၂၉ အောက်တိုဘာ ၂၀၁၉ - ၁၈:၀၀
 ျပည္ေထာင္စု၏ အနာဂတ္ကို တိုက္ပြဲမ်ားက ၿခိမ္းေျခာက္ေနျခင္းသည္ အႀကီးမားဆုံး ဆုံးရႈံးမႈဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား

အစိုးရက ေရွ႕ဆက္ေဆာင္႐ြက္မည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္း စဥ္သုံးရပ္ကို NCA ေလးႏွစ္ျပည့္ပြဲတြင္ရွင္းျပ NCA အေပၚ အခိုင္အမာရပ္တည္ေၾကာင္း တပ္ခ်ဳပ္ေျပာ ေလးႏွစ္ျပည့္တြင္ အပစ္ရပ္အဖြဲ႕မစုံ၍ ဝမ္းနည္းေၾကာင္း KNU ဥကၠ႒ ဖြင့္ဟ

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

အစိုးရက ေရွ႕ဆက္ေဆာင္႐ြက္မည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္သုံးရပ္ကို NCA ေလးႏွစ္ျပည့္ပြဲတြင္ရွင္းျပ

NCA အေပၚ အခိုင္အမာရပ္တည္ေၾကာင္း တပ္ခ်ဳပ္ေျပာ ေလးႏွစ္ျပည့္တြင္ အပစ္ရပ္အဖြဲ႕မစုံ၍ ဝမ္းနည္းေၾကာင္း KNU ဥကၠ႒ ဖြင့္ဟ

ျပည္ေထာင္စု၏  အနာဂတ္ကိုတိုက္ပြဲမ်ား က ၿခိမ္းေျခာက္ေနျခင္းသည္ အႀကီးမားဆုံး ဆုံးရႈံးမႈျဖစ္ ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္က ယမန္ေန႔တြင္က်င္းပခဲ့သည့္ NCA ေလးႏွစ္ျပည့္ ႏွစ္ပတ္လည္အထိမ္းအမွတ္ အခမ္းအနား၌ ေျပာၾကား သည္။

ျမန္မာႏိုင္ငံ၏ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡ အတြင္း  ေဘးဒုကၡအမ်ားဆုံး ခံစားေနရသူမ်ားသည္ တိုင္း ရင္းသားမ်ိဳးႏြယ္စုမ်ားျဖစ္ေၾကာင္း၊ လက္နက္ကိုင္ပဋိပကၡ မ်ားေၾကာင့္ ေနအိမ္၊ စည္းစိမ္၊

အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမ်ား ေဒၚလာဘီလီယံႏွင့္ခ်ီ ပ်က္စီးဆုံးရႈံးခဲ့ရၿပီး တန္ဖိုးမျဖတ္ ႏိုင္သည့္ လူ႔အသက္မ်ားစြာ ေပး ဆပ္ခဲ့ရသည္ဟု ၎ကဆိုသည္။

‘‘အႀကီးမားဆုံးေသာ ဆုံးရႈံး မႈကေတာ့  ျပည္ေထာင္စုရဲ႕အနာ ဂတ္ကို တိုက္ပြဲေတြက ၿခိမ္း ေျခာက္သလိုျဖစ္ျခင္းပါပဲ။ ဒါ ေၾကာင့္ လူနည္းစုတိုင္းရင္းသား ေတြရဲ႕ ခံစားခ်က္ေတြ၊ နာက်င္မႈ ေတြ၊ ဒဏ္ရာဒဏ္ခ်က္ေတြကို ကြၽန္မတို႔ရဲ႕ႏွလုံးသားနဲ႔ ခံစားနား လည္ေပးၿပီး အားလုံးႀကဳံေတြ႕ခဲ့ရ တဲ့ အခက္အခဲေတြ၊ ႐ုန္းကန္ မႈေတြကို ကြၽန္မတို႔သိျမင္သေဘာ ေပါက္ကုစားေပးႏိုင္မွသာ ပဋိပကၡ ေျဖရွင္းေရးကို ဦးတည္တဲ့ၿငိမ္း ခ်မ္းေရးကို တည္ေဆာက္ႏိုင္မွာ ျဖစ္တယ္’’ ဟု ေဒၚေအာင္ဆန္းစု ၾကည္က ေျပာသည္။

ၿငိမ္းခ်မ္းေရးသေဘာတူညီ ခ်က္မ်ားသည္ စြန႔္စားရသည့္ ႏိုင္ငံေရးႏွင့္ စစ္ေရးဆိုင္ရာ သ ေဘာတူညီခ်က္မ်ားျဖစ္ေၾကာင္း၊ NCA သည္ ပစ္ခတ္တိုက္ခိုက္ေရး စာခ်ဳပ္သက္သက္မဟုတ္ဘဲ  ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္အား မည္သို႔ အေကာင္အထည္ ေဖာ္မည္ကို  တိက်စြာ ေဖာ္ျပထားေၾကာင္း၊ ဒီ မိုကေရစီ ဖက္ဒရယ္ျပည္ေထာင္ စုတည္ေဆာက္ေရးကို မည္သည့္ လမ္းေၾကာင္းအတိုင္း ေဖာ္ ေဆာင္မည္ဆိုသည္ကို ျပ႒ာန္း ထားသည့္ ႏိုင္ငံေရး ပဋိညာဥ္တစ္  ရပ္ျဖစ္သည္ဟု ေဒၚေအာင္ဆန္း စုၾကည္က NCA (၄) ႏွစ္ျပည့္ပြဲ  မိန႔္ခြန္းေျပာၾကားရာတြင္ ဦးစြာ ေျပာၾကားခဲ့သည္။

NCA ကို သတၱိရွိစြာလက္ မွတ္ေရးထိုးခဲ့ၾကသည့္ ယခင္ သမၼတ ဦးသိန္းစိန္ႏွင့္ ယခင္ အစိုးရတာဝန္ရွိသူမ်ား၊ တပ္မ ေတာ္ေခါင္းေဆာင္မ်ားႏွင့္ တိုင္း ရင္းသား ေခါင္းေဆာင္အားလုံး ကို ဂုဏ္ျပဳေၾကာင္းလည္းေျပာ ၾကားခဲ့သည္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တြင္ လက္ရွိျဖစ္ေပၚေနသည့္ အ ခက္အခဲမ်ားသည္ NCA စာခ်ဳပ္ ေၾကာင့္ မဟုတ္ေၾကာင္း၊ NCA စာခ်ဳပ္ကို အေကာင္အထည္ေဖာ္ ရာတြင္အားနည္းခ်က္မ်ား၊ လိုက္ နာရန္ လိုအပ္ခ်က္မ်ားႏွင့္ နား လည္မႈကြဲျပားမႈမ်ားေၾကာင့္ ျဖစ္ ေပၚလာျခင္းျဖစ္ေၾကာင္း ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာ သည္။

