၂၆ အောက်တိုဘာ ၂၀၁၉ - ၁၉:၅၅
အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးမည္ဟု KIO ေခါင္းေဆာင္ ကခ်င္လူထုအား အသိေပး ႏွစ္ကာလရွည္ၾကာစြာ ေလ့လာဆုံးျဖတ္ခဲ့ျခင္းျဖစ္၍ စိတ္ဝမ္းမကြဲၾကရ

အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရး လက္မွတ္ထိုးမည္ဟု ကခ်င္ လက္နက္ကိုင္ အဖြဲ႕ (KIO/ KIA)ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္ လက ကခ်င္လူထုအား ယမန္ေန႔တြင္ အသိ ေပးသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရး လက္မွတ္ထိုးမည္ဟု ကခ်င္လက္နက္ကိုင္ အဖြဲ႕ (KIO/ KIA)ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လက ကခ်င္လူထုအား ယမန္ေန႔တြင္ အသိ ေပးသည္။

ေအာက္တိုဘာ ၂၅ ရက္တြင္ က်ေရာက္ သည့္ (၅၉)ႏွစ္ျပည့္ KIO အထိမ္းအမွတ္ေန႔၌ ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လ ေျပာၾကားသည့္ ကခ်င္ဘာသာျဖင့္ ေဖာ္ျပသည့္ မိန႔္ခြန္းကို KIO/KIA သတင္းႏွင့္ ျပန္ၾကားေရးဌာနက ထုတ္ျပန္ သည္။

‘‘(၅၉)ႏွစ္ျပည့္ ေကအိုင္အို အထိမ္းအမွတ္ေန႔မွာ အထူးမွာ ၾကားလိုတာက အပစ္အခတ္ရပ္ ၿပီးေတာ့ စစ္ေရွာင္ေတြ ေနရပ္ျပန္ ႏိုင္ေရးနဲ႔ သူတို႔အတြက္ စားပြဲေပၚ ထိုင္ၿပီး ေသခ်ာေဆြးေႏြးသြားမွာ ျဖစ္တယ္။ ၿငိမ္းခ်မ္းစြာနဲ႔ ႏိုင္ငံေရး ကို ေဆြးေႏြးသြားဖို႔အတြက္ လက္ မွတ္ထိုးမယ္ဆိုတာကို ေျပာထား တယ္။ အပစ္အခတ္ စာခ်ဳပ္ကို လက္မွတ္ထိုးၿပီးေတာ့ စစ္ေရွာင္ေတြရဲ႕ အေရးကိစၥကို ဦးစားေပးၿပီးေဆြးေႏြးသြားမယ္။ ႏိုင္ငံေရးကို လည္း စားပြဲေပၚမွာ ၿငိမ္းခ်မ္းစြာနဲ႔ ေဆြးေႏြးသြားမယ္ဆိုတာကို အ ထူးအေနနဲ႔ အားလုံးကို မိန႔္မွာၾကားထားတယ္’’ဟု ကခ်င္လူငယ္အဖြဲ႕ မွ မဆြတ္ဆိုင္းထြယ္က ဗိုလ္ခ်ဳပ္ ႀကီး အင္ဘန္လ၏ မိန႔္ခြန္းပါ အေၾကာင္းအရာမ်ားကို ဖတ္ျပ သည္။

KIO က အပစ္အခတ္ရပ္စဲ ေရး လက္မွတ္ထိုးသည့္အေပၚ ျပည္သူမ်ားအေနျဖင့္ ရႈတ္ခ်ေျပာ ဆိုျခင္း၊ သေဘာမတူျခင္း၊ စိတ္ ဝမ္းကြဲျခင္းမျပဳဘဲ ေသခ်ာလိုက္ နာကာ အားလုံးေမွ်ာ္လင့္သည့္ ႏိုင္ငံေရးပန္းတိုင္ ေရာက္ရွိေရး ေဆာင္႐ြက္ရန္ ဗိုလ္ခ်ဳပ္ႀကီး အင္ ဘန္လက တိုက္တြန္းထားသည္။

