အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အန္စီေအ အပစ္ရပ္စာခ်ဳပ္မွာ ပါဝင္လက္မွတ္ထိုးခဲ့တဲ့ သက္ဆိုင္သူေခါင္းေဆာင္ေတြ အားလုံးအေနနဲ႔ အန္စီေအပါ သေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ရာမွာ ကတိသစၥာတည္ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း ေျပာပါတယ္။
တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (အန္စီေအ) လက္မွတ္ေရးထိုးျခင္း ၄ ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားကို ေနျပည္ေတာ္ရွိ ျမန္မာအျပည္ ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန (၂) မွာ ဒီကေန႔ က်င္းပရာမွာ မိန႔္ခြန္းေျပာသြားတာပါ။
“ဒီကေန႔ က်မတို႔ၾကားမွာ ျဖစ္ေပၚလာခဲ့တဲ့ အခက္အခဲေတြဟာ အန္စီေအစာခ်ဳပ္ေၾကာင့္ မဟုတ္ပါဘူး။ အန္စီေအစာခ်ဳပ္ကိ အေကာင္အထည္ေဖာ္ရာမွာ အားနည္းခ်က္ေတြ၊ လိုက္နာဖို႔ လိုအပ္ခ်က္ေတြ၊ နားလည္မႈ ကြဲျပားမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့အခက္အခဲေတြပဲ ျဖစ္ပါတယ္။ အန္စီေအကို ပါဝင္လက္မွတ္ထိုးခဲ့တဲ့ သက္ဆိုင္သူေခါင္းေဆာင္ေတြ အားလုံးအေနနဲ႔ အန္စီေအပါ သေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ရာမွာ ကတိသစၥာတည္ၾကဖို႔ အင္မတန္မွ အေရးႀကီးတယ္ဆိုတာကို အားလုံး နားလည္ၿပီး ျဖစ္ပါလိမ့္မယ္”
အခု ၂၀၁၉ ခုႏွစ္ဟာ တပ္မေတာ္နဲ႔ အန္စီေအ လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ ထိေတြ႕တိုက္ပြဲျဖစ္တာ အနည္းဆုံးႏွစ္ျဖစ္ၿပီး တပ္မေတာ္ရဲ႕ တဖက္သတ္အပစ္ရပ္ေပးတာ၊ အစိုးရနဲ႔ အန္စီေအလက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ ေတြ႕ဆုံေဆြးေႏြးပြဲေတြ ဆက္တိုက္လုပ္လာတာေၾကာင့္ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။
ဒါ့အျပင္ သတၱိရွိတဲ့ ႏိုင္ငံေရးဆုံးျဖတ္ခ်က္ေတြကို ရဲရဲရင့္ရင့္ခ်မွတ္ၿပီး အန္စီေအ လက္မွတ္ေရးထိုးခဲ့ၾကတဲ့ ေခါင္းေဆာင္ေတြ အားလုံး၊ ယခင္သမၼတႀကီး ဦးသိန္းစိန္နဲ႔ ယခင္ အစိုးရ တာဝန္ရွိသူေတြအားလုံး၊ တပ္မေတာ္ေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသား ေခါင္းေဆာင္ေတြ အားလုံးကို ဂုဏ္ျပဳပါတယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေတာ့ တက္ေရာက္လာၾကသူ အားလုံးကို ၿငိမ္းခ်မ္းသာယာမႈရွိၾကဖို႔ ဆႏၵျပဳေၾကာင္းေျပာၿပီး အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး မတက္ေရာက္လာတဲ့ အဖြဲ႕ေတြကလည္း သူတို႔အေၾကာင္းနဲ႔ သူတို႔ပဲ ျဖစ္ပါလိမ့္မယ္လို႔ ေျပာပါတယ္။
အန္စီေအ လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ ကိုယ္စား ကရင္အမ်ိဳးသားအစည္းအ႐ုံး (ေကအန္ယူ) ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေဆးဖိုးက အမွာစကား ေျပာရာမွာေတာ့ တေယာက္နဲ႔တေယာက္ မယုံၾကည္တာေတြရွိေနၿပီး တရားမွ်တတဲ့ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြ လိုအပ္တယ္လို႔ ေျပာပါတယ္။
“အခုထက္ထိ တိုးတက္မႈ မ်ားမ်ားစားစား မရရွိေသးတာက သံသယေတြ၊ စိုးရိမ္မႈေတြ၊ ယုံၾကည္မႈေတြ အားနည္းေနၿပီး အာဃာတတရားေတြ အားေကာင္းေနေသးတယ္လို႔ ျမင္မိတယ္။ က်ေနာ္တို႔ေတြဟာ ဘာကို မယုံမၾကည္ျဖစ္ေနၾကရတာလဲ။ ဒါေတြကို ျပန္ဆန္းစစ္ရမွာျဖစ္ၿပီး မွန္ကန္တဲ့၊ တရားမွ်တတဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲေတြနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ပုံေဖာ္ အေကာင္အထည္ ေဖာ္ေဆာင္ၾကရမွာ ျဖစ္တယ္” လို႔ ေျပာပါတယ္။