ေလးႏွစ္အတြင္း ေလ့လာ ၾကည့္ပါက ၂၀၁၉ သည္  တပ္မ ေတာ္ႏွင့္ အပစ္ရပ္အဖြဲ႕မ်ားအ ၾကား ထိေတြ႕တိုက္ပြဲျဖစ္ပြားမႈ အ နည္းဆုံးႏွစ္ျဖစ္သည္ဟု ၎ ကဆိုသည္။ ထိုအေျခအေနမွာ  တပ္မေတာ္၏ တစ္ဖက္သတ္ အ ပစ္ရပ္ေၾကညာခ်က္ေၾကာင့္ ျဖစ္ သကဲ့သို႔ အပစ္ရပ္လက္မွတ္ထိုး ထားသည့္ တိုင္းရင္းသားအဖြဲ႕မ်ား အၾကားေတြ႕ဆုံပြဲမ်ား ဆက္တိုက္ လုပ္ႏိုင္ခဲ့ျခင္းေၾကာင့္ ျဖစ္သည္ ဟု ေဒၚေအာင္ဆန္းစုၾကည္ကသုံး သပ္သည္။

အစိုးရ၏ ေရွ႕ဆက္ေဆာင္႐ြက္ မည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္သုံး ရပ္

အစိုးရအေနျဖင့္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္ ေဆာင္ျမင္ေရး ႀကိဳးပမ္းရာတြင္ အေျဖထြက္လာ ႏိုင္သည့္ နည္းလမ္းရွာေသာပုံစံ မ်ိဳးျဖင့္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ NCA (၄) ႏွစ္ေျမာက္ ႏွစ္ပတ္ လည္ အခမ္းအနားတြင္ အစိုးရ အေနျဖင့္ ေရွ႕ဆက္ေလွ်ာက္လွမ္း မည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ သုံး ရပ္ရွိေၾကာင္း ေဒၚေအာင္ဆန္းစု ၾကည္က ေျပာသည္။

အစိုးရ၏ ေရွ႕ဆက္မည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္သုံးရပ္ တြင္ ဖက္ဒရယ္ဆိုင္ရာ အေျခခံမူ မ်ားႏွင့္ ၂၀၂၀ အလြန္တြင္ေဆာင္ ႐ြက္မည့္ လုပ္ငန္းစဥ္အဆင့္ဆင့္  တို႔ကို လာမည့္ ၂၁ ရာစုပင္လုံ တြင္  သေဘာတူအတည္ျပဳႏိုင္ေရး ေဆာင္႐ြက္ရန္၊ NCA လက္မွတ္ မထိုးရေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ပါဝင္ လက္မွတ္ထိုးလာေရး ႀကိဳးပမ္း ရန္၊ ၿငိမ္းခ်မ္းေရးအသီးအပြင့္မ်ား ကို ျပည္သူလူထုမ်ား ခံစားႏိုင္ေရး  ေဆာင္႐ြက္ရန္တို႔ ပါဝင္သည္။

‘‘ပထမလုပ္ငန္းစဥ္ကေတာ့  ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီ လာခံ- ၂၁ရာစုႏွစ္ပင္လုံကိုဘယ္ လိုေရွ႕ဆက္သြားမယ္ဆိုတဲ့ ဘုံ လုပ္ငန္းစဥ္ျဖစ္ပါတယ္။ ဒီလို လုပ္ငန္းစဥ္ခ်မွတ္ၿပီး ခိုင္မာတဲ့  အုတ္ျမစ္တစ္ရပ္ စိုက္ထူႏိုင္ ေအာင္ NCA လက္မွတ္ေရးထိုး ထားတဲ့ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းမ်ားရဲ႕ ေခါင္း ေဆာင္ႀကီးေတြက စတင္ၿပီး အ ဆိုျပဳကမ္းလွမ္းခဲ့တာ ျဖစ္ပါ တယ္’’ ဟု ေဒၚေအာင္ဆန္းစုၾကည္ က ေျပာသည္။

တိုင္းရင္းသားအဖြဲ႕မ်ားႏွင့္  အလြတ္သေဘာ ေဆြးေႏြးမႈမ်ား စြာ လုပ္ေဆာင္ခဲ့ၿပီးေနာက္ပိုင္း  လက္ရွိတြင္ ေဆြးေႏြးဖက္မ်ားအ ၾကား မူအားျဖင့္ သေဘာတူလက္ ခံႏိုင္သည့္ အခ်က္သုံးခ်က္ရရွိ ထားေၾကာင္း၊ ယင္းတို႔မွာ NCA  အေကာင္အထည္ေဖာ္မႈႏွင့္ ပတ္ သက္ၿပီး မူေဘာင္သေဘာတူညီ ခ်က္မ်ားရယူေရး၊ ဖက္ဒရယ္ဆိုင္ ရာ ၅၁ ခ်က္ႏွင့္ ေနာက္ထပ္ရႏိုင္ သမွ် အေျခခံမူမ်ားရရွိေရး ၂၁ ရာစု ပင္လုံညီလာခံ လုပ္ငန္း စဥ္တြင္ ေဆြးေႏြး ညႇိႏႈိင္းရယူရန္၊ ယင္းအေျခခံမူ သေဘာတူညီ ခ်က္မ်ားကို လာမည့္ၿငိမ္းခ်မ္းေရး ညီလာခံတြင္ ခ်ဳပ္ဆိုမည့္ ျပည္ ေထာင္စု သေဘာတူစာခ်ဳပ္၏ အ စိတ္အပိုင္းျဖစ္လာရန္၊ ၂၀၂၀  ေ႐ြးေကာက္ပြဲအလြန္ ဆက္လက္  ေဖာ္ေဆာင္မည့္ အဆင့္လိုက္ လုပ္ငန္းစဥ္မ်ားကို ဘုံသေဘာတူ ညီခ်က္ရယူရန္တို႔ ျဖစ္သည္ဟု  ရွင္းျပသည္။

အစိုးရ၏ ေရွ႕ဆက္သြား မည့္ ၿငိမ္းခ်မ္းေရးဒုတိယလုပ္ငန္း စဥ္မွာ NCA တြင္ ပါဝင္သင့္ ပါ ဝင္ထိုက္သည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ပါဝင္ လာေရးျဖစ္ေၾကာင္း ေဒၚေအာင္ ဆန္းစုၾကည္က ေျပာသည္။

