
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ေဒၚေအာင္ဆန္းစုၾကည္
(ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္)
- ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မ်ားသည္ စြန႔္စားရသည့္ ႏိုင္ငံေရး ႏွင့္ စစ္ေရးဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ားျဖစ္။
- ယခင္သမၼတဦးသိန္းစိန္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ား၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသား ေခါင္းေဆာင္အားလုံးကို ဂုဏ္ျပဳ။
- NCA စာခ်ဳပ္သည္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သက္သက္မဟုတ္၊ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ေရးကို မည္သည့္လမ္း ေၾကာင္းျဖင့္သြားမည္ကို ျပ႒ာန္းထားသည့္ ႏိုင္ငံေရးပဋိညာဥ္တစ္ရပ္ျဖစ္။
- လက္ရွိအခက္အခဲမ်ားမွာ NCA ေၾကာင့္မဟုတ္၊ NCA အေကာင္အ ထည္ေဖာ္ရာတြင္ အားနည္းခ်က္၊ လိုက္နာရန္လိုအပ္ခ်က္ႏွင့္ နားလည္ မႈကြဲျပားျခင္းေၾကာင့္ ျဖစ္ပြားလာသည့္အခက္အခဲမ်ားျဖစ္။
- NCA အေကာင္အထည္ေဖာ္ရာတြင္ ကတိသစၥာတည္ၾကည္ရန္ လို အပ္သည္ကို အားလုံးနားလည္ၾကၿပီးျဖစ္။
- ၂၀၁၉ သည္ တပ္မေတာ္ႏွင့္ NCA အဖြဲ႕မ်ားၾကား ထိေတြ႕တိုက္ပြဲ အနည္းဆုံးႏွစ္ျဖစ္၊ တပ္မေတာ္၏ တစ္ဖက္သတ္အပစ္ရပ္ ေၾကညာ ခ်က္ေၾကာင့္အျပင္ ေဆြးေႏြးပြဲမ်ား ဆက္တိုက္ျပဳလုပ္ႏိုင္ျခင္းေၾကာင့္ ျဖစ္။
- အႀကီးမားဆုံး ဆုံးရႈံးမႈမွာ ျပည္ေထာင္စု၏အနာဂတ္ကို တိုက္ပြဲမ်ား က ၿခိမ္းေျခာက္သလိုျဖစ္ေနျခင္းျဖစ္။
- ႏွစ္အရွည္အၾကာဆုံး ျပည္တြင္းလက္နက္ကိုင္ပဋိပကၡႏွင့္ ေနာက္ခံအ ေၾကာင္းအရာမ်ိဳးစုံ၊ စိန္ေခၚမႈအခက္အခဲမ်ိဳးစုံေရာေထြးေန။
- ၁၉၄၇ ကစတင္ခဲ့သည့္ ျပည္ေထာင္စုတည္ေဆာက္ေရး အိပ္မက္မွာ ယေန႔အထိ အျပည့္အဝေအာင္ျမင္ျခင္းမရွိေသး။
- ဖက္ဒရယ္စကားလုံးကိုပြင့္လင္းစြာ မေျပာရဲခ်ိန္ကပင္ ဒီခ်ဳပ္ကေျပာ ၾကားခဲ့။
- ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္လိုပါက ေပ်ာ့ေပ်ာင္းညင္ သာမႈႏွင့္ သေဘာထားႀကီးမႈလိုအပ္သည္ကို သတိခ်ပ္ေစလို။
- ေတြ႕ဆုံေဆြးေႏြးရာတြင္ တိုင္းရင္းသားဘက္က တင္ျပခ်က္ကို အား လုံးသေဘာတူလက္ခံသည္ကို ေ႐ြးခ်ယ္သည့္နည္းလမ္းျဖင့္ခ်ဥ္းကပ္။
- ေရွ႕ဆက္မည့္ ၿငိမ္းခ်မ္းေရး ပထမလုပ္ငန္းစဥ္မွာ ျပည္ေထာင္စုၿငိမ္း ခ်မ္းေရးညီလာခံ-၂၁ ရာစုပင္လုံကို မည္ကဲ့သို႔ေရွ႕ဆက္သြားမည္ဆို သည့္ ဘုံလုပ္ငန္းစဥ္ျဖစ္။
- ၿငိမ္းခ်မ္းေရး ဒုတိယလုပ္ငန္းစဥ္မွာ NCA တြင္ ပါဝင္သင့္ပါဝင္ ထိုက္သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ပါဝင္လာေရးျဖစ္။
