၃၁ အောက်တိုဘာ ၂၀၁၉ - ၁၇:၁၈
ကယားျပည္နယ္ တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈေကာ္မီတီမ်ား စုေပါင္း႐ုံးဖြင့္လွစ္

ကယားျပည္နယ္အတြင္းရွိ တိုင္းရင္သားမ်ိဳးႏြယ္ေတြအေန နဲ႔ သူတို႔ရဲ႕ တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈလုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔ ကယားျပည္နယ္ တိုင္းရင္းသားစာ ေပႏွင့္ ယဥ္ေက်းမႈေကာ္မတီမ်ား စုေပါင္း႐ုံး အေဆာက္အအုံကို ဒီကေန႔ ဖြင့္လွစ္လိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ကယားျပည္နယ္အတြင္းရွိ  တိုင္းရင္သားမ်ိဳးႏြယ္ေတြအေနနဲ႔ သူတို႔ရဲ႕ တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈလုပ္ငန္းေတြလုပ္ေဆာင္ႏိုင္ဖို႔ ကယားျပည္နယ္ တိုင္းရင္းသားစာ ေပႏွင့္ ယဥ္ေက်းမႈေကာ္မတီမ်ား စုေပါင္း႐ုံး အေဆာက္အအုံကို ဒီကေန႔ ဖြင့္လွစ္လိုက္ပါတယ္။

ဒီ႐ုံးဟာ ၆ ခန္းတြဲ ၂ ထပ္တည္ေဆာက္ထားတဲ့ အေဆာက္အအုံသစ္ျဖစ္ၿပီး အဓိကအားျဖင့္ ကယားျပည္နယ္အတြင္းက ကယား၊ ကယန္း၊ ကေယာ၊ မႏူးမေနာ္၊ ယင္းတလဲ၊ ကရင္၊ဗမာ၊ ပအိုးဝ္ လီဆူ အစရွိတဲ့ တိုင္းရင္းသား ၁၁ မ်ိဳးက သူတို႔ရဲ႕စာေပနဲ႔ယဥ္ေက်းမႈနဲ႔ပတ္သက္တဲ့လုပ္ငန္းေတြကို ေဆာင္႐ြက္ႏိုင္ဖို႔ ျဖစ္တယ္လို႔ တိုင္းရင္းသားအခြင့္ အေရး ကာကြယ္ ေစာင့္ေလွ်ာက္ေရး ဦးစီးဌာန ဒုၫြန္မႉး ဦးစိုးျမင့္ထြန္းက ေျပာပါတယ္။

“က်ေနာ္တို႔က နဂိုက ဌာနဆိုင္ရာအဖြဲ႕အစည္း၊ အခုဒါကေတာ့ ဒီအျပင္က စာေပယဥ္ေက်းမႈ အဖြဲ႕အစည္းေတြေပါ့။ ကယားျပည္နယ္မွာရွိတဲ့ တိုင္းရင္းသားလူမ်ိဳးေတြေပါ့။ ယား၊ ကယန္း၊ ကေယာ၊ မႏူးမေနာ္၊ ယင္းတလဲ၊ ကရင္၊ ဗမာ၊ ပအိုဝ္း လီဆူ အစရွိတဲ့ တိုင္းရင္းသား ၁၁ မ်ိဳးေပါ့ေနာ္။ အဲဒီရဲ႕စာေပယဥ္ေက်းမႈအဖြဲ႕ေတြ သူတို႔က ႐ုံးထိုင္ မွာေပါ့။ သူတို႔ရဲ႕စာေပလုပ္ငန္းေတြလုပ္မယ္။ ယဥ္ေက်းမႈလုပ္ငန္းေတြလုပ္မယ္။ အဲဒါပါပဲ။ ”

အဆိုပါ တိုင္းရင္းသားစာေပႏွင့္ေကာ္မတီမ်ား စုေပါင္း႐ုံးအေဆာက္အအုံကို  ၂၀၁၈-၂၀၁၉ ခု၊ ဘ႑ာေရးႏွစ္ ျပည္နယ္အစိုးရအဖြဲ႕ ရန္ပုံေငြက်ပ္ ၁၇၈.၂ သန္းနဲ႔ ေဆာင္႐ြက္ ခဲ့ၿပီး ႐ုံးခန္း ၁၂ ခန္းနဲ႔  အစည္းအေဝးခန္း ၁ ခန္းတို႔နဲ႔ ထည့္သြင္းဖြဲ႕စည္းတည္ ေဆာက္ထားပါတယ္။

