  ချန်ပီယံကာကွယ်ပွဲတွင် ကချင် တိုင်းရင်းသား အောင်လအန်ဆန် က အမေရိကန်-ဖိလစ်ပိုင်ဖိုက် တာ ဘရန်ဒန်ဗီရာကို ဒုတိယအချီ ၌ အလဲထိုးအနိုင်ယူကာချန်ပီယံ  ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ryogoku Kokugikan ဆူမိုအားကစားခန်းမ ၌ ကျင်းပသည့်ပြိုင်ပွဲတွင် အဓိက ပွဲ၌ အောင်လအန်ဆန်သည် ပွဲစ သည်နှင့် တိုက်စစ်ဖွင့်ကာ Stand Fight တိုက်ခိုက်နည်းဖြင့် ဦးစား ပေးထိုးသတ်ခဲ့ပြီး ဘရန်ဒန်ဗီရာ က တန်ပြန်တိုက်စစ်ဖြင့်သာ ယှဉ် ပြိုင်ခဲ့သည်။

ပွဲအစ သုံးမိနစ်ကျော်တွင် အောင်လ၏ ခြေကန်ချက်ချော် ထွက်မှုကို အခွင့်ကောင်းယူကာ ဗီရာက လက်သီးချက်၊ ဒူးတိုက် ချက်ဖြင့် အသာရရန် ကြိုးပမ်းခဲ့ သော်လည်း အောင်လက ပြန် လည်ရှောင်ထွက်နိုင်ခဲ့သည်။

ဒုတိယအချီတွင် ဗီရာက ၎င်းအားသာသည့် ခြေတံ၊ လက် ဆံရှည်ခြင်းကို အသုံးချ၍ တံ တောင်၊ လက်သီးချက်များဖြင့် ထိုးသတ်ခဲ့ပြီး အောင်လကို မျက် ခုံးကွဲစေခဲ့သည်။ ဒုတိယအချီပြီး ဆုံးခါနီး၌ အောင်လ၏ ညာလက် သီးချက်ကြောင့် ဗီရာလဲကျချိန်အ ပေါ်စီးက လက်သီးချက်များဆက် တိုက်ထိုးကာ ဒုတိယအချီ ၃ မိနစ် နှင့် ၂၄ စက္ကန့်တွင် အလဲထိုးအ နိုင်ရခဲ့သည်။

‘‘ကျွန်တော်တို့နည်းဗျူဟာက တော့ လက်သီးထိုးချက်တွေနဲ့ ဖိအားပေးပါတယ်။ (ပူးကပ်ပြီးမ ထိုးဘဲ) ခွာထိုးတဲ့ နည်းကိုဆက် သုံးခဲ့တယ်။ သူ့ထိုးချက်တွေက လည်း အားပါခဲ့တယ်လေ။ မြင် တဲ့အတိုင်းပဲ။ ဒါပေမဲ့ ကျွန်တော် အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ ဟေး မြန်မာပရိသတ်ကြီး။ ကျေး ဇူးအအများကြီးတင်ပါတယ်။ အားလုံးကို’’ ဟု အောင်လအန် ဆန်က ပွဲပြီးတွင် ပြောကြားသည်။

သီတင်းကျွတ်လပြည့်နေ့ တွင် မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ခ် သုံးစွဲသူအများစုမှာ အဆိုပါပြိုင်ပွဲ အကြောင်းကိုသာ တစ်နေကုန် ပြောဆိုနေကြပြီး အောင်လအန် ဆန်က ပြတ်ပြတ်သားသားအနိုင် ရရှိသွား နိုင်ငံတစ် ဝန်းပြည်သူများ ပျော်ရွှင်စွာ အောင်ပွဲခံနေကြသည်။

 အောင်လအန်ဆန်သည် ၂၀၁၈ ဖေဖော်ဝါရီက ဘရာဇီး ဖိုက်တာ မာချာဒိုကို အနိုင်ယူကာ  လိုက်ဟဲဗီးဝိတ် ချန်ပီယံဖြစ်ပြီး နောက် တစ်နှစ်ကျော်အတွင်း ယင်းဝိတ်တန်းအတွက် ပထမဆုံး  ချန်ပီယံကာကွယ်နိုင်ခြင်း ဖြစ် သည်။

အောင်လအန်ဆန်သည် ONE ၏ ဝိတ်တန်းနှစ်ခုချန်ပီယံ ဖြစ်သော်လည်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲများသာ ယှဉ် ပြိုင်ထားပြီး ယခုလိုက်ဟဲဗီး ဝိတ်ချန်ပီယံ ကာကွယ်ပွဲအဖြစ် ပထမဆုံးအကြိမ် ထိုးသတ်ခြင်း ဖြစ်သည်။

အသက် (၃၃) နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၆ ပွဲယှဉ်ပြိုင် ရာတွင် ၂၆ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့် ထားသည်။ အသက် (၄၂) နှစ် အရွယ် ဗီရာသည် ၂၄ ပွဲယှဉ်ပြိုင် ထားပြီး ၁၆ ပွဲနိုင်၊ ရှစ်ပွဲရှုံး မှတ် တမ်းရှိသည်။ အောင်လသည် လက်ရှိတွင် One Championship ၏ လိုက်ဟဲဗီးဝိတ်နှင့် မစ် ဒယ်ဝိတ်တန်း၏  ကမ္ဘာ့ချန်ပီယံ ဖြစ်သည်။


====================================

END / 251