−တတိယလုပ္ငန္းစဥ္မွာ ၿငိမ္းခ်မ္းေရး၏ အသီးအပြင့္မ်ားကို လူထု လက္ေတြ႕ခံစားႏိုင္ေရးျဖစ္။
----------------------------------------------------------------------------
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္
(တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္)
-အေၾကာင္းအမ်ိဳးမ်ိဳးျပ မတက္ေရာက္ႏိုင္သည့္ အဖြဲ႕မ်ားမွာ ၎တို႔ အေၾကာင္းႏွင့္ ၎တို႔သာ ျဖစ္လိမ့္မည္။
-တပ္မေတာ္အေနျဖင့္ NCA အေပၚရပ္တည္ၿပီး ၿငိမ္းခ်မ္းေရး လုပ္ ငန္းစဥ္ ခိုင္ခိုင္မာမာေဆာင္႐ြက္မည္။
-ကိုးလအတြင္း အပစ္ရပ္သက္တမ္းတိုးေပးမႈႏွင့္ ၿငိမ္းခ်မ္းေရး ေဆာင္႐ြက္ရန္ ေလးႀကိမ္ထုတ္ျပန္ခဲ့။
-ရခိုင္ျပည္နယ္မွာ ယခင္ကအျဖဴေရာင္နယ္ေျမျဖစ္၊ ARSA ေၾကာင့္ မတည္မၿငိမ္ျဖစ္ေနခ်ိန္တြင္ AA က အၾကမ္းဖက္လုပ္ရပ္မ်ား အရွိန္ျမႇင့္၊ လက္ရွိက်င့္သုံးတည္ေဆာက္ေနသည့္ ဒီမိုကေရစီစနစ္ႏွင့္ မသက္ဆိုင္၊ မထိုက္တန္သည့္လုပ္ရပ္ျဖစ္၊ တပ္မေတာ္အေနျဖင့္ လက္ပိုက္ၾကည့္ေန ၍မရ။
-ပင္လုံညီလာခံမွာ လြတ္လပ္ၿပီး ျပည္ေထာင္စုကို မည္ကဲ့သို႔ တည္ ေဆာက္မည္ကို ေဆြးေႏြးျခင္းျဖစ္ၿပီး ႏိုင္ငံေရးကိုဦးတည္ေဆြးေႏြး။ ၂၁ ရာစုပင္လုံညီလာခံမွာ လက္နက္ကိုင္ပဋိပကၡမ်ား ဦးစြာမည္သို႔ ရပ္တန႔္ ရမည္ဆိုသည့္ ၿငိမ္းခ်မ္းေရးအေပၚ ဦးတည္ေဆြးေႏြးျခင္းကို သတိျပဳ ရမည္။
-ေဆြးေႏြးမႈမ်ားတြင္ သံသယစိတ္ႏွင့္ အတၱလိုလားခ်က္ ႀကီးမားပါ က မည္သို႔မွ မေအာင္ျမင္ႏိုင္သည္ကို သတိျပဳရန္လို၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ကိစၥႏွင့္ပတ္သက္၍ က်ယ္က်ယ္ျပန႔္ျပန႔္စဥ္းစားရန္၊ အျဖစ္ႏိုင္ဆုံးနည္း လမ္းကို ရွာေဖြရန္လို။ (ေျခဥဇယား၂၊ ၃ ႏွင့္ ၅ တြင္ ျဖည့္စြက္ျပင္ဆင္ၿပီး ျပည့္စုံေအာင္ ေဆာင္႐ြက္ရန္စဥ္းစားနည္းက ပိုသဘာဝက်မည္ဟုထင္)
-တပ္မေတာ္အေနျဖင့္ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ ခံယူ ခ်က္၊ ယုံၾကည္ခ်က္တူညီသည့္ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ ႐ြက္ေန။
-တပ္မေတာ္သည္ ႏိုင္ငံ့ၿခံစည္း႐ိုးျဖစ္ၿပီး ၿခံစည္း႐ိုးလုံၿခဳံမွ တိုင္းျပည္ လုံၿခဳံေအးခ်မ္းမည္။
-ဖက္ဒရယ္စနစ္ႏွင့္ပတ္သက္၍ တပ္မေတာ္အေနျဖင့္ စာအုပ္စာ တမ္းမ်ားအျပင္ ယင္းစနစ္က်င့္သုံးသည့္ ႏိုင္ငံမ်ားသို႔ သြားေရာက္ေလ့ လာ။
-We are Myanmar ဆိုသည့္ တေပါင္းတစည္းတည္းစိတ္ျဖင့္ ညႇိႏႈိင္းေဆြးေႏြးမွ အလုပ္ျဖစ္ႏိုင္မည္။
----------------------------------------------------------------------------
ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုး
(ဥကၠ႒၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU))
-ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)အဖြဲ႕ တက္ ေရာက္ႏိုင္ျခင္းမရွိသည့္အေပၚ လြန္စြာဝမ္းနည္းစိတ္မေကာင္း။
-NCA ေလးႏွစ္ျပည့္ၿပီျဖစ္ေသာ္လည္း တိုးတက္မႈမ်ားစြာမရွိေသး။
-ယုံၾကည္မႈအားနည္းေနၿပီး အာဃာတမ်ား အားေကာင္းေနေသး ဟုျမင္၊ ျပန္လည္ဆန္းစစ္ရန္လိုအပ္။
-NCA ၏ အႏွစ္သာရေပၚလြင္ေစရန္ က်န္ရွိေနေသးသည့္ လက္ နက္ကိုင္အဖြဲ႕မ်ား လက္မွတ္ေရးထိုးႏိုင္ရန္ ပူးေပါင္းေဆာင္႐ြက္ရမည္။
-NCA ျပ႒ာန္းခ်က္မ်ားအေပၚ တူညီသည့္အဓိပၸာယ္ဖြင့္ဆိုခ်က္ မရရွိေသး။
-မယုံၾကည္မႈမ်ား၊ အသာစီးရလိုမႈမ်ားေၾကာင့္ ႏိုင္ငံေရးေဆြးေႏြး ပြဲမ်ား မျပဳလုပ္ႏိုင္ဘဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ရပ္တန႔္ေနသလိုျဖစ္။
-ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရရွိရန္ တာဝန္ယူ၊ တာဝန္ ခံမႈႏွင့္ ပြင့္လင္းျမင္သာမႈကို အေျခခံၿပီး NCA စာခ်ဳပ္ပါအခ်က္မ်ား ၿပီးစီးေအာင္ျမင္သည္အထိ ပူးတြဲေဆာင္႐ြက္သြားၾကရန္။
-ယုံၾကည္မႈတည္ေဆာက္ၿပီး အျပန္အလွွန္ေလးစားအသိအမွတ္ ျပဳမႈကို အေျခခံကာ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုကို စုေပါင္း တည္ေဆာက္ၾကရန္။
Unicode
NCA လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့၏ မိန့်ခွန်းကောက်နုတ်ချက်များ
ဒေါ်အောင်ဆန်းစုကြည်
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
- ငြိမ်းချမ်းရေးသဘောတူညီချက်များသည် စွန့်စားရသည့် နိုင်ငံရေး နှင့် စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များဖြစ်။
- ယခင်သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်အားလုံးကို ဂုဏ်ပြု။
- NCA စာချုပ်သည် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သက်သက်မဟုတ်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို မည်သည့်လမ်း ကြောင်းဖြင့်သွားမည်ကို ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပဋိညာဉ်တစ်ရပ်ဖြစ်။
- လက်ရှိအခက်အခဲများမှာ NCA ကြောင့်မဟုတ်၊ NCA အကောင်အ ထည်ဖော်ရာတွင် အားနည်းချက်၊ လိုက်နာရန်လိုအပ်ချက်နှင့် နားလည် မှုကွဲပြားခြင်းကြောင့် ဖြစ်ပွားလာသည့်အခက်အခဲများဖြစ်။
- NCA အကောင်အထည်ဖော်ရာတွင် ကတိသစ္စာတည်ကြည်ရန် လို အပ်သည်ကို အားလုံးနားလည်ကြပြီးဖြစ်။
- ၂၀၁၉ သည် တပ်မတော်နှင့် NCA အဖွဲ့များကြား ထိတွေ့တိုက်ပွဲ အနည်းဆုံးနှစ်ဖြစ်၊ တပ်မတော်၏ တစ်ဖက်သတ်အပစ်ရပ် ကြေညာ ချက်ကြောင့်အပြင် ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်။