ဒီကေန႔ အေဆာက္အဦသစ္ ဖြင့္ပြဲကို တက္ေရာက္ခဲ့တဲ့ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက  တိုင္းရင္းသာေတြအတြက္ အခုလို အခြင့္အေရးမ်ား ရရွိပုံေဖာ္ႏိုင္ဖို႔ ရာ စုႏွစ္ေပါင္းမ်ားစြာကတည္းက ေမွ်ာ္လင့္ခဲ့ၾကၿပီး မိမိအေနနဲ႔လည္းေမွ်ာ္လင့္သလို အလားတူ တိုင္းရင္းသားအားလုံးကလည္း ေမွ်ာ္လင့္ေနမွာျဖစ္ေၾကာင္း  ဒီအေတြးအျမင္ေတြ ကိုယ္စီရွိ ၾကမွာျဖစ္ၿပီး မိမိတို႔ရဲ႕ အိပ္မက္ေတြကို ယေန႔ အခ်ိန္မွာ ေဖာ္ေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း သူ႔ရဲ႕အဖြင့္အမွာစကားမွာ ထည့္သြင္းေျပာၾကားသြားခဲ့ပါတယ္။

ဖြင့္ပြဲအခမ္းအနားကို ကယားျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒နဲ႔ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးအပါအဝင္ အစိုးရအဖြဲ႕ဝန္ႀကီးဌာနေတြနဲ႔ ဌာန ဆိုင္ရာ အဖြဲ႕အစည္းတခ်ိဳ႕ တက္ေရာက္ခဲ့ပါတယ္။

Unicode


ကယားပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မီတီများ စုပေါင်းရုံးဖွင့်လှစ်

ကယားပြည်နယ်အတွင်းရှိ  တိုင်းရင်သားမျိုးနွယ်တွေအနေနဲ့ သူတို့ရဲ့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ ကယားပြည်နယ် တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ စုပေါင်းရုံး အဆောက်အအုံကို ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။

ဒီရုံးဟာ ၆ ခန်းတွဲ ၂ ထပ်တည်ဆောက်ထားတဲ့ အဆောက်အအုံသစ်ဖြစ်ပြီး အဓိကအားဖြင့် ကယားပြည်နယ်အတွင်းက ကယား၊ ကယန်း၊ ကယော၊ မနူးမနော်၊ ယင်း တလဲ၊ ကရင်၊ ဗမာ၊ ပအိုးဝ် လီဆူ အစရှိတဲ့ တိုင်းရင်းသား ၁၁ မျိုးက သူတို့ရဲ့စာပေနဲ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ တိုင်း ရင်းသားအခွင့်အရေး ကာကွယ် စောင့်လျှောက်ရေး ဦးစီးဌာန ဒုညွန်မှူး ဦးစိုးမြင့်ထွန်းက ပြောပါတယ်။

“ကျနော်တို့က နဂိုက ဌာနဆိုင်ရာအဖွဲ့အစည်း၊ အခုဒါကတော့ ဒီအပြင်က စာပေယဉ်ကျေးမှု အဖွဲ့အစည်းတွေပေါ့။ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုး တွေပေါ့။ ယား၊ ကယန်း၊ ကယော၊ မနူးမနော်၊ ယင်းတလဲ၊ ကရင်၊ ဗမာ၊ ပအိုဝ်း လီဆူ အစရှိတဲ့ တိုင်းရင်းသား ၁၁ မျိုးပေါ့နော်။ အဲဒီရဲ့စာပေယဉ်ကျေးမှုအဖွဲ့တွေ သူတို့ က ရုံးထိုင်မှာပေါ့။ သူတို့ရဲ့စာပေလုပ်ငန်းတွေလုပ်မယ်။ ယဉ်ကျေးမှုလုပ်ငန်းတွေလုပ်မယ်။ အဲဒါပါပဲ။ ”

အဆိုပါ တိုင်းရင်းသားစာပေနှင့်ကော်မတီများ စုပေါင်းရုံးအဆောက်အအုံကို  ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၇၈.၂ သန်းနဲ့ ဆောင် ရွက်ခဲ့ပြီး ရုံးခန်း ၁၂ ခန်းနဲ့  အစည်းအဝေးခန်း ၁ ခန်းတို့နဲ့ ထည့်သွင်းဖွဲ့စည်းတည် ဆောက်ထားပါတယ်။

ဒီကနေ့ အဆောက်အဦသစ် ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက  တိုင်းရင်းသာတွေအတွက် အခုလို အခွင့်အရေးများ ရရှိပုံဖော်နိုင် ဖို့ ရာစုနှစ်ပေါင်းများစွာကတည်းက မျှော်လင့်ခဲ့ကြပြီး မိမိအနေနဲ့လည်းမျှော်လင့်သလို အလားတူ တိုင်းရင်းသားအားလုံးကလည်း မျှော်လင့်နေမှာဖြစ်ကြောင်း  ဒီအ တွေးအမြင်တွေ ကိုယ်စီရှိ ကြမှာဖြစ်ပြီး မိမိတို့ရဲ့ အိပ်မက်တွေကို ယနေ့ အချိန်မှာ ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း သူ့ရဲ့အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝန်ကြီး ဌာနတွေနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတချို့ တက်ရောက်ခဲ့ပါတယ်။

====================================

END / 251