‘‘ၿပီးလို႔ရွိရင္ အပစ္အခတ္ သေဘာတူလက္မွတ္ထိုးဖို႔အ တြက္ကိုလည္း ႏွစ္နဲ႔ခ်ီၿပီး ႏိုင္ငံ ေရးဆိုင္ရာ ေလ့လာမႈေတြ၊ သုံး သပ္မႈေတြ အမ်ားႀကီးလုပ္ၿပီးမွ ဒီလိုဆုံးျဖတ္ခဲ့တာ ျဖစ္တဲ့အတြက္ ေၾကာင့္ ဘယ္သူမွ ဒီအေပၚမွာ အထင္အျမင္လြဲမွားတာမ်ိဳးေတြ၊ ေမွ်ာ္လင့္ခ်က္မဲ့တာမ်ိဳးေတြ မျဖစ္ ဖို႔အတြက္ သူ ဒီမွာ အထူးတိုက္ တြန္းၿပီးမွ ေျပာဆိုထားတယ္’’ဟု မဆြတ္ဆိုင္းထြယ္က ေျပာသည္။

လြန္ခဲ့သည့္ အခ်ိန္မ်ားက အစိုးရ၊ တပ္မေတာ္၊ KIO တို႔ ထိပ္တိုက္ေတြ႕စဥ္က ျပည္သူမ်ား ဒုကၡမ်ားစြာ ႀကဳံေတြ႕ခဲ့ရေၾကာင္း ၎က ေျပာသည္။

‘‘အဲဒီေတာ့ အခုလို လက္ မွတ္ထိုးၿပီး ျပည္သူေတြအတြက္ စဥ္းစားငဲ့ညႇာတဲ့ ႏိုင္ငံေရးလမ္း ေၾကာင္းကို ကြၽန္မအေနနဲ႔ ႀကိဳဆို ပါတယ္’’ဟု မဆြတ္ဆိုင္းထြယ္က ေျပာသည္။

Bilateral လက္မွတ္ထိုးၿပီး ၿငိမ္းခ်မ္းစြာ ေဆြးေႏြးသည့္ လုပ္ ငန္းစဥ္ကို အေၾကာင္းျပဳၿပီး ကခ်င္ျပည္သူမ်ားအေပၚ စီးပြားေရးကုပ္ ေသြးမစုပ္ရန္ အေရးႀကီးေၾကာင္း အဆိုပါ ကခ်င္လူငယ္အဖြဲ႕မွ အမ်ိဳးသမီးက ေျပာသည္။

‘‘ဘာျဖစ္လို႔လဲဆိုေတာ့ လြန္ ခဲ့တဲ့ ၁၇ ႏွစ္ၾကာ အပစ္အခတ္ရပ္ စဲေရးကာလမွာလည္း ကခ်င္ျပည္ သူေတြအေနနဲ႔ လူမႈေရး၊ စီးပြား ေရး အမ်ားႀကီးေနာက္က်က်န္ခဲ့ သလို ကခ်င္ျပည္နယ္မွာ ခ႐ိုနီ ေတြ အရမ္းမ်ားသြားတယ္။ ေျမ သိမ္း၊ ယာသိမ္းမႈေတြ အမ်ားႀကီး ျဖစ္ေပၚသြားတာပဲ အဖတ္တင္ သြားတယ္။ အခုတစ္ခါမွာလည္း Bilateral ဆိုတာ NCA လမ္း ေၾကာင္းေပၚက တစ္ခုပဲလို႔ နား လည္တာေပါ့။ အဲဒါေၾကာင့္ KIO အေနနဲ႔ ျပည္သူေတြအေပၚ ထိခိုက္ေစမယ့္အျဖစ္မ်ိဳး မေရာက္ေအာင္ သတိထားၿပီး ေဆြးေႏြး သြားရင္ ပိုၿပီးေကာင္းမယ္လို႔ ထင္ ပါတယ္’’ဟု မဆြတ္ဆိုင္းထြယ္က ေျပာသည္။

ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး အက်ိဳးေဆာင္အဖြဲ႕ (PCG)မွ ဦးလမိုင္ဂြန္ဂ်ာက ‘‘ဥကၠ႒ႀကီး ရဲ႕ ႏႈတ္ခြန္းဆက္စကားေတြပါ။ တျခားေတာ့ မဟုတ္ပါဘူး။ (၅၉) ႏွစ္ အထိမ္းအမွတ္ မိန႔္ခြန္းေျပာ တာပါ။ အခု ေလာေလာဆယ္က အစိုးရနဲ႔ Bilateral ကိစၥ ႀကိဳးစား လုံးပန္းေနတယ္ဆိုတဲ့ အေၾကာင္း ေတြပါတယ္’’ဟု ေျပာသည္။