‘‘NCA ညႇိႏႈိင္းခဲ့စဥ္က ယခု လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕ ေတာ္ေတာ္မ်ားမ်ား ပါဝင္ခဲ့ၾကၿပီး ျဖစ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္သာ အားလုံးပါဝင္ႏိုင္ေရး မရွိခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္ မွာ လက္မွတ္မထိုးရေသးတဲ့ အ ဖြဲ႕အစည္းအသီးသီးက ေခါင္း ေဆာင္မ်ားအေနနဲ႔လည္း သမိုင္း ဝင္ႏိုင္ငံေရး ေဆြးေႏြးပြဲေတြမွာ ပါ ဝင္ႏိုင္ဖို႔ ေရွ႕ကိုေျခတစ္လွမ္း တက္ေပးၾကဖို႔ အေလးအနက္ ေမတၱာရပ္ခံ တိုက္တြန္းလိုပါ တယ္’’ ဟု ေဒၚေအာင္ဆန္းစုၾကည္ က ေျပာသည္။

အစိုးရ၏ ေရွ႕ဆက္သြား မည့္ ၿငိမ္းခ်မ္းေရးတတိယလုပ္ ငန္းစဥ္မွာ ၿငိမ္းခ်မ္းေရး၏အသီး အပြင့္မ်ားကို လူထုကလက္ေတြ႕ ခံစားႏိုင္ေရးျဖစ္ေၾကာင္း ၎က ဆိုသည္။

‘‘မၿငိမ္းခ်မ္းတဲ့ ေဒသေတြမွာ  ပဋိပကၡရဲ႕ ဒဏ္ရာဒဏ္ခ်က္ေတြ ကို အဓိကခံစားေနရသူေတြက ေတာ့ ဟိုးေအာက္ေျခက ကြၽန္မ တို႔ရဲ႕ လူထုေတြပဲျဖစ္ပါတယ္’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က  ေျပာသည္။

ပဋိပကၡ ဒဏ္ရာဒဏ္ခ်က္ မ်ားကို ေခတ္အဆက္ဆက္ခံစား ခဲ့ရသည့္ တိုင္းရင္းသားမ်ားအ တြက္ ယင္းထက္ပိုသည့္ေဘးဒုကၡ မရွိေတာ့ေၾကာင္း၊ အျခားႏိုင္ငံက  လူငယ္မ်ား နည္းပညာပိုင္းဆိုင္ရာ ေရစီးေၾကာင္းတြင္ တက္ႂကြစြာ တိုးတက္ဆန္းသစ္ေနခ်ိန္တြင္ ျပည္ေထာင္စုရွိ တိုင္းရင္းသား မ်ား၏  အနာဂတ္အတြက္ အာမ ခံခ်က္မ်ား လိုေနေသးေၾကာင္း ၎ကဆိုသည္။

‘‘ကြၽန္မတို႔ႏိုင္ငံဟာ ၿငိမ္း ခ်မ္းေရးရရွိဖို႔ အခ်ိန္တန္႐ုံတင္ မကဘူး။ အခ်ိန္ေတာင္ အေတာ္ လြန္ေနပါၿပီ’’ ဟု ေဒၚေအာင္ဆန္း စုၾကည္က ေျပာသည္။

ထို႔ေၾကာင့္ လက္ရွိအစိုးရ  အေနျဖင့္ လာမည့္ကာလမ်ားတြင္  ေရွ႕ဆက္သြားမည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ သုံးရပ္အေပၚ အျပင္း အထန္ ႀကိဳးပမ္းေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း၊ အားလုံးကပူး ေပါင္းေဆာင္႐ြက္ေပးၾကရန္ အေလးအနက္ ေမတၱာရပ္ခံလို ေၾကာင္း  ေဒၚေအာင္ဆန္းစုၾကည္ ကေျပာသည္။

NCA အေပၚ အခိုင္အမာရပ္တည္ မည္ဟု တပ္ခ်ဳပ္ေျပာ

NCA (၄) ႏွစ္ျပည့္အခမ္း အနားတြင္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္အေပၚ တပ္မေတာ္၏သ ေဘာထားအျမင္မ်ားႏွင့္ ယခင္ က်င္းပခဲ့သည့္ ႏွစ္ပတ္လည္အ ခမ္းအနားမ်ားတြင္ ေျပာၾကားခဲ့ သည့္ မိန႔္ခြန္းေကာက္ႏုတ္ခ်က္ မ်ား၊ တပ္မေတာ္၏ အပစ္ရပ္ ေၾကညာမႈ အေျခအေနမ်ားႏွင့္  ရခိုင္ေဒသအေရးကိစၥမ်ားကို ထည့္သြင္းေျပာၾကားသည္။

NCA ႏွစ္ပတ္လည္ ပထမ ဆုံးအခမ္းအနားတြင္ NCA စာ ခ်ဳပ္သည္ လက္နက္ကိုင္လမ္းစဥ္ မွသည္ ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္း ေရးမွသည္ ဖက္ဒရယ္စနစ္ကို အ ေျခခံသည့္စစ္မွန္ေသာ ဒီမိုက ေရစီျပည္ေထာင္စု ျဖစ္ေစရန္ လမ္းခင္းေပးထားျခင္း ျဖစ္ ေၾကာင္း ရွင္းျပခဲ့သည္ဟုတပ္ခ်ဳပ္ က ဆိုသည္။

ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကိုအေျခခံသည့္ ျပည္ ေထာင္စုစနစ္ကို တည္ေဆာက္ ရာတြင္ အားလုံးသည္ ျမန္မာျဖစ္ သည္ဆိုသည့္ ျပည္ေထာင္စုစိတ္ အရင္းခံၿပီး ၿငိမ္းခ်မ္းေရးကို လို လားသည့္ စစ္မွန္ေသာစိတ္အ ရင္းခံျဖင့္ ေဆာင္႐ြက္မွသာ ၿငိမ္း ခ်မ္းေရးကို ထိေရာက္လ်င္ျမန္စြာ  ေဖာ္ေဆာင္ႏိုင္မည္ဟု ၎က ေျပာသည္။

ဒုတိယႏွစ္ပတ္လည္ အခမ္း အနားတြင္ NCA စာခ်ဳပ္၏အေရး ပါပုံမ်ား၊ NCA စာခ်ဳပ္ကို လက္ မွတ္ထိုးရန္ လိုအပ္သည့္အ ေၾကာင္းမ်ားကို ျပည့္ျပည့္စုံစုံရွင္း ျပခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က ေျပာသည္။

တတိယအခမ္းအနားတြင္ သေဘာထားကြဲေနသည့္ ခြဲမ ထြက္ရစကားရပ္ႏွင့္ ပတ္သက္ ၿပီး မည္သည့္အတြက္ေၾကာင့္ လို အပ္သည္ဆိုျခင္းကို က်ယ္ျပန႔္စြာ  ရွင္းျပခဲ့ေၾကာင္း ၎ကေျပာ သည္။