လက္ရွိမွာေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ရပ္တန႔္သလို ျဖစ္ေနတယ္လို႔လည္း သူက ဆိုပါတယ္။
“က်ေနာ္တို႔အားလုံး တသားတည္းက်တဲ့အျမင္နဲ႔ သုံးသပ္ခ်က္ မဟုတ္ရင္ေတာင္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ က်ေနာ္တို႔ တည္ေဆာက္ခ်င္တဲ့ လမ္းေၾကာင္းကေန တိမ္းေစာင္းသြားေနတဲ့ အေျခအေနကို တြန္းပို႔လာေနတယ္ ဆိုတာကို က်ေနာ္တို႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းတခ်ိဳ႕က သုံးသပ္တာေတြ ရွိသလို ပါဝင္ပတ္သက္ေနၾကတဲ့ အစုအဖြဲ႕ေတြၾကားမွာ မယုံၾကည္မႈေတြ၊ စိုးရိမ္ေၾကာင့္ၾကမႈေတြ၊ အစြန္းေရာက္မႈေတြ၊ အသာစီးရလိုမႈေတြ ရွိေနၾကလို႔ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြကို မျပဳလုပ္ မက်င္းပႏိုင္ခဲ့ၾကဘဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ရပ္တန႔္သလို ျဖစ္ေနပါတယ္။”
ဒီေန႔ အခမ္းအနားမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ဒုတိယသမၼတေတြ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အစိုးရ ထိပ္တန္းေခါင္းေဆာင္ေတြ၊ လႊတ္ေတာ္အႀကီးအကဲေတြ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ စစ္ဘက္တာဝန္ရွိသူေတြ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြက ထိပ္တန္းေခါင္းေဆာင္ေတြ တက္ေရာက္ၾကပါတယ္။
အန္စီေအ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ – ရွမ္းျပည္တပ္မေတာ္ RCSS /SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္ကေတာ့ ေနျပည္ေတာ္ကို ေမာ္ေတာ္ယာဥ္နဲ႔ လာဖို႔ စီစဥ္ခဲ့ရာမွာ တပ္မေတာ္နဲ႔ ညႇိႏႈိင္းလို႔ မရတာေၾကာင့္ အခမ္းအနား တက္ေရာက္ျခင္း မရွိခဲ့ပါဘူး။
အန္အယ္လ္ဒီ အစိုးရအေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ပတ္သက္ၿပီး လုပ္ငန္းစဥ္ ၃ ရပ္ ခ်မွတ္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားပါတယ္။
Unicode
အန်စီအေ လက်မှတ်ထိုးထားသူများ ကတိသစ္စာတည်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
အန်စီအေ အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခဲ့တဲ့ သက်ဆိုင်သူခေါင်းဆောင်တွေ အားလုံးအနေနဲ့ အန်စီအေပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ကတိသစ္စာတည်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ပြောပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ဒီကနေ့ ကျင်းပရာမှာ မိန့်ခွန်းပြောသွားတာပါ။
“ဒီကနေ့ ကျမတို့ကြားမှာ ဖြစ်ပေါ်လာခဲ့တဲ့ အခက်အခဲတွေဟာ အန်စီအေစာချုပ်ကြောင့် မဟုတ်ပါဘူး။ အန်စီအေစာချုပ်ကိ အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေ၊ လိုက်နာဖို့ လိုအပ်ချက်တွေ၊ နားလည်မှု ကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အခက်အခဲတွေပဲ ဖြစ်ပါတယ်။ အန်စီအေကို ပါဝင်လက်မှတ်ထိုးခဲ့တဲ့ သက်ဆိုင်သူခေါင်းဆောင်တွေ အားလုံးအနေနဲ့ အန်စီအေပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ကတိသစ္စာတည်ကြဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို အားလုံး နားလည်ပြီး ဖြစ်ပါလိမ့်မယ်”
