၂၄ အောက်တိုဘာ ၂၀၁၉ - ၀၉:၂၈
ေ႐ြးေကာက္ပြဲမတိုင္မီ ေျခဥျပင္ဆင္ရန္ျဖစ္ႏိုင္ဖြယ္မရွိဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ဂ်ပန္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီးတို႔က ဂ်ပန္ဧကရာဇ္ ထီးနန္းတက္ပြဲ အခမ္းအနားသို႔ တက္ေရာက္လာၾကေသာ ႏိုင္ငံတကာမွ ေခါင္း ေဆာင္မ်ားအား တည္ခင္းဧည့္ခံေသာ ညစာစားပြဲသို႔ ႏိုင္ငံ ေတာ္အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္စဥ္

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ဂ်ပန္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီးတို႔က ဂ်ပန္ဧကရာဇ္ ထီးနန္းတက္ပြဲ အခမ္းအနားသို႔ တက္ေရာက္လာၾကေသာ ႏိုင္ငံတကာမွ ေခါင္းေဆာင္မ်ားအား တည္ခင္းဧည့္ခံေသာ ညစာစားပြဲ သို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္စဥ္

 ၿပီးျပည့္စုံေသာ ဒီမိုကေရစီအသြင္ ကူးေျပာင္းေရးတြင္ ျမန္မာႏိုင္ငံအတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ရန္ လို အပ္ၿပီး လာမည့္ေ႐ြးေကာက္ပြဲမတိုင္မီ ေျခဥျပင္ဆင္ရန္ ျဖစ္ႏိုင္ဖြယ္မရွိေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ယမန္ေန႔က တိုက်ိဳၿမိဳ႕၌ Nikkei Asian Review သတင္းဌာနႏွင့္ သီးသန႔္ေတြ႕ဆုံေမးျမန္းမႈတြင္ယင္းသို႔ ထည့္သြင္းေျပာၾကားျခင္းျဖစ္သည္။

လႊတ္ေတာ္တြင္ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းပါဝင္ေနေသာေၾကာင့္ အေရးပါေသာ အာဏာကိုတပ္မေတာ္က ပိုင္ဆိုင္ထားျခင္းျဖစ္ၿပီး ယင္းအခ်က္က ဖြဲ႕စည္းပုံ ျပင္ဆင္ေရး၌ တပ္မေတာ္ကို ဗီတိုအာဏာ ေပးထားျခင္းျဖစ္သည္ဟု Nikkei Asian Review က ေဖာ္ျပသည္။

ယင္းအခ်က္အပါအဝင္ အ ေျခခံဥပေဒ၏ က်န္အစိတ္အပိုင္း မ်ားကို ျပင္ဆင္မွသာ ၿပီးျပည့္စုံ  သည့္ ဒီမိုကေရစီျဖစ္မည္ဟု ေဒၚေအာင္ဆန္းစုၾကည္က Nikkei Asian Review အား ေျပာ သည္။

ဖြဲ႕စည္းပုံ ျပင္ဆင္ေရးအ တြက္ လက္ရွိလႊတ္ေတာ္က ပူး ေပါင္းေကာ္မတီျဖင့္ ေဆာင္႐ြက္ ေနေသာ္လည္း တပ္မေတာ္က စိတ္ပါဝင္စားမႈ သိပ္မရွိေၾကာင္း ေဒၚေအာင္ ဆန္းစုၾကည္က ေျပာ သည္။ ယင္းသည္ ၂၀၂၀ ေ႐ြး ေကာက္ပြဲတြင္ အႏိုင္ရပါက ေနာက္သက္တမ္းအတြင္း ေျဖ ရွင္းရမည့္ကိစၥအျဖစ္ ၫႊန္ျပေန ေၾကာင္း ၎ကဆက္ လက္ေျပာ သည္။ သို႔ေသာ္ ေဒၚေအာင္ဆန္းစု ၾကည္က ‘‘လာမယ့္ႏွစ္အတြင္း အ ေျခခံဥပေဒျပင္ဆင္ေရး စြမ္း ေဆာင္ႏိုင္မႈအေပၚ လာမယ့္ေ႐ြး ေကာက္ပြဲအတြက္ ေမွ်ာ္လင့္ ခ်က္ ေတြကို ကြၽန္မတို႔တည္ေဆာက္ ေနတာမဟုတ္ပါဘူး’’ဟု ေျပာ သည္။ ရခိုင္ျပည္နယ္ႏွင့္ပတ္သက္ ၍ ဘဂၤါလီမ်ားကို ၿဖိဳခြင္းျခင္း သည္ အၾကမ္းဖက္တိုက္ခိုက္မႈ (ARSA ၏ အၾကမ္းဖက္တိုက္ခိုက္ မႈ) ကို တုံ႔ျပန္ျခင္းျဖစ္ၿပီး လူ႔အခြင့္ အေရးႏွင့္ပတ္သက္၍ ၎တို႔၏  စိုးရိမ္မႈကို နားလည္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာ ၾကားသည္။