‘‘ဒါေတြကို ထပ္မံေျပာျပရ တာဟာ တပ္မေတာ္ရဲ႕ NCA အ ေပၚရပ္တည္ခ်က္၊ ၿငိမ္းခ်မ္းေရး အေပၚ သေဘာထားနဲ႔ ျပည္ ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္း သား စည္းလုံးညီၫြတ္ေရးတို႔အ ေပၚ အေလးအနက္ ထားရွိမႈကို  ပိုမိုေပၚလြင္ေစခ်င္လို႔ ျဖစ္ပါ တယ္။  တပ္မေတာ္အေနနဲ႔ NCA  အေပၚ ရပ္တည္ၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို ခိုင္ခိုင္မာမာ ဆက္လက္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္’’ ဟု ဗိုလ္ခ်ဳပ္မႉးႀကီး  မင္းေအာင္လႈိင္က ေျပာသည္။

ရခိုင္အေရးႏွင့္ပတ္သက္ၿပီး ယခင္က ဘူးသီးေတာင္၊ ေမာင္ ေတာေဒသတြင္ ARSA ၏ အ ၾကမ္းဖက္လုပ္ရပ္ေၾကာင့္ မတည္ မၿငိမ္မႈမ်ားရွိခဲ့ေၾကာင္း၊ ARSA  ေၾကာင့္ မတည္မၿငိမ္ျဖစ္ေနသည့္  အေျခအေနတြင္ AA အေနျဖင့္  ၂၀၁၉ ဇန္နဝါရီ ၄ ရက္က ဘူး သီးေတာင္ေဒသမွ တိုင္းရင္းသား မ်ားကို ကာကြယ္ေပးေနသည့္ အင္အားနည္း နယ္ျခားေစာင့္ရဲ တပ္ဖြဲ႕စခန္းေလးခုကို အၾကမ္း ဖက္တိုက္ခိုက္ခဲ့ၿပီး ၎တို႔၏အ ၾကမ္းဖက္လုပ္ရပ္ကို အရွိန္ျမႇင့္ခဲ့ သည္ဟု တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္က ေျပာသည္။

‘‘ဒီလုပ္ရပ္ေတြဟာ ကြၽန္ ေတာ္တို႔ ဒီေန႔က်င့္သုံးတည္ ေဆာက္ေနတဲ့ ဒီမိုကေရစီစနစ္နဲ႔ လားလားမွ မသက္ဆိုင္၊ မထိုက္ တန္တဲ့လုပ္ရပ္ေတြပဲ ျဖစ္ပါ တယ္။ ဒီအၾကမ္းဖက္လုပ္ရပ္ေတြ ကို တပ္မေတာ္အေနနဲ႔လက္ပိုက္ ၾကည့္ေနလို႔မရပါဘူး’’ ဟု ၎က ဆိုသည္။

 တပ္မေတာ္အေနျဖင့္ ၂၀၁၈ ဒီဇင္ဘာမွ ယခုႏွစ္စက္ တင္ဘာထိ ကိုးလၾကာ အပစ္အ ခတ္ရပ္စဲခဲ့ေၾကာင္း၊ ယင္းကာလ တြင္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ခရီးမ ေပါက္သည့္အျပင္ မႏၲေလး-လားရႈိး-မူဆယ္ ျပည္ေထာင္စု လမ္းမွ လမ္းတံတား၊ ၿမိဳ႕႐ြာမ်ား ကို ေႏွာင့္ယွက္ဖ်က္ဆီးခဲ့ျခင္း၊ ျပင္ဦးလြင္၊ ေနာင္ခ်ိဳ၊ လားရႈိးႏွင့္ ကြတ္ခိုင္ၿမိဳ႕မ်ားကို တိုက္ခိုက္ ျခင္းမ်ား ႀကဳံခဲ့ရသည္ဟု တပ္မ ေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က  ေျပာသည္။

‘‘ဒီလိုလုပ္ခဲ့တာေတြဟာ သူ တို႔ေတာင္းဆိုေနတဲ့ တိုင္းရင္သား အခြင့္အေရးလားလို႔ ျပန္ၿပီးသုံး သပ္စရာေတြ ျဖစ္လာပါတယ္’’ ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က ေျပာသည္။

(၄) ႏွစ္ျပည့္တြင္ အပစ္ရပ္အဖြဲ႕ မစုံသည့္အေပၚ ဝမ္းနည္းေၾကာင္း KNU ဥကၠ႒ထုတ္ေဖာ္ေျပာဆို

NCA (၄)ႏွစ္ျပည့္အခမ္းအ နားတြင္ မိန႔္ခြန္းေျပာၾကားရန္ သတ္မွတ္ထားသည့္ အပစ္ရပ္ ၁၀ ဖြဲ႕ေခါင္းေဆာင္မ်ား၏ ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႕ (PPST) အဖြဲ႕ေခါင္းေဆာင္  ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္ မ တက္ေရာက္၍ ကရင္အမ်ိဳးသား  အစည္းအ႐ုံး (KNU) ဥကၠ႒ဗိုလ္ ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက တက္ ေရာက္မိန႔္ခြန္းေျပာၾကားသည္။

‘‘စုံစုံလင္လင္ တက္ေရာက္ ၾကမည္ဟု ေမွ်ာ္လင့္ထားေသာ္ လည္း RCSS မွ တက္ေရာက္လာ ႏိုင္ျခင္းမရွိသည့္အေပၚ လြန္စြာမွ  ဝမ္းနည္းစိတ္မေကာင္းျဖစ္ရပါ တယ္’’ ဟု KNU ဥကၠ႒က ၎၏ မိန႔္ခြန္းအစပိုင္းတြင္ေျပာသည္။

RCSS ဥကၠ႒သည္ NCA (၄) ႏွစ္ျပည့္ပြဲသို႔ တက္ေရာက္ ရန္အတြက္ လြယ္တိုင္းလ်န္း- ေတာင္ႀကီး- ေနျပည္ေတာ္ လမ္း ေၾကာင္းမွ လာေရာက္ရန္ စီစဥ္ ထားေသာ္လည္း တပ္မေတာ္ ဘက္မွ ဟန႔္တားခဲ့ျခင္းေၾကာင့္ အခ်ိန္မီ တက္ေရာက္ႏိုင္ျခင္းမရွိ ေၾကာင္း RCSS က ရွင္းလင္းထား သည္။ RCSS ဥကၠ႒၏ ခရီးစဥ္ကို  ကူညီေပးရန္ ႏိုင္ငံေတာ္သမၼတက  တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္ထံ မွာၾကားထားေသာ္လည္း  ဟန႔္တားခံခဲ့ရျခင္းျဖစ္ေၾကာင္း RCSS က ဆိုသည္။