အခု ၂၀၁၉ ခုနှစ်ဟာ တပ်မတော်နဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်တာ အနည်းဆုံးနှစ်ဖြစ်ပြီး တပ်မတော်ရဲ့ တဖက်သတ်အပစ်ရပ်ပေးတာ၊ အစိုးရနဲ့ အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်လာတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် သတ္တိရှိတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ရဲရဲရင့်ရင့်ချမှတ်ပြီး အန်စီအေ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေ အားလုံး၊ ယခင်သမ္မတကြီး ဦးသိန်းစိန်နဲ့ ယခင် အစိုးရ တာဝန်ရှိသူတွေအားလုံး၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးကို ဂုဏ်ပြုပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တက်ရောက်လာကြသူ အားလုံးကို ငြိမ်းချမ်းသာယာမှုရှိကြဖို့ ဆန္ဒပြုကြောင်းပြောပြီး အကြောင်းအမျိုးမျိုးပြပြီး မတက်ရောက်လာတဲ့ အဖွဲ့တွေကလည်း သူတို့အကြောင်းနဲ့ သူတို့ပဲ ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။
အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက အမှာစကား ပြောရာမှာတော့ တယောက်နဲ့တယောက် မယုံကြည်တာတွေရှိနေပြီး တရားမျှတတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လိုအပ်တယ်လို့ ပြောပါတယ်။
“အခုထက်ထိ တိုးတက်မှု များများစားစား မရရှိသေးတာက သံသယတွေ၊ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတတရားတွေ အားကောင်းနေသေးတယ်လို့ မြင်မိတယ်။ ကျနော်တို့တွေဟာ ဘာကို မယုံမကြည်ဖြစ်နေကြရတာလဲ။ ဒါတွေကို ပြန်ဆန်းစစ်ရမှာဖြစ်ပြီး မှန်ကန်တဲ့၊ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော် အကောင်အထည် ဖော်ဆောင်ကြရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်သလို ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။
“ကျနော်တို့အားလုံး တသားတည်းကျတဲ့အမြင်နဲ့ သုံးသပ်ချက် မဟုတ်ရင်တောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျနော်တို့ တည်ဆောက်ချင်တဲ့ လမ်းကြောင်းကနေ တိမ်းစောင်းသွားနေတဲ့ အခြေအနေကို တွန်းပို့လာနေတယ် ဆိုတာကို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က သုံးသပ်တာတွေ ရှိသလို ပါဝင်ပတ်သက်နေကြတဲ့ အစုအဖွဲ့တွေကြားမှာ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက်မှုတွေ၊ အသာစီးရလိုမှုတွေ ရှိနေကြလို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို မပြုလုပ် မကျင်းပနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်သလို ဖြစ်နေပါတယ်။”
ဒီနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒုတိယသမ္မတတွေ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ၊ လွှတ်တော်အကြီးအကဲတွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ဘက်တာဝန်ရှိသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။
အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – ရှမ်းပြည်တပ်မတော် RCSS /SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ကတော့ နေပြည်တော်ကို မော်တော်ယာဉ်နဲ့ လာဖို့ စီစဉ်ခဲ့ရာမှာ တပ်မတော်နဲ့ ညှိနှိုင်းလို့ မရတာကြောင့် အခမ်းအနား တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
အန်အယ်လ်ဒီ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုပ်ငန်းစဉ် ၃ ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
====================================
END / 251
၂၈ အောက်တိုဘာ ၂၀၁၉ - ၁၇:၁၅
News ID: 984852
အန္စီေအ အပစ္ရပ္စာခ်ဳပ္မွာ ပါဝင္လက္မွတ္ထိုးခဲ့တဲ့ သက္ ဆိုင္သူေခါင္းေဆာင္ေတြ အားလုံးအေနနဲ႔ အန္စီေအပါ သေ ဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ရာမွာ ကတိ သစၥာတည္ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ တိုက္တြန္း ေျပာပါတယ္။