
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တပ္မေတာ္ကာကြယ္ ေရးဦးစီး်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္ႏွင့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး(KNU) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးတို႔ ယမန္ ေန႔က ေနျပည္ ေတာ္၌ ေတြ႕ဆုံၿပီးအပစ္အခတ္ရပ္စဲေရး ခိုင္မာေရးအပါအဝင္ တပ္ပိုင္းဆိုင္ရာကိစၥမ်ားကို ႏွစ္ဖက္ဆက္လက္ညႇိႏႈိင္း ရန္ ေဆြးေႏြးခဲ့ေၾကာင္း KNU အတြင္းေရးမႉး ပဒိုေစာ လွထြန္း က ေျပာသည္။
တစ္နာရီခန႔္ၾကာျမင့္ခဲ့သည့္ အဆိုပါ ေတြ႕ဆုံမႈတြင္ တပ္ မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အတူ တပ္မေတာ္အဆင့္ျမင့္ အရာရွိမ်ား ပါဝင္ၿပီး KNU ဥကၠ႒ ႏွင့္အတူ အေထြေထြအတြင္းေရး မႉးခ်ဳပ္ ပဒိုေစာတာဒိုမူး၊ အတြင္း ေရးမႉး ပဒိုေစာလွထြန္းတို႔အပါ အဝင္ KNU မွ ႏိုင္ငံေရးႏွင့္ စစ္ ေရးဆိုင္ရာ ေခါင္းေဆာင္မ်ား ပါဝင္ခဲ့သည္။
‘‘ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေရွ႕ဆက္သြားႏိုင္ဖို႔အတြက္ ေဆြးေႏြး ထားခဲ့တဲ့ တပ္ပိုင္းဆိုင္ရာကိစၥ၊ တပ္၊ တပ္ခ်င္း ကြၽန္ေတာ္တို႔ ဘယ္လိုေတြ႕ၾကမလဲ၊ အဓိကကအပစ္အခတ္ ရပ္စဲေရး ခိုင္မာဖို႔ကိစၥက အဓိကအေရးႀကီးတယ္ ေလ။ အဲဒါကို ခိုင္မာေအာင္လုပ္ဖို႔ အတြက္ တပ္၊ တပ္ခ်င္း ညႇိႏႈိင္းပြဲအခင္းအက်င္းကေန ေဆာင္႐ြက္သြားႏိုင္ဖို႔ေပါ့’’ဟု ပဒို ေစာလွထြန္း က ေျပာသည္။
တပ္မေတာ္ႏွင့္ KNU အၾကား တပ္ပိုင္းဆိုင္ရာ ေဆြးေႏြးမႈ မ်ားေဆာင္႐ြက္ရန္ တပ္မေတာ္ ေဆြးေႏြးညႇိႏႈိင္းေရးအဖြဲ႕ေခါင္း ေဆာင္ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ကို တာဝန္ေပး ခဲ့ေၾကာင္း ၎က ဆို သည္။‘‘တပ္ခ်ဳပ္ဘက္ကေတာ့ သူ႔ရဲ႕ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္ ေပါ့။ အဓိက ၿငိမ္းခ်မ္းေရးဆိုင္ရာ တာဝန္ေပးထားတဲ့ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္နဲ႔ ေဆြးေႏြး ရမယ့္ကိစၥေတြ ညႇိႏႈိင္းေဆာင္႐ြက္သြားၾကဖို႔ေပါ့’’ဟု ပဒိုေစာလွထြန္းက ေျပာသည္။ႏွစ္ဖက္ေတြ႕ဆုံႏိုင္မည့္အ ခ်ိန္ႏွင့္ ေနရာကိုမူ ဆက္လက္ညႇိ ႏႈိင္းရမည္ျဖစ္ၿပီး လတ္တေ လာ ေျပာဆိုႏိုင္ျခင္းမရွိေသးဟု ၎က ဆိုသည္။
တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မႉးခ်ဳပ္ေဇာ္ မင္းထြန္းက ‘‘အဓိက ေဆြးေႏြးတဲ့ အေၾကာင္းအရာကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဆက္လက္ အေကာင္ အထည္ေဖာ္ေရး၊ ၿပီး ရင္ တရားဝင္ေဆြးေႏြးပြဲေတြ စတင္ဖို႔ ကိစၥေတြ၊ JMC ကိစၥေတြ ေဆြးေႏြးျဖစ္ခဲ့ပါတယ္’’ဟု ေျပာ သည္။ KNU ေခါင္းေဆာင္မ်ား သည္ ေအာက္တိုဘာ ၂၈ ရက္ကက်င္းပခဲ့သည့္ NCA ေလးႏွစ္ျပည့္ႏွစ္ပတ္လည္ အခမ္းအနားအၿပီး တြင္လည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ႏွင့္ တစ္နာရီခန႔္ ေတြ႕ဆုံ ေဆြးေႏြးခဲ့သည္။
အဆိုပါ ေတြ႕ဆုံပြဲတြင္ လက္ရွိ ၿငိမ္းခ်မ္းေရးျဖစ္စဥ္၌ ႀကဳံေတြ႕ ေနသည့္ အခက္အခဲမ်ား ေက်ာ္ လႊားႏိုင္ေရးကိစၥ၊ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ သေဘာတူညီခ်က္မ်ား ရယူေရး ကိစၥ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲမ်ား အလြန္ ဆက္လက္ေဆာင္႐ြက္ မည့္ လုပ္ငန္းစဥ္မ်ားအေပၚ သေဘာတူညီခ်က္ ရယူေရးကိစၥ၊ NCA အေကာင္အထည္ေဖာ္မႈ ဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး JICM က်င္းပႏိုင္ေရးကိစၥ၊ RCSSအဖြဲ႕ ေနျပည္ေတာ္ မလာေရာက္ ႏိုင္သည့္ကိစၥတို႔ကို ေဆြးေႏြးခဲ့ ေၾကာင္း ႏိုင္ငံ ေတာ္အတိုင္ပင္ခံ ႐ုံးက သတင္းထုတ္ျပန္သည္။
