၂ နိုဝင်ဘာ ၂၀၁၉ - ၁၇:၄၅
အာဆီယံထိပ္သီးအစည္းအေဝး တက္ေရာက္မည့္ ေဒၚေအာင္ဆန္းစုၾကည္၏ ေလးရက္ၾကာ ထိုင္းခရီးစဥ္စတင္ အာဆီယံစီးပြားေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈထိပ

ႏိုင္ငံေတာ္၏ အတိုင္ ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစု ၾကည္သည္ အာဆီယံထိပ္သီးအ စည္းအေဝးတက္ေရာက္ရန္ေလး ရက္ ၾကာ ထိုင္းႏိုင္ငံခရီးစဥ္ကို ယမန္ေန႔တြင္ စတင္ သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ႏိုင္ငံေတာ္၏ အတိုင္ ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစု ၾကည္သည္ အာဆီယံထိပ္သီးအ စည္းအေဝးတက္ေရာက္ရန္ေလး ရက္ၾကာ ထိုင္းႏိုင္ငံခရီးစဥ္ကို ယမန္ေန႔တြင္ စတင္ သည္။

အထက္ပါခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္သည္ (၃၅)ႀကိမ္ေျမာက္အာဆီယံထိပ္ သီးအစည္းအေဝးႏွင့္ဆက္စပ္ ထိပ္သီးအစည္းအေဝးမ်ားကို တက္ေရာက္မည္ျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕၌ ယေန႔(ႏိုဝင္ဘာ ၂ ရက္)က်င္းပမည့္ အာဆီယံစီးပြား ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈထိပ္သီး ေဆြးေႏြးပြဲ (ASEAN Business and Investment Summit) တြင္ မိန႔္ခြန္းေျပာၾကားမည္ျဖစ္သည္။

ထို႔အျပင္ ယင္းထိပ္သီးအ စည္းအေဝးကာလအတြင္း ေဒၚ ေအာင္ဆန္းစုၾကည္သည္ အျခား ႏိုင္ငံ့ေခါင္းေဆာင္မ်ားႏွင့္လည္း သီးျခားေတြ႕ဆုံရန္ စီစဥ္ထား သည္။ အာဆီယံ ဆက္စပ္ ထိပ္သီးအစည္းအေဝးမ်ားတက္ ေရာက္ရန္ တ႐ုတ္၊ ဂ်ပန္၊ အေမ ရိကန္၊ အိႏၵိယ၊ ေတာင္ကိုရီးယား ႏိုင္ငံတို႔မွ အႀကီးအကဲမ်ားလည္း ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ရွိ ေန သည္။

(၃၅)ႀကိမ္ေျမာက္အာဆီယံ ထိပ္သီးအစည္းအေဝးတြင္ အာ ဆီယံေခါင္းေဆာင္မ်ားက လက္ ရွိ ေဖာ္ေဆာင္ေနသည့္ အာဆီယံ အသိုက္အဝန္းတည္ေဆာက္ ေရး၊ အာဆီ ယံႏွင့္ျပင္ပဆက္ဆံ ေရး၊ အာဆီယံ၏အနာဂတ္၊ ေဒသတြင္းႏွင့္ ႏိုင္ငံတကာေရးရာ ကိစၥမ်ား အဓိကေဆြးေႏြးမည္ျဖစ္သည္။ ရခိုင္ျပည္နယ္အေရးႏွင့္ ပတ္သက္၍ အာဆီယံက ဖိအား ေပးရန္ေတာင္းဆိုမႈအခ်ိဳ႕ရွိေသာ္ လည္း ထိပ္သီးအစည္းအေဝး၏ ေဆြးေႏြးမည့္အစီအစဥ္တြင္ ပါ ဝင္ျခင္းမရွိေပ။

အထက္ပါခရီးစဥ္တြင္ ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚ ေအာင္ဆန္းစုၾကည္ႏွင့္အတူအ ျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဦးေက်ာ္တင္၊ ႏိုင္ငံျခားေရးဝန္ႀကီး ဌာန၊ ရင္းႏွီးျမႇဳပ္ ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ ေရးဝန္ႀကီးဌာနတို႔မွ အဆင့္ျမင့္ အရာရွိႀကီးမ်ား လိုက္ပါသြား သည္။

Unicode

အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လေးရက်ကြာ ထိုင်းခရီးစဉ်စတင်
အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲ၌ ယနေ့ မိန့်ခွန်းပြောကြားမည်

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်သည် အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်ရန်လေး ရက်ကြာ ထိုင်းနိုင်ငံခရီးစဉ်ကို ယမန်နေ့တွင် စတင်သည်။

အထက်ပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် (၃၅)ကြိမ်မြောက်အာဆီယံထိပ် သီးအစည်းအဝေးနှင့်ဆက်စပ် ထိပ်သီးအစည်းအဝေးများကို တက်ရောက် မည်ဖြစ်ပြီး ဘန် ကောက်မြို့၌ ယနေ့(နိုဝင်ဘာ ၂ ရက်)ကျင်းပမည့် အာဆီယံစီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး ဆွေးနွေးပွဲ (ASEAN Business and Investment Summit)တွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ထို့အပြင် ယင်းထိပ်သီးအ စည်းအဝေးကာလအတွင်း ဒေါ် အောင်ဆန်းစုကြည်သည် အခြား နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားတွေ့ဆုံရန် စီစဉ်ထား သည်။ အာဆီယံဆက်စပ် ထိပ်သီးအစည်းအဝေးများတက် ရောက်ရန် တရုတ်၊ ဂျပန်၊ အမေ ရိကန်၊ အိန္ဒိယ၊ တောင်ကိုရီးယား နိုင်ငံတို့မှ အကြီးအကဲများလည်း ဘန်ကောက် မြို့သို့ ရောက်ရှိနေ သည်။

(၃၅)ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာ ဆီယံခေါင်းဆောင်များက လက် ရှိ ဖော်ဆောင်နေသည့် အာဆီယံ အသိုက်အဝန်းတည်ဆောက် ရေး၊ အာဆီယံနှင့်ပြင်ပဆက်ဆံ ရေး၊ အာဆီယံ၏အနာဂတ်၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စများ အဓိကဆွေးနွေးမည်ဖြစ်သည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အာဆီယံကဖိအား ပေးရန်တောင်းဆိုမှုအချို့ရှိသော် လည်း ထိပ်သီးအစည်းအဝေး၏ ဆွေးနွေးမည့်အစီအစဉ်တွင် ပါ ဝင်ခြင်းမရှိပေ။

အထက်ပါခရီးစဉ်တွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ အ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဦးကျော်တင်၊ နိုင် ငံခြား ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွား သည်။

====================================

END / 251