တပ္မေတာ္ကမူ RCSS လာေရာက္မည့္ လမ္းေၾကာင္း သည္ လုံၿခဳံေရးအရ စိတ္မခ်ရ၍  တာခ်ီလိတ္ဘက္မွ ေလေၾကာင္း ျဖင့္လာေရာက္ရန္ စီစဥ္ခဲ့ ေၾကာင္း၊ ညႇိႏႈိင္းခဲ့ေၾကာင္းေျပာ သည္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ကလည္း ၎၏မိန႔္ ခြန္းတြင္ ‘‘အေၾကာင္းအမ်ိဳးမ်ိဳးျပ ၿပီး မတက္ေရာက္ႏိုင္တဲ့ အဖြဲ႕မ်ား ဟာလည္း ၎တို႔အေၾကာင္းနဲ႔ ၎တို႔သာ ျဖစ္ပါလိမ့္မယ္’’ ဟု ထည့္သြင္းေျပာၾကားခဲ့သည္။

KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးက ‘‘NCA စာ ခ်ဳပ္ကိုခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ ေလးႏွစ္ ေျမာက္လြန္လာ ခဲ့ၿပီးျဖစ္ပါတယ္။ သို႔ေသာ္လည္း အခုထက္ထိ တိုး တက္မႈ မ်ားမ်ားစားစား မရရွိ ေသးတာက ယုံၾကည္မႈေတြအား နည္းေနၿပီး အာဃာတတရား ေတြ၊ သံသယေတြ၊ စိုး႐ြံ႕မႈေတြ၊ မုန္းတီးမႈေတြ အားေကာင္းေန ေသးတယ္လို႔ ကြၽန္ေတာ္ျမင္မိ တယ္။  ကြၽန္ေတာ္တို႔တစ္ေတြဟာ ဘာကို မယုံၾကည္ေနၾကရသလဲ။ ဒါကို ျပန္ဆန္းစစ္ရမွာျဖစ္ၿပီး မွန္ ကန္တဲ့၊ တရားမွ်တတဲ့ ႏိုင္ငံေရး ေဆြးေႏြးပြဲ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ကို အေကာင္အထည္ေဖာ္ၾက ရမွာျဖစ္ပါတယ္’’ ဟု ေျပာသည္။

ပါဝင္ပတ္သက္ေနၾကသည့္  အစုအဖြဲ႕မ်ားအၾကား မယုံၾကည္ မႈမ်ား၊ အစြန္းေရာက္မႈမ်ား၊ အ သာစီးရလိုမႈမ်ားရွိေနၾက၍ ႏိုင္ငံ ေရးေဆြးေႏြးပြဲမ်ား မက်င္းပႏိုင္ ျဖစ္ေနၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ရပ္တန႔္ေနျခင္းျဖစ္သည္ဟု ေျပာႏိုင္ေၾကာင္း KNU ဥကၠ႒က ဆိုသည္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အ  ႏွစ္သာရရွိရွိ ဆက္လက္ေလွ်ာက္ လွမ္းႏိုင္ရန္လိုအပ္ၿပီး အျပန္အ လွန္ေလးစား အသိအမွတ္ျပဳမႈ ျဖင့္ လက္တြဲညီညီ ပူးေပါင္း ေဆာင္႐ြက္ရန္ အေရးႀကီး ေၾကာင္း၊ NCA ထိုးထားၾကသူမ်ား အေနျဖင့္ တာဝန္ယူမႈ၊ တာဝန္ခံ မႈ၊ ပြင့္လင္းျမင္သာမႈတို႔ျဖင့္ စာ ခ်ဳပ္ပါအခ်က္မ်ား ၿပီးစီးေအာင္ ျမင္သည္အထိ မပ်က္မကြက္ လက္တြဲေဖာ္ေဆာင္ႏိုင္ရန္  ယုံ ၾကည္မႈ  တည္ေဆာက္ႏိုင္ေရး လို အပ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးေစာမူ တူးေစးဖိုးကေျပာသည္။

Unicode

ပြည်ထောင်စု၏ အနာဂတ်ကို တိုက်ပွဲများက ခြိမ်းခြောက်နေခြင်းသည် အကြီးမားဆုံး ဆုံးရှုံးမှုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အစိုးရက ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သုံးရပ်ကို NCA လေးနှစ်ပြည့်ပွဲတွင်ရှင်းပြ
    NCA အပေါ် အခိုင်အမာရပ်တည်ကြောင်း တပ်ချုပ်ပြော
    လေးနှစ်ပြည့်တွင် အပစ်ရပ်အဖွဲ့မစုံ၍ ဝမ်းနည်းကြောင်း KNU ဥက္ကဋ္ဌ ဖွင့်ဟ

ပြည်ထောင်စု၏  အနာဂတ်ကိုတိုက်ပွဲများ က ခြိမ်းခြောက်နေခြင်းသည် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယမန်နေ့တွင်ကျင်းပခဲ့သည့် NCA လေးနှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား၌ ပြောကြား သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အတွင်း  ဘေးဒုက္ခအများဆုံး ခံစားနေရသူများသည် တိုင်း ရင်းသားမျိုးနွယ်စုများဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ များကြောင့် နေအိမ်၊ စည်းစိမ်၊

အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဒေါ်လာဘီလီယံနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး တန်ဖိုးမဖြတ် နိုင်သည့် လူ့အသက်များစွာ ပေး ဆပ်ခဲ့ရသည်ဟု ၎င်းကဆိုသည်။

‘‘အကြီးမားဆုံးသော ဆုံးရှုံး မှုကတော့  ပြည်ထောင်စုရဲ့အနာ ဂတ်ကို တိုက်ပွဲတွေက ခြိမ်း ခြောက်သလိုဖြစ်ခြင်းပါပဲ။ ဒါ ကြောင့် လူနည်းစုတိုင်းရင်းသား တွေရဲ့ ခံစားချက်တွေ၊ နာကျင်မှု တွေ၊ ဒဏ်ရာဒဏ်ချက်တွေကို ကျွန်မတို့ရဲ့နှလုံးသားနဲ့ ခံစားနား လည်ပေးပြီး အားလုံးကြုံတွေ့ခဲ့ရ တဲ့ အခက်အခဲတွေ၊ ရုန်းကန် မှုတွေကို ကျွန်မတို့သိမြင်သဘော ပေါက်ကုစားပေးနိုင်မှသာ ပဋိပက္ခ ဖြေရှင်းရေးကို ဦးတည်တဲ့ငြိမ်း ချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ငြိမ်းချမ်းရေးသဘောတူညီ ချက်များသည် စွန့်စားရသည့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ သ ဘောတူညီချက်များဖြစ်ကြောင်း၊ NCA သည် ပစ်ခတ်တိုက်ခိုက်ရေး စာချုပ်သက်သက်မဟုတ်ဘဲ  ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အား မည်သို့ အကောင်အထည် ဖော်မည်ကို  တိကျစွာ ဖော်ပြထားကြောင်း၊ ဒီ မိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးကို မည်သည့် လမ်းကြောင်းအတိုင်း ဖော် ဆောင်မည်ဆိုသည်ကို ပြဋ္ဌာန်း ထားသည့် နိုင်ငံရေး ပဋိညာဉ်တစ်  ရပ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က NCA (၄) နှစ်ပြည့်ပွဲ  မိန့်ခွန်းပြောကြားရာတွင် ဦးစွာ ပြောကြားခဲ့သည်။