- အကြီးမားဆုံး ဆုံးရှုံးမှုမှာ ပြည်ထောင်စု၏အနာဂတ်ကို တိုက်ပွဲများ က ခြိမ်းခြောက်သလိုဖြစ်နေခြင်းဖြစ်။
- နှစ်အရှည်အကြာဆုံး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် နောက်ခံအ ကြောင်းအရာမျိုးစုံ၊ စိန်ခေါ်မှုအခက်အခဲမျိုးစုံရောထွေးနေ။
- ၁၉၄၇ ကစတင်ခဲ့သည့် ပြည်ထောင်စုတည်ဆောက်ရေး အိပ်မက်မှာ ယနေ့အထိ အပြည့်အဝအောင်မြင်ခြင်းမရှိသေး။
- ဖက်ဒရယ်စကားလုံးကိုပွင့်လင်းစွာ မပြောရဲချိန်ကပင် ဒီချုပ်ကပြော ကြားခဲ့။
- ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုပါက ပျော့ပျောင်းညင် သာမှုနှင့် သဘောထားကြီးမှုလိုအပ်သည်ကို သတိချပ်စေလို။
- တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားဘက်က တင်ပြချက်ကို အား လုံးသဘောတူလက်ခံသည်ကို ရွေးချယ်သည့်နည်းလမ်းဖြင့်ချဉ်းကပ်။
- ရှေ့ဆက်မည့် ငြိမ်းချမ်းရေး ပထမလုပ်ငန်းစဉ်မှာ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကို မည်ကဲ့သို့ရှေ့ဆက်သွားမည်ဆို သည့် ဘုံလုပ်ငန်းစဉ်ဖြစ်။
- ငြိမ်းချမ်းရေး ဒုတိယလုပ်ငန်းစဉ်မှာ NCA တွင် ပါဝင်သင့်ပါဝင် ထိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေးဖြစ်။
−တတိယလုပ်ငန်းစဉ်မှာ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို လူထု လက်တွေ့ခံစားနိုင်ရေးဖြစ်။
----------------------------------------------------------------------------
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)
-အကြောင်းအမျိုးမျိုးပြ မတက်ရောက်နိုင်သည့် အဖွဲ့များမှာ ၎င်းတို့ အကြောင်းနှင့် ၎င်းတို့သာ ဖြစ်လိမ့်မည်။
-တပ်မတော်အနေဖြင့် NCA အပေါ်ရပ်တည်ပြီး ငြိမ်းချမ်းရေး လုပ် ငန်းစဉ် ခိုင်ခိုင်မာမာဆောင်ရွက်မည်။
-ကိုးလအတွင်း အပစ်ရပ်သက်တမ်းတိုးပေးမှုနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရန် လေးကြိမ်ထုတ်ပြန်ခဲ့။
-ရခိုင်ပြည်နယ်မှာ ယခင်ကအဖြူရောင်နယ်မြေဖြစ်၊ ARSA ကြောင့် မတည်မငြိမ်ဖြစ်နေချိန်တွင် AA က အကြမ်းဖက်လုပ်ရပ်များ အရှိန်မြှင့်၊ လက်ရှိကျင့်သုံးတည်ဆောက်နေသည့် ဒီမိုကရေစီစနစ်နှင့် မသက်ဆိုင်၊ မထိုက်တန်သည့်လုပ်ရပ်ဖြစ်၊ တပ်မတော်အနေဖြင့် လက်ပိုက်ကြည့်နေ ၍မရ။
-ပင်လုံညီလာခံမှာ လွတ်လပ်ပြီး ပြည်ထောင်စုကို မည်ကဲ့သို့ တည် ဆောက်မည်ကို ဆွေးနွေးခြင်းဖြစ်ပြီး နိုင်ငံရေးကိုဦးတည်ဆွေးနွေး။ ၂၁ ရာစုပင်လုံညီလာခံမှာ လက်နက်ကိုင်ပဋိပက္ခများ ဦးစွာမည်သို့ ရပ်တန့် ရမည်ဆိုသည့် ငြိမ်းချမ်းရေးအပေါ် ဦးတည်ဆွေးနွေးခြင်းကို သတိပြု ရမည်။