‘‘ရခိုင္မွာျဖစ္ပြားခဲ့တဲ့ ျပႆ နာေတြထဲမွာ အၾကမ္းဖက္မႈဟာ အဓိကက်တာကို ႏိုင္ငံတကာအ သိုင္းအဝိုင္းက အာ႐ုံစိုက္မႈနည္း ပါးတာကို ကြၽန္မတို႔အေနနဲ႔ အ ရမ္းပဲစိတ္ ပ်က္မိပါတယ္’’ဟု ၎ က ေျပာသည္။

ရခိုင္ျပည္နယ္အေရးသည္ ဘာသာေရးဆိုင္ရာကိစၥ မဟုတ္ ဘဲ အခ်ိဳ႕က ဘာသာေရးဆိုင္ရာ ကိစၥအျဖစ္ ပုံေဖာ္ေနေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က တုံ႔ ျပန္သည္။ ရခိုင္ အေရးသည္စီးပြား ေရးႏွင့္ လူမႈေရးဆိုင္ရာကိစၥမ်ား သာျဖစ္ေၾကာင္း ၎ကဆိုသည္။

ထို႔အျပင္ ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းမႈကိုမလိုခ်င္သည့္၊ ရခိုင္ ျပည္နယ္ျပႆနာမ်ားကို အေျဖ မရွာလိုသည့္ အစြန္းေရာက္အဖြဲ႕ မ်ားရွိေနသည္ဟု ယူဆေၾကာင္း  ေဒၚေအာင္ ဆန္းစုၾကည္က ဆက္ လက္ေျပာသည္။

ရခိုင္ျပည္နယ္အေရးႏွင့္ ပတ္သက္၍ ႏိုင္ငံတကာအသိုင္း အဝိုင္းသည္ ဖိအားမ်ားဆက္ လက္ေပးေနဆဲျဖစ္ၿပီး အေမရိ ကန္ႏွင့္ ဥေရာပႏွင့္စီးပြားေရးပူး ေပါင္းေဆာင္႐ြက္မႈ တိုးခ်ဲ႕ရန္ လို အပ္မႈအေျခအေနကို ေဒၚေအာင္ ဆန္းစုၾကည္က ေအာက္ပါ အတိုင္းေျဖၾကားသည္။

‘‘ကြၽန္မတို႔ ဒီျပႆနာ (ရခိုင္ ျပည္နယ္အေရး)ကိုေျဖရွင္းခ်င္ တာက ဘယ္ႏိုင္ငံနဲ႔မဆို စီးပြား ေရးပူးေပါင္းေဆာင္႐ြက္မႈ တိုး ျမင့္လာေစဖို႔မဟုတ္ပါဘူး။ ဒါေပ မဲ့ ဒါကႏိုင္ငံ ရဲ႕တည္ၿငိမ္မႈ၊ ၿငိမ္း ခ်မ္းေရးတို႔အတြက္ မရွိမျဖစ္အ ေရးႀကီးပါတယ္’’ ဟု ၎ကေျပာ သည္။

ထို႔ေနာက္ ေဒၚေအာင္ဆန္း စုၾကည္သည္ တ႐ုတ္၏ဩဇာ လႊမ္းမိုးမႈ ႀကီးထြားလာျခင္းကို ေလွ်ာ့ခ်ၿပီး တ႐ုတ္ႏွင့္ေကာင္းမြန္ သည့္ ဆက္ဆံေရးရွိေၾကာင္းေျပာ သည္။ ‘‘ကြၽန္မ တို႔နဲ႔ တ႐ုတ္နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိပါ တယ္။ ေနာက္ၿပီး ကြၽန္မတို႔ဟာ ကမာၻတစ္ဝန္းလုံးရွိ ႏိုင္ငံေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ထိန္းသိမ္းဖို႔လိုလားပါတယ္’’ ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ က ေျပာသည္။