NCA ကို သတ္တိရှိစွာလက် မှတ်ရေးထိုးခဲ့ကြသည့် ယခင် သမ္မတ ဦးသိန်းစိန်နှင့် ယခင် အစိုးရတာဝန်ရှိသူများ၊ တပ်မ တော်ခေါင်းဆောင်များနှင့် တိုင်း ရင်းသား ခေါင်းဆောင်အားလုံး ကို ဂုဏ်ပြုကြောင်းလည်းပြော ကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် လက်ရှိဖြစ်ပေါ်နေသည့် အ ခက်အခဲများသည် NCA စာချုပ် ကြောင့် မဟုတ်ကြောင်း၊ NCA စာချုပ်ကို အကောင်အထည်ဖော် ရာတွင်အားနည်းချက်များ၊ လိုက် နာရန် လိုအပ်ချက်များနှင့် နား လည်မှုကွဲပြားမှုများကြောင့် ဖြစ် ပေါ်လာခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။

လေးနှစ်အတွင်း လေ့လာ ကြည့်ပါက ၂၀၁၉ သည်  တပ်မ တော်နှင့် အပစ်ရပ်အဖွဲ့များအ ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အ နည်းဆုံးနှစ်ဖြစ်သည်ဟု ၎င်း ကဆိုသည်။ ထိုအခြေအနေမှာ  တပ်မတော်၏ တစ်ဖက်သတ် အ ပစ်ရပ်ကြေညာချက်ကြောင့် ဖြစ် သကဲ့သို့ အပစ်ရပ်လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားအဖွဲ့များ အကြားတွေ့ဆုံပွဲများ ဆက်တိုက် လုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်ကသုံး သပ်သည်။

အစိုးရ၏ ရှေ့ဆက်ဆောင်ရွက် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သုံး ရပ်

အစိုးရအနေဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဆောင်မြင်ရေး ကြိုးပမ်းရာတွင် အဖြေထွက်လာ နိုင်သည့် နည်းလမ်းရှာသောပုံစံ မျိုးဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ NCA (၄) နှစ်မြောက် နှစ်ပတ် လည် အခမ်းအနားတွင် အစိုးရ အနေဖြင့် ရှေ့ဆက်လျှောက်လှမ်း မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံး ရပ်ရှိကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သုံးရပ် တွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ များနှင့် ၂၀၂၀ အလွန်တွင်ဆောင် ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်  တို့ကို လာမည့် ၂၁ ရာစုပင်လုံ တွင်  သဘောတူအတည်ပြုနိုင်ရေး ဆောင်ရွက်ရန်၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင် လက်မှတ်ထိုးလာရေး ကြိုးပမ်း ရန်၊ ငြိမ်းချမ်းရေးအသီးအပွင့်များ ကို ပြည်သူလူထုများ ခံစားနိုင်ရေး  ဆောင်ရွက်ရန်တို့ ပါဝင်သည်။

‘‘ပထမလုပ်ငန်းစဉ်ကတော့  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီ လာခံ- ၂၁ရာစုနှစ်ပင်လုံကိုဘယ် လိုရှေ့ဆက်သွားမယ်ဆိုတဲ့ ဘုံ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလို လုပ်ငန်းစဉ်ချမှတ်ပြီး ခိုင်မာတဲ့  အုတ်မြစ်တစ်ရပ် စိုက်ထူနိုင် အောင် NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများရဲ့ ခေါင်း ဆောင်ကြီးတွေက စတင်ပြီး အ ဆိုပြုကမ်းလှမ်းခဲ့တာ ဖြစ်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

တိုင်းရင်းသားအဖွဲ့များနှင့်  အလွတ်သဘော ဆွေးနွေးမှုများ စွာ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း  လက်ရှိတွင် ဆွေးနွေးဖက်များအ ကြား မူအားဖြင့် သဘောတူလက် ခံနိုင်သည့် အချက်သုံးချက်ရရှိ ထားကြောင်း၊ ယင်းတို့မှာ NCA  အကောင်အထည်ဖော်မှုနှင့် ပတ် သက်ပြီး မူဘောင်သဘောတူညီ ချက်များရယူရေး၊ ဖက်ဒရယ်ဆိုင် ရာ ၅၁ ချက်နှင့် နောက်ထပ်ရနိုင် သမျှ အခြေခံမူများရရှိရေး ၂၁ ရာစု ပင်လုံညီလာခံ လုပ်ငန်း စဉ်တွင် ဆွေးနွေး ညှိနှိုင်းရယူရန်၊ ယင်းအခြေခံမူ သဘောတူညီ ချက်များကို လာမည့်ငြိမ်းချမ်းရေး ညီလာခံတွင် ချုပ်ဆိုမည့် ပြည် ထောင်စု သဘောတူစာချုပ်၏ အ စိတ်အပိုင်းဖြစ်လာရန်၊ ၂၀၂၀  ရွေးကောက်ပွဲအလွန် ဆက်လက်  ဖော်ဆောင်မည့် အဆင့်လိုက် လုပ်ငန်းစဉ်များကို ဘုံသဘောတူ ညီချက်ရယူရန်တို့ ဖြစ်သည်ဟု  ရှင်းပြသည်။

အစိုးရ၏ ရှေ့ဆက်သွား မည့် ငြိမ်းချမ်းရေးဒုတိယလုပ်ငန်း စဉ်မှာ NCA တွင် ပါဝင်သင့် ပါ ဝင်ထိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင် လာရေးဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

