အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕က ေ႐ႊနဒီအျမန္ေရယာဥ္ပိုင္ရွင္နဲ႔ ေရယာဥ္ဝန္ထမ္း ၇ ဦး စုစုေပါင္း ၈ ဦးကို ေအာက္တိုဘာ ၂၉ ရက္မြန္းလြဲပိုင္းက ဘူးသီးေတာင္ၿမိဳ႕နယ္တ ရား႐ုံးမွာ ရမန္ယူၿပီး စစ္ေဆးေနပါတယ္။
အမွတ္ ၃ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ တာဝန္ရွိသူ တဦးက “သူတို႔ကို စစ္ေဆးေနတုန္းပဲ ရွိပါေသးတယ္။ ဒီေန႔ေတာ့ တရား႐ုံးမွာ ရမန္ယူခဲ့ပါတယ္။ ပုဒ္မေတြေတာ့ မတပ္ရေသး ပါဘူး။ ခုက စစ္ေဆးေနတုန္းပါ။”လို႔ ဒီဗြီဘီကို ေျပာပါတယ္။
ေ႐ႊနဒီပိုင္ရွင္ဦးေ႐ႊသန္း၊ ေရယာဥ္ေမာင္း ဦးေက်ာ္မင္းနဲ႔ စာေရး ဦးဘေစာ၊ ေရယာဥ္ဝန္ထမ္း ကိုညီညီေအာင္နဲ႔ ကိုသာထြန္း၊ စက္ဆရာသားႀကီး(ခ)ကိုေစာသိန္း၊ သေဘၤာ သား ဦးဘထြန္းနဲ႔ ကိုၿငိမ္းစိုးႏိုင္တို႔ ၈ ဦးကို ဘယ္ပုဒ္မေတြနဲ႔အမႈဖြင့္မလဲဆိုတာကိုေတာ့ မိသားစုဝင္ေတြလည္း မသိရေသးပါဘူး။
ေ႐ႊနဒီအျမန္ေရယာဥ္ဟာ ေအာက္တိုဘာ ၂၆ရက္မနက္က စစ္ေတြကေန ဘူးသီးေတာင္သို႔ ထြက္ခြာလာစဥ္ ေမယုျမစ္ထဲမွာ ေအေအအဖြဲ႕က တားဆီးၿပီး တပ္မေတာ္စစ္ သည္ ၁၄ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၂၉ ဦး၊ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္း ၂ ဦးနဲ႔ အရပ္သား ၁၃ ဦးတို႔ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။ ဖမ္းဆီးခံရသူ စုစုေပါင္း ၅၈ ဦးအ နက္ မေန႔ကအထိ ၁၅ ဦး ျပန္လြတ္ေျမာက္လာၿပီျဖစ္ပါတယ္။
ေ႐ႊနဒီ အျမန္ေရယာဥ္နဲ႔ စစ္ေတြၿမိဳ႕ကေန ဘူးသီးေတာင္ကို သြားေရာက္ဖို႔ တပ္မေတာ္ အရာရွိတေယာက္က သူ႔ရဲ႕အမည္၊ ရာထူးေဖာ္ျပၿပီး လက္မွတ္ဝယ္ယူရာကေန စတင္ သတင္းေပါက္ၾကားခဲ့တာျဖစ္ၿပီး ေ႐ႊနဒီအျမန္ေရယာဥ္လိုင္းကို လိုအပ္တဲ့ စစ္ေဆးမႈ လုပ္ေနတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။
Unicode
ရွှေနဒီရေယာဉ်ပိုင်ရှင်နှင့် ရေယာဉ်ဝန်ထမ်း ၇ ဦးကို ရမန်ရယူစစ်ဆေးနေ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်နဲ့ ရေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၈ ဦးကို အောက်တိုဘာ ၂၉ ရက်မွန်းလွဲပိုင်းက ဘူးသီးတောင်မြို့ နယ်တရားရုံးမှာ ရမန်ယူပြီး စစ်ဆေးနေပါတယ်။
အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက “သူတို့ကို စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ဒီနေ့တော့ တရားရုံးမှာ ရမန်ယူခဲ့ပါတယ်။ ပုဒ်မတွေတော့ မတပ်ရသေးပါဘူး။ ခုက စစ်ဆေးနေတုန်းပါ။”လို့ ဒီဗွီဘီကို ပြောပါတယ်။
ရွှေနဒီပိုင်ရှင်ဦးရွှေသန်း၊ ရေယာဉ်မောင်း ဦးကျော်မင်းနဲ့ စာရေး ဦးဘစော၊ ရေယာဉ်ဝန်ထမ်း ကိုညီညီအောင်နဲ့ ကိုသာထွန်း၊ စက်ဆရာသားကြီး(ခ)ကိုစောသိန်း၊ သင်္ဘောသား ဦးဘထွန်းနဲ့ ကိုငြိမ်းစိုးနိုင်တို့ ၈ ဦးကို ဘယ်ပုဒ်မတွေနဲ့အမှုဖွင့်မလဲဆိုတာကိုတော့ မိသားစုဝင်တွေလည်း မသိရသေးပါဘူး။
ရွှေနဒီအမြန်ရေယာဉ်ဟာ အောက်တိုဘာ ၂၆ရက်မနက်က စစ်တွေကနေ ဘူးသီးတောင်သို့ ထွက်ခွာလာစဉ် မေယုမြစ်ထဲမှာ အေအေအဖွဲ့က တားဆီးပြီး တပ်မတော် စစ်သည် ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၁၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ စုစုပေါင်း ၅၈ ဦးအနက် မနေ့ကအထိ ၁၅ ဦး ပြန်လွတ်မြောက်လာပြီဖြစ်ပါတယ်။
ရွှေနဒီ အမြန်ရေယာဉ်နဲ့ စစ်တွေမြို့ကနေ ဘူးသီးတောင်ကို သွားရောက်ဖို့ တပ်မတော် အရာရှိတယောက်က သူ့ရဲ့အမည်၊ ရာထူးဖော်ပြပြီး လက်မှတ်ဝယ်ယူရာကနေ စတင်သတင်းပေါက်ကြားခဲ့တာဖြစ်ပြီး ရွှေနဒီအမြန်ရေယာဉ်လိုင်းကို လိုအပ်တဲ့ စစ်ဆေးမှု လုပ်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားပါတယ်။
====================================
END / 251
၃၀ အောက်တိုဘာ ၂၀၁၉ - ၁၆:၁၇
News ID: 985201
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕က ေ႐ႊနဒီအျမန္ေရယာဥ္ ပိုင္ရွင္နဲ႔ ေရယာဥ္ဝန္ထမ္း ၇ ဦး စုစုေပါင္း ၈ ဦးကို ေအာက္ တိုဘာ ၂၉ ရက္မြန္းလြဲပိုင္းက ဘူးသီးေတာင္ၿမိဳ႕နယ္တရား ႐ုံးမွာ ရမန္ယူၿပီး စစ္ေဆးေနပါတယ္။