၁၆ အောက်တိုဘာ ၂၀၁၉ - ၁၆:၃၈
လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပြောဆိုဖော်ထုတ်ခွင့်သည် ဖိနှိပ်ချုပ်ချယ်ခံရသည့် ကာလမျိုးသို့ ပြန်ရောက်နေကြောင်း နိုင်ငံရေးပါတီများ

ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင် ရေး အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ နှစ် ၃၀ ကျော် ဖြတ် သန်းပြီးသော်လည်း ယနေ့အထိ အရာမထင် သေးဘဲ ဆက် လက်တိုက်ပွဲဝင်ရန် လိုသေးကြောင်း နိုင်ငံ ရေးပါတီများက ထောက်ပြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ နှစ် ၃၀ ကျော် ဖြတ်သန်းပြီးသော်လည်း ယနေ့အထိ အရာမထင်သေးဘဲ ဆက်လက်တိုက်ပွဲဝင်ရန် လိုသေးကြောင်း နိုင်ငံရေးပါတီများက ထောက်ပြသည်။

လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ (DPNS) ၏ (၃၁) နှစ် ပြည့်အခမ်းအနားကို အောက်တို ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ  ပါတီရုံးချုပ်၌ ပြုလုပ်ရာ မိတ်ဖက်တိုင်းရင်းသားပါတီများက တက် ရောက်အမှာစကားပြောကြားစဉ် ထိုသို့ထည့်သွင်းထောက်ပြခြင်းဖြစ်သည်။

ဒီမိုကရေစီရရှိပြီဟု ထင်ခဲ့ သော်လည်း လက်တွေ့တွင်ဒီမိုက ရေစီ၏ အခြေခံဖြစ်သော လူ့အ ခွင့်အရေး၊ လွတ်လပ်စွာပြောရေး ဆိုခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့် စသည်တို့ ဖိနှိပ်ချုပ်ချယ်ခံရ သည့်ကာလမျိုးသို့ ပြန်ရောက်နေ  ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသည်။

‘‘ပြည်သူတွေအတွက် အဓိ ကလိုအပ်တဲ့ ဒီမိုကရေစီနိုင်ငံရေး စနစ်ထူထောင်ဖို့၊ ဖက်ဒရယ်ပြည် ထောင်စုထူထောင်ဖို့ ဒီနေ့အထိ စိတ်ကူးယဉ်လို့တောင် မရသေး တဲ့ အနေအထားမျိုးကို ရောက်နေတုန်းပဲဖြစ်ပါတယ်။ ဆက်ပြီး တော့ တိုက်ပဲဝင်သွားရဖို့လိုသေး တယ်ဆိုတာကို အသိပေးလိုပါ တယ်’’ ဟု ၎င်းကဆိုသည်။

နှစ် ၃၀ ကျော်ဖြတ်သန်းပြီး ချိန်တွင် ဒီမိုကရေစီအရရွေးချယ် တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်လာသော်လည်း မည်မျှအထိ ပြီးပြည့်စုံသနည်းဆိုသည်မှာ အားလုံး အသိပင်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အထွေ ထွေအတွင်းရေးမှူး ဦးမျိုးကျော် က ပြောသည်။

‘‘ဒီထက် ပိုဆိုးတာကတော့ ကျွန်တော်တို့မှာ တိုင်းရင်းသားအ ခွင့်အရေး လမ်းပျောက်နေပါ တယ်’’ ဟု ၎င်းကဆိုသည်။

လက်ရှိတိုင်းပြည်၏ အခြေ အနေသည် ငြိမ်းချမ်းရေးကိစ္စနှေး ကွေးနေခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရခြင်းတို့ရှိနေပြီး ဖက်ဒ ရယ် ပြည်ထောင်စုတည်ဆောက် ရန် ဝေးသထက်ဝေးလာသည်ကို  တွေ့ရကြောင်း လူ့ဘောင်သစ်ဒီမို  ကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ပြောသည်။