-ဆွေးနွေးမှုများတွင် သံသယစိတ်နှင့် အတ္တလိုလားချက် ကြီးမားပါ က မည်သို့မှ မအောင်မြင်နိုင်သည်ကို သတိပြုရန်လို၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရန်၊ အဖြစ်နိုင်ဆုံးနည်း လမ်းကို ရှာဖွေရန်လို။ (ခြေဥဇယား၂၊ ၃ နှင့် ၅ တွင် ဖြည့်စွက်ပြင်ဆင်ပြီး ပြည့်စုံအောင် ဆောင်ရွက်ရန်စဉ်းစားနည်းက ပိုသဘာဝကျမည်ဟုထင်)
-တပ်မတော်အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ခံယူ ချက်၊ ယုံကြည်ချက်တူညီသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေ။
-တပ်မတော်သည် နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှ တိုင်းပြည် လုံခြုံအေးချမ်းမည်။
-ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စာအုပ်စာ တမ်းများအပြင် ယင်းစနစ်ကျင့်သုံးသည့် နိုင်ငံများသို့ သွားရောက်လေ့ လာ။
-We are Myanmar ဆိုသည့် တပေါင်းတစည်းတည်းစိတ်ဖြင့် ညှိနှိုင်းဆွေးနွေးမှ အလုပ်ဖြစ်နိုင်မည်။
----------------------------------------------------------------------------
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး
(ဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး (KNU))
-ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့ တက် ရောက်နိုင်ခြင်းမရှိသည့်အပေါ် လွန်စွာဝမ်းနည်းစိတ်မကောင်း။
-NCA လေးနှစ်ပြည့်ပြီဖြစ်သော်လည်း တိုးတက်မှုများစွာမရှိသေး။
-ယုံကြည်မှုအားနည်းနေပြီး အာဃာတများ အားကောင်းနေသေး ဟုမြင်၊ ပြန်လည်ဆန်းစစ်ရန်လိုအပ်။
-NCA ၏ အနှစ်သာရပေါ်လွင်စေရန် ကျန်ရှိနေသေးသည့် လက် နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရန် ပူးပေါင်းဆောင်ရွက်ရမည်။
-NCA ပြဋ္ဌာန်းချက်များအပေါ် တူညီသည့်အဓိပ္ပာယ်ဖွင့်ဆိုချက် မရရှိသေး။
-မယုံကြည်မှုများ၊ အသာစီးရလိုမှုများကြောင့် နိုင်ငံရေးဆွေးနွေး ပွဲများ မပြုလုပ်နိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေသလိုဖြစ်။
-ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် တာဝန်ယူ၊ တာဝန် ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို အခြေခံပြီး NCA စာချုပ်ပါအချက်များ ပြီးစီးအောင်မြင်သည်အထိ ပူးတွဲဆောင်ရွက်သွားကြရန်။
-ယုံကြည်မှုတည်ဆောက်ပြီး အပြန်အလှှန်လေးစားအသိအမှတ် ပြုမှုကို အခြေခံကာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်း တည်ဆောက်ကြရန်။
====================================
END / 251