
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)လက်မှတ်ရေးထိုး သည့် လေးနှစ်ပြည့် နှစ်ပတ်လည် နေ့တွင် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရှမ်းလက်နက် ကိုင်အဖွဲ့(RCSS/SSA) ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
အောက်တိုဘာ ၁၅ ရက် နံနက်က လင်းခေးခရိုင် မိုင်းပန်မြို့နယ် ဝမ့်ကန်ရွာဟောင်းအနီး တောတွင်းတစ်နေရာ၌ အင်အား ၄၀ ခန့်ပါသော တပ်မတော်စစ် ကြောင်းနှင့် ထိတွေ့ခဲ့ပြီး ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု RCSS/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။
‘‘လျှပ်တစ်ပြက် တိုက်ခိုက် မှုဖြစ်တာပါ။
တိုက်ပွဲ အကြီးကြီးဖြစ်တာ မဟုတ်ဘူး။ ထိပ်တိုက်သွားတွေ့ မိပြီးတော့ ဖြစ်တယ်။ ကျွန် တော်တို့ဘက်လည်း တတ် နိုင်သလောက် ရှောင်ပါတယ်။ အဲဒီနေရာက ရွာဟောင်းလေ၊ ရွာ ကမရှိတော့ဘူး’’ဟု ၎င်းကပြော သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ 7Day Daily သတင်းစာက ဆက်သွယ်မေးမြန်းရာ ယမန်နေ့ တွင် RCSS နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဟု ပြောသည်။ ရှမ်းမြောက် ဒေသ ကွမ်လုံ၊ ဟိုပင်အနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိသော်လည်း RCSS နှင့် ဖြစ်ပွားခြင်း မဟုတ် နိုင်ဟု ၎င်းကဆိုသည်။
‘‘ရှမ်းဘက်မှာတော့ ဒီနေ့ (အောက်တိုဘာ ၁၅ ရက်) မှာ အဲဒီဖြစ်စဉ်လေးတစ်ခုပဲ ရှိတယ်။ အဲဒါလည်း ၁၀ မိနစ်၊ ၁၅ မိနစ် စာလောက်ပဲ ရှိခဲ့တာ’’ဟု ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ဆက် လက်ပြောသည်။
တပ်မတော်ညှိနှိုင်းရေးအ ဖွဲ့နှင့် RCSS/SSA သည် ပြီးခဲ့ သည့် ဇူလိုင်က တွေ့ဆုံခဲ့ပြီး တိုက်ပွဲများ မဖြစ်ပွားရေး၊ တပ် နေရာချထားရေး စသည့် တပ် ပိုင်းဆိုင်ရာကိစ္စများ အပါအဝင် အချက်သုံးချက်ကို အဓိကဆွေး နွေးခဲ့သည်။
၂၀၁၅ အောက်တိုဘာ ၁၅ ရက်က RCSS/SSA၊ ကရင်အ မျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက် နက်ကိုင် ရှစ်ဖွဲ့သည် NCA လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၈ ဖေ ဖော်ဝါရီ၌ မွန်နှင့် လားဟူအဖွဲ့ တို့က NCA လက်မှတ်ရေးထိုးခဲ့ သဖြင့် လက်မှတ်ရေးထိုးအဖွဲ့ ၁၀ ဖွဲ့ ရှိသည်။
အဆိုပါ NCA ရေးထိုးထား သည့် အဖွဲ့များအနက် RCSS/SSA သည် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။
NCA နှစ်ပတ်လည်နေ့ အ ထိမ်းအမှတ်ပွဲကို ၂၀၁၆ နှင့် ၂၀၁၇ တွင် နေပြည်တော်၌ ပြု လုပ်ပြီး ၂၀၁၈ တွင်မူ အထိမ်းအ မှတ်ပွဲ မလုပ်နိုင်ခဲ့ပေ။ NCA လေး နှစ်ပြည့်နှစ်ပတ်လည် အခမ်းအ နားကို အောက်တိုဘာ နောက်ဆုံး ပတ်တွင် ကျင်းပနိုင်ရန် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညှိနှိုင်းနေသည်။
====================================
END / 251