‘‘NCA ညှိနှိုင်းခဲ့စဉ်က ယခု လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ တော်တော်များများ ပါဝင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့်သာ အားလုံးပါဝင်နိုင်ရေး မရှိခဲ့တာဖြစ်ပါတယ်။ အခုအချိန် မှာ လက်မှတ်မထိုးရသေးတဲ့ အ ဖွဲ့အစည်းအသီးသီးက ခေါင်း ဆောင်များအနေနဲ့လည်း သမိုင်း ဝင်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါ ဝင်နိုင်ဖို့ ရှေ့ကိုခြေတစ်လှမ်း တက်ပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းလိုပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အစိုးရ၏ ရှေ့ဆက်သွား မည့် ငြိမ်းချမ်းရေးတတိယလုပ် ငန်းစဉ်မှာ ငြိမ်းချမ်းရေး၏အသီး အပွင့်များကို လူထုကလက်တွေ့ ခံစားနိုင်ရေးဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘မငြိမ်းချမ်းတဲ့ ဒေသတွေမှာ  ပဋိပက္ခရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကို အဓိကခံစားနေရသူတွေက တော့ ဟိုးအောက်ခြေက ကျွန်မ တို့ရဲ့ လူထုတွေပဲဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က  ပြောသည်။

ပဋိပက္ခ ဒဏ်ရာဒဏ်ချက် များကို ခေတ်အဆက်ဆက်ခံစား ခဲ့ရသည့် တိုင်းရင်းသားများအ တွက် ယင်းထက်ပိုသည့်ဘေးဒုက္ခ မရှိတော့ကြောင်း၊ အခြားနိုင်ငံက  လူငယ်များ နည်းပညာပိုင်းဆိုင်ရာ ရေစီးကြောင်းတွင် တက်ကြွစွာ တိုးတက်ဆန်းသစ်နေချိန်တွင် ပြည်ထောင်စုရှိ တိုင်းရင်းသား များ၏  အနာဂတ်အတွက် အာမ ခံချက်များ လိုနေသေးကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်မတို့နိုင်ငံဟာ ငြိမ်း ချမ်းရေးရရှိဖို့ အချိန်တန်ရုံတင် မကဘူး။ အချိန်တောင် အတော် လွန်နေပါပြီ’’ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ထို့ကြောင့် လက်ရှိအစိုးရ  အနေဖြင့် လာမည့်ကာလများတွင်  ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သုံးရပ်အပေါ် အပြင်း အထန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အားလုံးကပူး ပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် မေတ္တာရပ်ခံလို ကြောင်း  ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

NCA အပေါ် အခိုင်အမာရပ်တည် မည်ဟု တပ်ချုပ်ပြော

NCA (၄) နှစ်ပြည့်အခမ်း အနားတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အပေါ် တပ်မတော်၏သ ဘောထားအမြင်များနှင့် ယခင် ကျင်းပခဲ့သည့် နှစ်ပတ်လည်အ ခမ်းအနားများတွင် ပြောကြားခဲ့ သည့် မိန့်ခွန်းကောက်နုတ်ချက် များ၊ တပ်မတော်၏ အပစ်ရပ် ကြေညာမှု အခြေအနေများနှင့်  ရခိုင်ဒေသအရေးကိစ္စများကို ထည့်သွင်းပြောကြားသည်။

NCA နှစ်ပတ်လည် ပထမ ဆုံးအခမ်းအနားတွင် NCA စာ ချုပ်သည် လက်နက်ကိုင်လမ်းစဉ် မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်း ရေးမှသည် ဖက်ဒရယ်စနစ်ကို အ ခြေခံသည့်စစ်မှန်သော ဒီမိုက ရေစီပြည်ထောင်စု ဖြစ်စေရန် လမ်းခင်းပေးထားခြင်း ဖြစ် ကြောင်း ရှင်းပြခဲ့သည်ဟုတပ်ချုပ် က ဆိုသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည် ထောင်စုစနစ်ကို တည်ဆောက် ရာတွင် အားလုံးသည် မြန်မာဖြစ် သည်ဆိုသည့် ပြည်ထောင်စုစိတ် အရင်းခံပြီး ငြိမ်းချမ်းရေးကို လို လားသည့် စစ်မှန်သောစိတ်အ ရင်းခံဖြင့် ဆောင်ရွက်မှသာ ငြိမ်း ချမ်းရေးကို ထိရောက်လျင်မြန်စွာ  ဖော်ဆောင်နိုင်မည်ဟု ၎င်းက ပြောသည်။

ဒုတိယနှစ်ပတ်လည် အခမ်း အနားတွင် NCA စာချုပ်၏အရေး ပါပုံများ၊ NCA စာချုပ်ကို လက် မှတ်ထိုးရန် လိုအပ်သည့်အ ကြောင်းများကို ပြည့်ပြည့်စုံစုံရှင်း ပြခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောသည်။

တတိယအခမ်းအနားတွင် သဘောထားကွဲနေသည့် ခွဲမ ထွက်ရစကားရပ်နှင့် ပတ်သက် ပြီး မည်သည့်အတွက်ကြောင့် လို အပ်သည်ဆိုခြင်းကို ကျယ်ပြန့်စွာ  ရှင်းပြခဲ့ကြောင်း ၎င်းကပြော သည်။

‘‘ဒါတွေကို ထပ်မံပြောပြရ တာဟာ တပ်မတော်ရဲ့ NCA အ ပေါ်ရပ်တည်ချက်၊ ငြိမ်းချမ်းရေး အပေါ် သဘောထားနဲ့ ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးတို့အ ပေါ် အလေးအနက် ထားရှိမှုကို  ပိုမိုပေါ်လွင်စေချင်လို့ ဖြစ်ပါ တယ်။  တပ်မတော်အနေနဲ့ NCA  အပေါ် ရပ်တည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ပြောသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး ယခင်က ဘူးသီးတောင်၊ မောင် တောဒေသတွင် ARSA ၏ အ ကြမ်းဖက်လုပ်ရပ်ကြောင့် မတည် မငြိမ်မှုများရှိခဲ့ကြောင်း၊ ARSA  ကြောင့် မတည်မငြိမ်ဖြစ်နေသည့်  အခြေအနေတွင် AA အနေဖြင့်  ၂၀၁၉ ဇန်နဝါရီ ၄ ရက်က ဘူး သီးတောင်ဒေသမှ တိုင်းရင်းသား များကို ကာကွယ်ပေးနေသည့် အင်အားနည်း နယ်ခြားစောင့်ရဲ တပ်ဖွဲ့စခန်းလေးခုကို အကြမ်း ဖက်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏အ ကြမ်းဖက်လုပ်ရပ်ကို အရှိန်မြှင့်ခဲ့ သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောသည်။