တ႐ုတ္၏ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ မည္ သည့္ရင္းႏွီးျမႇဳပ္ႏွံမႈမဆို အျပန္အ လွန္ အက်ိဳးျဖစ္ထြန္းမႈ ရွိသင့္ ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ဆက္ လက္ေျပာသည္။

လာမည့္ေ႐ြးေကာက္ပြဲတြင္  ေဒၚေအာင္ဆန္းစုၾကည္သည္ (၇၅) ႏွစ္ရွိေနမည္ျဖစ္ၿပီး ၎ေန ရာကို ဆက္ခံမည့္သူကင္းမဲ့ေန သည္ဟု ေမးခြန္းထုတ္မႈအေပၚ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီသည္ အဆင့္ဆင့္ တည္ ေဆာက္ထားၿပီး လက္ရွိဒီခ်ဳပ္ ေခါင္းေဆာင္ပိုင္းမွ ဆက္ခံမည့္ သူက ထိန္းသိမ္းလုပ္ေဆာင္ႏိုင္ မည္ဟု ေမွ်ာ္လင့္ ထားေၾကာင္း ျပန္လည္ေျဖၾကားသည္။

အနားယူရန္အစီအစဥ္မ်ား ႏွွင့္ပတ္သက္၍ ေဒၚေအာင္ဆန္းစု ၾကည္က ‘‘ကြၽန္မတို႔မွာ အၿမဲတမ္း အစီအစဥ္ အမ်ားအျပားရွိပါ တယ္။ ... ရွင္တို႔အေနနဲ႔ အနာ ဂတ္အတြက္ အစီအစဥ္တစ္ခု တည္းအေပၚမွာ ရပ္တည္ထားလို႔ မရႏိုင္ပါဘူး’’ဟု ျပန္လည္ေျဖ ၾကားခဲ့သည္။

Unicode

ရွေးကောက်ပွဲမတိုင်မီ ခြေဥပြင်ဆင်ရန်ဖြစ်နိုင်ဖွယ်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဂျပန်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတကာမှ ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်စဉ်

 ပြီးပြည့်စုံသော ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လို အပ်ပြီး လာမည့်ရွေးကောက်ပွဲမတိုင်မီ ခြေဥပြင်ဆင်ရန် ဖြစ်နိုင်ဖွယ်မရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က တိုကျိုမြို့၌ Nikkei Asian Review သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင်ယင်းသို့ ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။

လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေသောကြောင့် အရေးပါသော အာဏာကိုတပ်မတော်က ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယင်းအ ချက်က ဖွဲ့စည်းပုံပြင်ဆင်ရေး၌ တပ်မတော်ကို ဗီတိုအာဏာ ပေးထားခြင်းဖြစ်သည်ဟု Nikkei Asian Review က ဖော်ပြသည်။

ယင်းအချက်အပါအဝင် အ ခြေခံဥပဒေ၏ ကျန်အစိတ်အပိုင်း များကို ပြင်ဆင်မှသာ ပြီးပြည့်စုံ  သည့် ဒီမိုကရေစီဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က Nikkei Asian Review အား ပြော သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအ တွက် လက်ရှိလွှတ်တော်က ပူး ပေါင်းကော်မတီဖြင့် ဆောင်ရွက် နေသော်လည်း တပ်မတော်က စိတ်ပါဝင်စားမှု သိပ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ ယင်းသည် ၂၀၂၀ ရွေး ကောက်ပွဲတွင် အနိုင်ရပါက နောက်သက်တမ်းအတွင်း ဖြေ ရှင်းရမည့်ကိစ္စအဖြစ် ညွှန်ပြနေ ကြောင်း ၎င်းကဆက်လက်ပြော သည်။ သို့သော် ဒေါ်အောင်ဆန်းစု ကြည်က ‘‘လာမယ့်နှစ်အတွင်း အ ခြေခံဥပဒေပြင်ဆင်ရေး စွမ်း ဆောင်နိုင်မှုအပေါ် လာမယ့်ရွေး ကောက်ပွဲအတွက် မျှော်လင့်ချက် တွေကို ကျွန်မတို့တည်ဆောက် နေတာမဟုတ်ပါဘူး’’ဟု ပြော သည်။ ရခိုင်ပြည်နယ်နှင့်ပတ်သက် ၍ ဘင်္ဂါလီများကို ဖြိုခွင်းခြင်း သည် အကြမ်းဖက်တိုက်ခိုက်မှု (ARSA ၏ အကြမ်းဖက်တိုက်ခိုက် မှု) ကို တုံ့ပြန်ခြင်းဖြစ်ပြီး လူ့အခွင့် အရေးနှင့်ပတ်သက်၍ ၎င်းတို့၏  စိုးရိမ်မှုကို နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