Unicode
တပ်ချုပ်နှင့် KNU ဥက္ကဋ္ဌ အပစ်ရပ်ခိုင်မာရေး ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး
တပ်မတော်ကာကွယ် ရေးဦးစီးျုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ ယမန် နေ့က နေပြည်တော်၌ တွေ့ဆုံပြီးအပစ်အခတ်ရပ်စဲရေး ခိုင်မာရေးအပါအဝင် တပ်ပိုင်းဆိုင်ရာကိစ္စများကို နှစ်ဖက်ဆက်လက်ညှိနှိုင်း ရန် ဆွေးနွေးခဲ့ကြောင်း KNU အတွင်းရေးမှူး ပဒိုစောလှထွန်း က ပြောသည်။
တစ်နာရီခန့်ကြာမြင့်ခဲ့သည့် အဆိုပါ တွေ့ဆုံမှုတွင် တပ် မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ တပ်မတော်အဆင့်မြင့် အရာရှိများ ပါဝင်ပြီး KNU ဥက္ကဋ္ဌ နှင့်အတူ အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူး၊ အတွင်း ရေးမှူး ပဒိုစောလှထွန်းတို့အပါ အဝင် KNU မှ နိုင်ငံရေးနှင့် စစ် ရေးဆိုင်ရာ ခေါင်းဆောင်များ ပါဝင်ခဲ့သည်။
‘‘ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားနိုင်ဖို့အတွက် ဆွေးနွေး ထားခဲ့တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စ၊ တပ်၊ တပ်ချင်း ကျွန်တော်တို့ ဘယ်လိုတွေ့ကြမလဲ၊ အဓိကကအပစ်အ ခတ်ရပ်စဲရေး ခိုင်မာဖို့ကိစ္စက အဓိကအရေးကြီးတယ် လေ။ အဲဒါကို ခိုင်မာအောင်လုပ်ဖို့ အတွက် တပ်၊ တပ်ချင်း ညှိနှိုင်းပွဲအခင်းအကျင်းကနေ ဆောင်ရွက် သွားနိုင်ဖို့ပေါ့’’ဟု ပဒိုစောလှထွန်း က ပြောသည်။
တပ်မတော်နှင့် KNU အကြား တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု များဆောင်ရွက်ရန် တပ်မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးရာပြည့်ကို တာဝန်ပေးခဲ့ကြောင်း ၎င်းက ဆို သည်။‘‘တပ်ချုပ်ဘက်ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ပေါ့။ အဓိက ငြိမ်းချမ်းရေးဆိုင်ရာ တာဝန်ပေးထားတဲ့ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ဆွေးနွေးရမယ့်ကိစ္စတွေ ညှိနှိုင်းဆောင်ရွက်သွားကြဖို့ပေါ့’’ဟု ပဒိုစောလှထွန်းက ပြောသည်။နှစ်ဖက်တွေ့ဆုံနိုင်မည့်အ ချိန်နှင့် နေရာကိုမူ ဆက်လက် ညှိ နှိုင်းရမည်ဖြစ်ပြီး လတ်တလော ပြောဆိုနိုင်ခြင်းမရှိသေးဟု ၎င်းက ဆိုသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက ‘‘အဓိက ဆွေးနွေးတဲ့ အကြောင်းအရာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်ရေး၊ ပြီး ရင် တရားဝင်ဆွေးနွေးပွဲတွေ စတင်ဖို့ ကိစ္စတွေ၊ JMC ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်’’ဟု ပြော သည်။ KNU ခေါင်းဆောင်များ သည် အောက်တိုဘာ ၂၈ ရက်ကကျင်းပခဲ့သည့် NCA လေးနှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားအပြီး တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၌ ကြုံတွေ့ နေသည့် အခက်အခဲများ ကျော် လွှားနိုင်ရေးကိစ္စ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်များ ရယူရေး ကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲများ အလွန် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအပေါ် သဘောတူညီချက် ရယူရေးကိစ္စ၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကျင်းပနိုင်ရေးကိစ္စ၊ RCSSအဖွဲ့ နေပြည်တော် မလာရောက် နိုင်သည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။
====================================
END / 251