‘‘ငြိမ်းချမ်းရေးကိစ္စတွေက လည်း အရမ်းနှေးကွေးသွားတယ်။ ဒီမိုကရေစီ ဘောင်ချဲ့ဖို့ဆိုတာကလည်း အဝေးကြီးပဲ။ နောက် တကယ့်လူထုက ရွေးချယ်တယ် ဆိုတဲ့ အစိုးရကလည်း ကျွန်မတို့နဲ့ သိပ်ပြီးတော့ သီးခြားဆန်နေ တယ်’’ ဟု ၎င်းကဆိုသည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အဓိကကျ သော တန်းတူရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတို့ရရှိရေး အတူ တကွ ပူးပေါင်းဆောင်ရွက်ရန်လို ကြောင်း၊ ထိုသို့မလုပ်ပါက အင် အားချည့်နဲ့လာမည်ဖြစ်ပြီး တ ဖြည်းဖြည်း ကုန်ဆုံးလာနိုင်သည့် အခြေအနေရှိသည်ကို  သတိချပ် သင့်ကြောင်း ဒေါ်နိုးနိုးထက်စံက ထောက်ပြသည်။

‘‘လက်ရှိအခင်းအကျင်းကို တကယ့်ဒီမိုကရေစီ အခင်းအ ကျင်းလို့သာ ယူဆနေမယ်ဆိုရင် ကျွန်မတို့ ပြဿနာရှိပါတယ်’’ ဟု ၎င်းကဆိုသည်။

လက်ရှိနိုင်ငံရေး အခင်းအ ကျင်းတွင် အခွင့်အလမ်းများနှင့် အတူ ထောင်ချောက်များလည်း ရှိနေကြောင်း၊ အခွင့်အလမ်းကို ကြည့်လျှင် ဒီမိုကရေစီဖြစ်ထွန်း မှုဟု ဖော်ပြထားသည့် အခြေခံ များကို တွေ့ရကြောင်း၊ ထိုအရာ သည် ထောင်ချောက်ဆင်ထား သည့် အခွင့်အလမ်းဖြစ်ကြောင်း ဒေါ်နိုးနိုးထက်စံက ပြောသည်။

‘‘လူထုဟာ အခွင့်အလမ်းလို့ ယူဆပြီးတော့ မကြားတဲ့သူတွေ ကြားအောင်ဆိုပြီးတော့ လမ်းပေါ် ထွက်တဲ့အခါမှာ ဘာလုပ်သလဲဆို တော့ ဖမ်းဆီးကြတယ်။ ထောင်ချ ကြတယ်။ ဆိုတော့ဒီနေ့ ဒီမိုက ရေစီ ဘောင်ကျဉ်းတယ်ဆိုတာ ဒါကိုပြောသလို ထောင်ချောက်ဆို တာလည်း အဲဒါပါပဲ’’ ဟု ၎င်းက ထောက်ပြသည်။

ထို့အတူ ငြိမ်းချမ်းရေးဖြစ် စဉ်တွင်လည်း ထောင်ချောက်ရှိ ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်၌ စိတ်ရင်းဖြင့် ဆောင်ရွက်ခြင်းဟုတ်၊ မဟုတ် ဂရုစိုက်ရန်လိုပြီး စိတ်ရင်းမဟုတ်ကြောင်းသိလျှင် ပြုပြင်ရဲသည့် သတ္တိရှိရန် လို ကြောင်း၊ ငြိမ်းချမ်ရေးလုပ်ငန်းစဉ် ကို စနစ်တကျဆောင်ရွက်ရန်လို ကြောင်း ဒေါ်နိုးနိုးထက်စံက ဆို သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆို သည်မှာ တိုင်းရင်းသားလက်နက် ကိုင်များအရေး တစ်ခုတည်းကို ဆိုလိုသည်မဟုတ်ဘဲ တိုင်းပြည် တစ်ခုလုံးတွင် လုံခြုံမှုမရှိဘဲ မ ငြိမ်းချမ်းဖြစ်နေကြောင်း ၎င်းက ပြောသည်။

‘‘ဒီနေ့ဟာ တကယ့်ဒီမိုက ရေစီအခင်းအကျင်း မဟုတ်ဘူး ဆိုတာ လူတိုင်းသိတယ်။ ခေါင်း ဆောင်တွေသိပါတယ်။ ဒါပေမဲ့ သတိမထားမိကြတာက ဘယ် ဟာ ထောင်ချောက်လဲ၊ ဘယ်အ ခင်းအကျင်းထဲ ထောင်ချောက်က ဘယ်လောက်ဆင် ထားလဲဆိုတာ ကိုတော့ ကျွန်မတို့ အချင်းချင်း ပူး ပေါင်းလက်တွဲပြီး သေချာစနစ်တ ကျဖြေရှင်းရမှာပါ’’ဟု ဒေါ်နိုးနိုး ထက်စံကဆိုသည်။

====================================

END / 251