၂၇ အောက်တိုဘာ ၂၀၁၉ - ၁၇:၄၉


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Zawgyi






Unicode

သဘာဝဘေးကာကွယ်ရေး နိုင်ငံတကာ အကူအညီလိုအပ်က ချိတ်ဆက်ပေးမည်ဟု ဦးမင်းကိုနိုင်ပြောကြား

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းကိစ္စများ ဆောင်ရွက်ရာတွင် နိုင်ငံတကာ အကူအညီများ လိုအပ်လျှင်ချိတ် ဆက်ဆောင်ရွက်ပေးမည်ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

အောက်တိုဘာ ၂၆ ရက်က မွန်ပြည်နယ် သထုံခရိုင်သုဝဏ္ဏ ခန်းမတွင် ဆန်ဖရန်စစ္စကိုဗေးဧရိ ယာ မြန်မာတိုင်းရင်းသားမိသားစု များနှင့် သထုံခရိုင်သဘာဝဘေး  စီမံခန့်ခွဲရေးကော်မတီတို့ ပူး ပေါင်းကျင်းပသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ကာ ကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲ၌ အ ထက်ပါအတိုင်း ၎င်းကပြောကြား သည်။

အခမ်းအနားသို့ ဦးမင်းကို နိုင်နှင့် စာရေးဆရာမဒေါ်သန်းမြင့် အောင်တို့ တက်ရောက်ဟော ပြောသည်။

‘‘နိုင်ငံတကာအဆင့်တွေနဲ့  အဆက်အသွယ် လိုချင်တယ်ဆို ရင်ပြောပါ။ ကျွန်တော်တို့ ချိတ် ဆက်ပေးပါ့မယ်။ နိုင်ငံတကာက လည်း ကူညီဖို့အသင့်ရှိပါတယ်’’ ဟု ဦးမင်းကိုနိုင်ကဆိုသည်။

ထို့နောက် တက်ရောက်လာ သည့် အရပ်ဘက်လူမှုအဖွဲ့အ စည်းများနှင့်တွေ့ဆုံပြီး စနစ်ကျ သောလူမှုကယ်ဆယ်ရေး ခရိုင်အ ဆင့်ကွန်ရက် ဖွဲ့စည်းနိုင်ရေးဆွေး နွေးခဲ့သည်။

====================================

END / 251