အစိုးရ ေဆြးေႏြးေရးကိုယ္ စားလွယ္အဖြဲ႕ႏွင့္ KIO ဥကၠ႒တို႔ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၇ ရက္က ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕၌ အ လြတ္သေဘာ ေဆြးေႏြးခဲ့သည္။ တစ္ဖက္တြင္ KIO အပါအဝင္ ေျမာက္ပိုင္း လက္နက္ကိုင္ေလးဖြဲ႕ႏွင့္ အစိုးရၾကား Bilateral အပစ္ရပ္စဲေရး ႏွစ္ဖက္သေဘာတူညီ ခ်က္ လက္မွတ္ထိုးရန္ ေဆြးေႏြးညႇိႏႈိင္းေနရာ ႏိုဝင္ဘာလဆန္း၌ ထပ္မံေတြ႕ဆုံမည္ျဖစ္သည္။

KIO သည္ ၁၉၉၄ တြင္ အစိုးရႏွင့္ အပစ္ရပ္စဲေရး ႏွစ္ဖက္ သေဘာတူညီခ်က္ လက္မွတ္ေရး ထိုးေသာ္လည္း ၂၀၁၁ တြင္ က်ိဳးပ်က္ၿပီး တိုက္ပြဲမ်ား ျပန္ လည္ျဖစ္ပြားခဲ့သည္။

Unicode

အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည်ဟု KIO ခေါင်းဆောင် ကချင်လူထုအား အသိပေး
နှစ်ကာလရှည်ကြာစွာ လေ့လာဆုံးဖြတ်ခဲ့ခြင်းဖြစ်၍ စိတ်ဝမ်းမကွဲကြရန် တိုက်တွန်း၊ စစ်ရှောင်အရေး ဦးစားပေးဆောင်ရွက်မည်ဟုဆို

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမည်ဟု ကချင်လက်နက်ကိုင် အဖွဲ့ (KIO/ KIA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်လူထုအား ယမန်နေ့တွင် အသိ ပေးသည်။

အောက်တိုဘာ ၂၅ ရက်တွင် ကျရောက် သည့် (၅၉)နှစ်ပြည့် KIO အထိမ်းအမှတ်နေ့၌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားသည့် ကချင်ဘာသာဖြင့် ဖော်ပြသည့် မိန့်ခွန်းကို KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

‘‘(၅၉)နှစ်ပြည့် ကေအိုင်အို အထိမ်းအမှတ်နေ့မှာ အထူးမှာ ကြားလိုတာက အပစ်အခတ်ရပ် ပြီးတော့ စစ်ရှောင်တွေ နေရပ်ပြန် နိုင်ရေးနဲ့ သူတို့အတွက် စားပွဲပေါ် ထိုင်ပြီး သေချာဆွေးနွေးသွားမှာ ဖြစ်တယ်။ ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေး ကို ဆွေးနွေးသွားဖို့အတွက် လက် မှတ်ထိုးမယ်ဆိုတာကို ပြောထား တယ်။ အပစ်အခတ် စာချုပ်ကို လက်မှတ်ထိုးပြီးတော့ စစ်ရှောင်တွေရဲ့ အရေးကိစ္စကို ဦးစားပေးပြီးဆွေးနွေးသွားမယ်။ နိုင်ငံရေးကို လည်း စားပွဲပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးသွားမယ်ဆိုတာကို အ ထူးအနေနဲ့ အားလုံးကို မိန့်မှာကြားထားတယ်’’ဟု ကချင်လူငယ်အဖွဲ့ မှ မဆွတ်ဆိုင်းထွယ်က ဗိုလ်ချုပ် ကြီး အင်ဘန်လ၏ မိန့်ခွန်းပါ အကြောင်းအရာများကို ဖတ်ပြ သည်။

KIO က အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ထိုးသည့်အပေါ် ပြည်သူများအနေဖြင့် ရှုတ်ချပြော ဆိုခြင်း၊ သဘောမတူခြင်း၊ စိတ် ဝမ်းကွဲခြင်းမပြုဘဲ သေချာလိုက် နာကာ အားလုံးမျှော်လင့်သည့် နိုင်ငံရေးပန်းတိုင် ရောက်ရှိရေး ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး အင် ဘန်လက တိုက်တွန်းထားသည်။