‘‘ဒီလုပ်ရပ်တွေဟာ ကျွန် တော်တို့ ဒီနေ့ကျင့်သုံးတည် ဆောက်နေတဲ့ ဒီမိုကရေစီစနစ်နဲ့ လားလားမှ မသက်ဆိုင်၊ မထိုက် တန်တဲ့လုပ်ရပ်တွေပဲ ဖြစ်ပါ တယ်။ ဒီအကြမ်းဖက်လုပ်ရပ်တွေ ကို တပ်မတော်အနေနဲ့လက်ပိုက် ကြည့်နေလို့မရပါဘူး’’ ဟု ၎င်းက ဆိုသည်။

 တပ်မတော်အနေဖြင့် ၂၀၁၈ ဒီဇင်ဘာမှ ယခုနှစ်စက် တင်ဘာထိ ကိုးလကြာ အပစ်အ ခတ်ရပ်စဲခဲ့ကြောင်း၊ ယင်းကာလ တွင် ဆွေးနွေးညှိနှိုင်းမှုများ ခရီးမ ပေါက်သည့်အပြင် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမှ လမ်းတံတား၊ မြို့ရွာများ ကို နှောင့်ယှက်ဖျက်ဆီးခဲ့ခြင်း၊ ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုးနှင့် ကွတ်ခိုင်မြို့များကို တိုက်ခိုက် ခြင်းများ ကြုံခဲ့ရသည်ဟု တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က  ပြောသည်။

‘‘ဒီလိုလုပ်ခဲ့တာတွေဟာ သူ တို့တောင်းဆိုနေတဲ့ တိုင်းရင်သား အခွင့်အရေးလားလို့ ပြန်ပြီးသုံး သပ်စရာတွေ ဖြစ်လာပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။

(၄) နှစ်ပြည့်တွင် အပစ်ရပ်အဖွဲ့ မစုံသည့်အပေါ် ဝမ်းနည်းကြောင်း KNU ဥက္ကဋ္ဌထုတ်ဖော်ပြောဆို

NCA (၄)နှစ်ပြည့်အခမ်းအ နားတွင် မိန့်ခွန်းပြောကြားရန် သတ်မှတ်ထားသည့် အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင်များ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အဖွဲ့ခေါင်းဆောင်  ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် မ တက်ရောက်၍ ကရင်အမျိုးသား  အစည်းအရုံး (KNU) ဥက္ကဋ္ဌဗိုလ် ချုပ်ကြီးစောမူတူးစေးဖိုးက တက် ရောက်မိန့်ခွန်းပြောကြားသည်။

‘‘စုံစုံလင်လင် တက်ရောက် ကြမည်ဟု မျှော်လင့်ထားသော် လည်း RCSS မှ တက်ရောက်လာ နိုင်ခြင်းမရှိသည့်အပေါ် လွန်စွာမှ  ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါ တယ်’’ ဟု KNU ဥက္ကဋ္ဌက ၎င်း၏ မိန့်ခွန်းအစပိုင်းတွင်ပြောသည်။

RCSS ဥက္ကဋ္ဌသည် NCA (၄) နှစ်ပြည့်ပွဲသို့ တက်ရောက် ရန်အတွက် လွယ်တိုင်းလျန်း- တောင်ကြီး- နေပြည်တော် လမ်း ကြောင်းမှ လာရောက်ရန် စီစဉ် ထားသော်လည်း တပ်မတော် ဘက်မှ ဟန့်တားခဲ့ခြင်းကြောင့် အချိန်မီ တက်ရောက်နိုင်ခြင်းမရှိ ကြောင်း RCSS က ရှင်းလင်းထား သည်။ RCSS ဥက္ကဋ္ဌ၏ ခရီးစဉ်ကို  ကူညီပေးရန် နိုင်ငံတော်သမ္မတက  တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ထံ မှာကြားထားသော်လည်း  ဟန့်တားခံခဲ့ရခြင်းဖြစ်ကြောင်း RCSS က ဆိုသည်။

တပ်မတော်ကမူ RCSS လာရောက်မည့် လမ်းကြောင်း သည် လုံခြုံရေးအရ စိတ်မချရ၍  တာချီလိတ်ဘက်မှ လေကြောင်း ဖြင့်လာရောက်ရန် စီစဉ်ခဲ့ ကြောင်း၊ ညှိနှိုင်းခဲ့ကြောင်းပြော သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကလည်း ၎င်း၏မိန့် ခွန်းတွင် ‘‘အကြောင်းအမျိုးမျိုးပြ ပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့များ ဟာလည်း ၎င်းတို့အကြောင်းနဲ့ ၎င်းတို့သာ ဖြစ်ပါလိမ့်မယ်’’ ဟု ထည့်သွင်းပြောကြားခဲ့သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ‘‘NCA စာ ချုပ်ကိုချုပ်ဆိုနိုင်ခဲ့တဲ့ လေးနှစ် မြောက်လွန်လာ ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း အခုထက်ထိ တိုး တက်မှု များများစားစား မရရှိ သေးတာက ယုံကြည်မှုတွေအား နည်းနေပြီး အာဃာတတရား တွေ၊ သံသယတွေ၊ စိုးရွံ့မှုတွေ၊ မုန်းတီးမှုတွေ အားကောင်းနေ သေးတယ်လို့ ကျွန်တော်မြင်မိ တယ်။  ကျွန်တော်တို့တစ်တွေဟာ ဘာကို မယုံကြည်နေကြရသလဲ။ ဒါကို ပြန်ဆန်းစစ်ရမှာဖြစ်ပြီး မှန် ကန်တဲ့၊ တရားမျှတတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို အကောင်အထည်ဖော်ကြ ရမှာဖြစ်ပါတယ်’’ ဟု ပြောသည်။

ပါဝင်ပတ်သက်နေကြသည့်  အစုအဖွဲ့များအကြား မယုံကြည် မှုများ၊ အစွန်းရောက်မှုများ၊ အ သာစီးရလိုမှုများရှိနေကြ၍ နိုင်ငံ ရေးဆွေးနွေးပွဲများ မကျင်းပနိုင် ဖြစ်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ရပ်တန့်နေခြင်းဖြစ်သည်ဟု ပြောနိုင်ကြောင်း KNU ဥက္ကဋ္ဌက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ  နှစ်သာရရှိရှိ ဆက်လက်လျှောက် လှမ်းနိုင်ရန်လိုအပ်ပြီး အပြန်အ လှန်လေးစား အသိအမှတ်ပြုမှု ဖြင့် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီး ကြောင်း၊ NCA ထိုးထားကြသူများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံ မှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် စာ ချုပ်ပါအချက်များ ပြီးစီးအောင် မြင်သည်အထိ မပျက်မကွက် လက်တွဲဖော်ဆောင်နိုင်ရန်  ယုံ ကြည်မှု  တည်ဆောက်နိုင်ရေး လို အပ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးကပြောသည်။

====================================

END / 251