‘‘ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ပြဿ နာတွေထဲမှာ အကြမ်းဖက်မှုဟာ အဓိကကျတာကို နိုင်ငံတကာအ သိုင်းအဝိုင်းက အာရုံစိုက်မှုနည်း ပါးတာကို ကျွန်မတို့အနေနဲ့ အ ရမ်းပဲစိတ်ပျက်မိပါတယ်’’ဟု ၎င်း က ပြောသည်။

ရခိုင်ပြည်နယ်အရေးသည် ဘာသာရေးဆိုင်ရာကိစ္စ မဟုတ် ဘဲ အချို့က ဘာသာရေးဆိုင်ရာ ကိစ္စအဖြစ် ပုံဖော်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ ပြန်သည်။ ရခိုင်အရေးသည်စီးပွား ရေးနှင့် လူမှုရေးဆိုင်ရာကိစ္စများ သာဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ် ငြိမ်းချမ်းမှုကိုမလိုချင်သည့်၊ ရခိုင် ပြည်နယ်ပြဿနာများကို အဖြေ မရှာလိုသည့် အစွန်းရောက်အဖွဲ့ များရှိနေသည်ဟု ယူဆကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်း အဝိုင်းသည် ဖိအားများဆက် လက်ပေးနေဆဲဖြစ်ပြီး အမေရိ ကန်နှင့် ဥရောပနှင့်စီးပွားရေးပူး ပေါင်း ဆောင်ရွက်မှု တိုးချဲ့ရန် လို အပ်မှုအခြေအနေကို ဒေါ်အောင် ဆန်းစုကြည်က အောက်ပါ အတိုင်းဖြေကြားသည်။

‘‘ကျွန်မတို့ ဒီပြဿနာ (ရခိုင် ပြည်နယ်အရေး)ကိုဖြေရှင်းချင် တာက ဘယ်နိုင်ငံနဲ့မဆို စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု တိုး မြင့်လာစေဖို့မဟုတ်ပါဘူး။ ဒါပေ မဲ့ ဒါကနိုင်ငံရဲ့တည်ငြိမ်မှု၊ ငြိမ်း ချမ်းရေးတို့အတွက် မရှိမဖြစ်အ ရေးကြီးပါတယ်’’ ဟု ၎င်းကပြော သည်။

ထို့နောက် ဒေါ်အောင်ဆန်း စုကြည်သည် တရုတ်၏ဩဇာ လွှမ်းမိုးမှု ကြီးထွားလာခြင်းကို လျှော့ချပြီး တရုတ်နှင့်ကောင်းမွန် သည့် ဆက်ဆံရေးရှိကြောင်းပြော သည်။ ‘‘ကျွန်မတို့နဲ့ တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါ တယ်။ နောက်ပြီး ကျွန်မတို့ဟာ ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့လိုလားပါတယ်’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောသည်။

တရုတ်၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ မည် သည့်ရင်းနှီးမြှုပ်နှံမှုမဆို အပြန်အ လှန် အကျိုးဖြစ်ထွန်းမှု ရှိသင့် ကြောင်း ဒေါ်အောင် ဆန်းစုကြည် က ဆက်လက်ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင်  ဒေါ်အောင်ဆန်းစုကြည်သည် (၇၅) နှစ်ရှိနေမည်ဖြစ်ပြီး ၎င်းနေ ရာကို ဆက်ခံမည့်သူကင်းမဲ့နေ သည်ဟု မေးခွန်းထုတ်မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် အဆင့်ဆင့် တည် ဆောက်ထားပြီး လက်ရှိဒီချုပ် ခေါင်းဆောင်ပိုင်းမှ ဆက်ခံမည့် သူက ထိန်းသိမ်းလုပ်ဆောင်နိုင် မည်ဟု မျှော်လင့်ထားကြောင်း ပြန်လည်ဖြေကြားသည်။

အနားယူရန်အစီအစဉ်များ နှှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်က ‘‘ကျွန်မတို့မှာ အမြဲတမ်း အစီအစဉ် အများအပြားရှိပါ တယ်။ ... ရှင်တို့အနေနဲ့ အနာ ဂတ်အတွက် အစီအစဉ်တစ်ခု တည်းအပေါ်မှာ ရပ်တည်ထားလို့ မရနိုင်ပါဘူး’’ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

====================================

END / 251