‘‘ပြီးလို့ရှိရင် အပစ်အခတ် သဘောတူလက်မှတ်ထိုးဖို့အ တွက်ကိုလည်း နှစ်နဲ့ချီပြီး နိုင်ငံ ရေးဆိုင်ရာ လေ့လာမှုတွေ၊ သုံး သပ်မှုတွေ အများကြီးလုပ်ပြီးမှ ဒီလိုဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အတွက် ကြောင့် ဘယ်သူမှ ဒီအပေါ်မှာ အထင်အမြင်လွဲမှားတာမျိုးတွေ၊ မျှော်လင့်ချက်မဲ့တာမျိုးတွေ မဖြစ် ဖို့အတွက် သူ ဒီမှာ အထူးတိုက် တွန်းပြီးမှ ပြောဆိုထားတယ်’’ဟု မဆွတ်ဆိုင်းထွယ်က ပြောသည်။

လွန်ခဲ့သည့် အချိန်များက အစိုးရ၊ တပ်မတော်၊ KIO တို့ ထိပ်တိုက်တွေ့စဉ်က ပြည်သူများ ဒုက္ခများစွာ ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ပြောသည်။

‘‘အဲဒီတော့ အခုလို လက် မှတ်ထိုးပြီး ပြည်သူတွေအတွက် စဉ်းစားငဲ့ညှာတဲ့ နိုင်ငံရေးလမ်း ကြောင်းကို ကျွန်မအနေနဲ့ ကြိုဆို ပါတယ်’’ဟု မဆွတ်ဆိုင်းထွယ်က ပြောသည်။

Bilateral လက်မှတ်ထိုးပြီး ငြိမ်းချမ်းစွာ ဆွေးနွေးသည့် လုပ် ငန်းစဉ်ကို အကြောင်းပြုပြီး ကချင်ပြည်သူများအပေါ် စီးပွားရေးကုပ် သွေးမစုပ်ရန် အရေးကြီးကြောင်း အဆိုပါ ကချင်လူငယ်အဖွဲ့မှ အမျိုးသမီးက ပြောသည်။

‘‘ဘာဖြစ်လို့လဲဆိုတော့ လွန် ခဲ့တဲ့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ် စဲရေးကာလမှာလည်း ကချင်ပြည် သူတွေအနေနဲ့ လူမှုရေး၊ စီးပွား ရေး အများကြီးနောက်ကျကျန်ခဲ့ သလို ကချင်ပြည်နယ်မှာ ခရိုနီ တွေ အရမ်းများသွားတယ်။ မြေ သိမ်း၊ ယာသိမ်းမှုတွေ အများကြီး ဖြစ်ပေါ်သွားတာပဲ အဖတ်တင် သွားတယ်။ အခုတစ်ခါမှာလည်း Bilateral ဆိုတာ NCA လမ်း ကြောင်းပေါ်က တစ်ခုပဲလို့ နား လည်တာပေါ့။ အဲဒါကြောင့် KIO အနေနဲ့ ပြည်သူတွေအပေါ် ထိခိုက်စေမယ့်အဖြစ်မျိုး မရောက်အောင် သတိထားပြီး ဆွေးနွေး သွားရင် ပိုပြီးကောင်းမယ်လို့ ထင် ပါတယ်’’ဟု မဆွတ်ဆိုင်းထွယ်က ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ‘‘ဥက္ကဋ္ဌကြီး ရဲ့ နှုတ်ခွန်းဆက်စကားတွေပါ။ တခြားတော့ မဟုတ်ပါဘူး။ (၅၉) နှစ် အထိမ်းအမှတ် မိန့်ခွန်းပြော တာပါ။ အခု လောလောဆယ်က အစိုးရနဲ့ Bilateral ကိစ္စ ကြိုးစား လုံးပန်းနေတယ်ဆိုတဲ့ အကြောင်း တွေပါတယ်’’ဟု ပြောသည်။

အစိုးရ ဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့နှင့် KIO ဥက္ကဋ္ဌတို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အ လွတ်သဘော ဆွေးနွေးခဲ့သည်။ တစ်ဖက်တွင် KIO အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် အစိုးရကြား Bilateral အပစ်ရပ်စဲရေး နှစ်ဖက်သဘောတူညီ ချက် လက်မှတ်ထိုးရန် ဆွေးနွေးညှိနှိုင်းနေရာ နိုဝင်ဘာလဆန်း၌ ထပ်မံတွေ့ဆုံမည်ဖြစ်သည်။

KIO သည် ၁၉၉၄ တွင် အစိုးရနှင့် အပစ်ရပ်စဲရေး နှစ်ဖက် သဘောတူညီချက် လက်မှတ်ရေး ထိုးသော်လည်း ၂၀၁၁ တွင် ကျိုးပျက်ပြီး တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။

====================================

END / 251