အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
စီမံကိန္းလုပ္ငန္းေတြ အေကာင္အထည္ ေဖာ္ရာမွာ ႏိုင္ငံေတာ္ ဘ႑ာေငြေလလႊင့္မႈ မရွိေအာင္ ေဆာင္႐ြက္ၾကဖို႔ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္က သတိေပး ေျပာၾကားလိုက္ပါတယ္။
သမၼတ ဦးဝင္းျမင့္ဟာ ႏိုဝင္ဘာ ၆ ရက္ေန႔က မြန္ျပည္နယ္ကို ေရာက္ရွိလာခဲ့ၿပီး ဒီခရီးမွာေတာ့ က်ပ္သန္းေပါင္း ၂၃၀၀၀ ေက်ာ္ ကုန္က်ခံ တည္ေဆာက္ေနတဲ့ က်ိဳက္မေရာ ၿမိဳ႕နယ္ရွိ အတၱရံျမစ္ ကူး(စံပယ္ဂူတံတား) စီမံကိန္းကို လာေရာက္ စစ္ေဆးခဲ့တာပါ။
အခုလို စစ္ေဆးရာမွာေတာ့ တံတား တည္ေဆာက္မႈ လုပ္ငန္းစဥ္ကို သတ္မွတ္ကာလအတြင္း အခ်ိန္မီ ၿပီးစီးေအာင္ ေဆာင္႐ြက္ဖို႔နဲ႔ အခုစီမံကိန္းအေကာင္အထည္ ေဖာ္ရာမွာ ႏိုင္ငံေတာ္ ဘ႑ာေငြ ေလ့လႊင့္မႈ မရွိေအာင္ဂ႐ုစိုက္ၾကဖို႔ ႏိုင္ငံတာ္ သမၼတက သတိေပး ေျပာဆိုလိုက္တာပါ။
ဒီအတၱရံျမစ္ကူး(စံပယ္ဂူတံတား)ဟာ က်ိဳက္မေရာၿမိဳ႕နယ္ အေရွ႕ဘက္ ႐ြာေပါင္း၉၇ နဲ႔ အေနာက္ဘက္ ႐ြာေပါင္း ၆၁ ႐ြာကို ဆက္သြယ္ေပးမယ့္ သံမဏိသံေပါင္ဂုံးတံတား အမ်ိဳးအစား ျဖစ္ပါတယ္။
ဒီတံတား စီမံကိန္းကိုေတာ့ ၂၀၁၉ ႏွစ္ဆန္းပိုင္းက စတင္ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး အခုအခါ ၃၀ ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီးသြားျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဘ႑ာေငြဆုံးရႈံးမႈ မျဖစ္ေအာင္ ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့လုပ္ထုံးလုပ္နည္းနဲ႔ အညီ ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔ တံတားအထူးအဖြဲ႕ (၁၄) မွ ဒုၫႊန္ၾကားေရးမႉး ဦးေဇာ္မိုးလြင္က ေျပာပါတယ္။
ဒီအတၱရံျမစ္ကူး(စံပယ္ဂူတံတား)ကိုေတာ့ ျပည္ေထာင္အစိုးရ ရန္ပုံေငြ က်ပ္သန္း၇၅၀၀ အပါအဝင္ ျပည္နယ္ အစိုးရ ရန္ပုံေငြ က်ပ္သန္း ၁၅၀၀၀ ေက်ာ္ စုစုေပါင္း က်ပ္သန္း ၂၃၀၀၀ ေက်ာ္ ကုန္က် ခံ တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။
ဒီအတၱရံျမစ္ကူး(စံပယ္ဂူတံတား)ကို လာမယ့္ ၂၀၂၀ စက္တင္ဘာမွာ အၿပီးတည္ေဆာက္ဖို႔ စီစဥ္ထားတာပါ။
Unicode
စီမံကိန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံဘဏ္ဍာ လေ့လွှင့်မှုမရှိစေရန် သမ္မတသတိပေး
စီမံကိန်းလုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ နိုင်ငံတော် ဘဏ္ဍာငွေလေလွှင့်မှု မရှိအောင် ဆောင်ရွက်ကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သတိပေး ပြောကြားလိုက်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ နိုဝင်ဘာ ၆ ရက်နေ့က မွန်ပြည်နယ်ကို ရောက်ရှိလာခဲ့ပြီး ဒီခရီးမှာတော့ ကျပ်သန်းပေါင်း ၂၃၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်နေတဲ့ ကျိုက်မရော မြို့နယ်ရှိ အတ္တရံမြစ်ကူး(စံပယ်ဂူတံတား) စီမံကိန်းကို လာရောက် စစ်ဆေးခဲ့တာပါ။
အခုလို စစ်ဆေးရာမှာတော့ တံတား တည်ဆောက်မှု လုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ဖို့နဲ့ အခုစီမံကိန်းအကောင်အထည် ဖော်ရာမှာ နိုင်ငံ တော် ဘဏ္ဍာငွေ လေ့လွှင့်မှု မရှိအောင်ဂရုစိုက်ကြဖို့ နိုင်ငံတာ် သမ္မတက သတိပေး ပြောဆိုလိုက်တာပါ။
ဒီအတ္တရံမြစ်ကူး(စံပယ်ဂူတံတား)ဟာ ကျိုက်မရောမြို့နယ် အရှေ့ဘက် ရွာပေါင်း၉၇ နဲ့ အနောက်ဘက် ရွာပေါင်း ၆၁ ရွာကို ဆက်သွယ်ပေးမယ့် သံမဏိသံပေါင်ဂုံးတံတား အမျိုးအစား ဖြစ် ပါတယ်။
ဒီတံတား စီမံကိန်းကိုတော့ ၂၀၁၉ နှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအခါ ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘဏ္ဍာငွေဆုံးရှုံးမှု မဖြစ်အောင် နိုင်ငံတော်က ချမှတ်ထားတဲ့လုပ်ထုံးလုပ်နည်းနဲ့ အညီ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ တံတားအထူးအဖွဲ့ (၁၄) မှ ဒုညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က ပြောပါတယ်။
ဒီအတ္တရံမြစ်ကူး(စံပယ်ဂူတံတား)ကိုတော့ ပြည်ထောင်အစိုးရ ရန်ပုံငွေ ကျပ်သန်း၇၅၀၀ အပါအဝင် ပြည်နယ် အစိုးရ ရန်ပုံငွေ ကျပ်သန်း ၁၅၀၀၀ ကျော် စုစုပေါင်း ကျပ်သန်း ၂၃၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ဒီအတ္တရံမြစ်ကူး(စံပယ်ဂူတံတား)ကို လာမယ့် ၂၀၂၀ စက်တင်ဘာမှာ အပြီးတည်ဆောက်ဖို့ စီစဉ်ထားတာပါ။
====================================
END / 251
၆ နိုဝင်ဘာ ၂၀၁၉ - ၁၅:၂၆
News ID: 986367
စီမံကိန္းလုပ္ငန္းေတြ အေကာင္အထည္ ေဖာ္ရာမွာ ႏိုင္ငံေတာ္ ဘ႑ာ ေငြေလလႊင့္မႈ မရွိေအာင္ ေဆာင္႐ြက္ၾကဖို႔ ႏိုင္ငံေတာ္ သမၼတ ဦးဝင္း ျမင့္က သတိေပး ေျပာၾကားလိုက္ပါတယ္။