၆ နိုဝင်ဘာ ၂၀၁၉ - ၁၅:၄၇
ၿငိမ္းခ်မ္းေရးေကာ္မရွင္ကို သမၼတက ေျပာင္းလဲဖြဲ႕စည္း

ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ေကာ္မရွင္ရဲ႕အႀကံေပးအဖြဲ႕ဝင္တခ်ိဳ႕ကို ႏိုင္ငံေတာ္သမၼတအမိန႔္နဲ႔ ေျပာင္းလဲဖြဲ႕စည္းလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ အမိန႔္စာမွာ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ကို ျပင္ဆင္ ဖြဲ႕စည္းတယ္လို႔ ဆိုထားၿပီး စာရင္းအရေတာ့ အဖြဲ႕ဝင္တေယာက္ပဲ ေျပာင္းလဲသြားပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

    
ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ေကာ္မရွင္ရဲ႕အႀကံေပးအဖြဲ႕ဝင္တခ်ိဳ႕ကို ႏိုင္ငံေတာ္သမၼတအမိန႔္နဲ႔  ေျပာင္းလဲဖြဲ႕စည္းလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ အမိန႔္စာမွာ ၿငိမ္းခ်မ္းေရးေကာ္မရွင္ကို ျပင္ဆင္ ဖြဲ႕စည္းတယ္လို႔ ဆိုထားၿပီး စာရင္းအရေတာ့ အဖြဲ႕ဝင္တေယာက္ပဲ ေျပာင္းလဲသြားပါတယ္။

အမည္မေဖာ္လို႔တဲ့ ေကာ္မရွင္အႀကံေပး တဦးက “အရင္အဖြဲ႕ဝင္အျဖစ္ပါခဲ့တဲ့ ဦးေအာင္စိုး (သရက္ေခ်ာင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)ကေတာ့ ျပန္ပါလာတာမေတြ႕ရဘူး။ အဲဒီ ေနရာမွာ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးလွေမာ္ဦးပါလာတယ္။ အႀကံေပး အဖြဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ဦးေအာင္ၾကည္ကေတာ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္မွာ ဥကၠ႒ျဖစ္ကတည္းက ၿငိမ္းခ်မ္းေရးေကာ္မရွင္မွာ မလုပ္ေတာ့ပါဘူး” လို႔ ေျပာပါတယ္။

အႀကံေပးအဖြဲ႕မွာပါလာတဲ့ ဦးမိုးေဇာ္ဦးက‌ေတာ့ အခုႏွစ္ ေမလမွာမွ အဖြဲ႕ထဲကို ပါလာခဲ့တာ လို႔လည္း သူက ေျပာပါတယ္။

ဒါေၾကာင့္ လက္ရွိေကာ္မရွင္မွာ ဥကၠ႒ ေဒါက္တာ တင္မ်ိဳးဝင္း၊ ဒုဥကၠ႒ ဦးသိန္းေဇာ္၊ အတြင္းေရးမႉးက အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဦးခင္ေဇာ္ဦး၊ အဖြဲ႕ဝင္ေတြအျဖစ္ ဦးႏိုင္ငံလင္း၊ ေဒါက္တာ ေအာင္ထြန္းသက္နဲ႔ ဦးလွေမာ္ဦးတို႔ ျဖစ္ပါတယ္။

ေကာ္မရွင္အႀကံေပးအဖြဲ႕မွာေတာ့ အရင္ကလို ေခါင္းေဆာင္အျဖစ္ သတ္မွတ္ထားတာ မေတြ႕ရဘဲ ဦးလွေမာင္ေ႐ႊ၊ ေဒါက္တာမင္းေဇာ္ဦးနဲ႔ ဦးလွေမာ္ဦးတို႔ ျဖစ္ပါတယ္။ ၿပီးေတာ့ အေထာက္အကူျပဳအဖြဲ႕ကိုလည္း ၃ ေယာက္နဲ႔ ဖြဲ႕ေပးထားပါတယ္။

အခုလို လူတခ်ိဳ႕ ေျပာင္းလဲလိုက္တာကလြဲလို႔ ေကာ္မရွင္ရဲ႕ လုပ္ငန္းတာဝန္ စတာေတြ ကေတာ့ ေျပာင္းလဲတာ မေတြ႕ရဘူးလို႔ ေကာ္မရွင္အႀကံေပးက ေျပာပါတယ္။

အခု ၿငိမ္းခ်မ္းေရးေကာ္မရွင္ကို သမၼတဦးထင္ေက်ာ္လက္ထက္က ဖြဲ႕ခဲ့တာျဖစ္ၿပီး အဲဒါကို လူအစားထိုး ျပင္ဆင္လိုက္တာပါ။ အရင္ကဖြဲ႕စည္းခဲ့တဲ့ အမိန႔္စာေရာ၊ အခု ျပင္ဆင္တဲ့ အမိန႔္စာကိုေရာ သမၼတ႐ုံးရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္မွာေတာ့ ေဖာ္ျပထားတာ မရွိပါဘူး။

Unicode

ငြိမ်းချမ်းရေးကော်မရှင်ကို သမ္မတက ပြောင်းလဲဖွဲ့စည်း
    
ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကော်မရှင်ရဲ့အကြံပေးအဖွဲ့ဝင်တချို့ကို နိုင်ငံတော်သမ္မတအမိန့်နဲ့  ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ငြိမ်းချမ်းရေးကော်မရှင်ကို ပြင်ဆင် ဖွဲ့စည်းတယ်လို့ ဆိုထားပြီး စာရင်းအရတော့ အဖွဲ့ဝင်တယောက်ပဲ ပြောင်းလဲသွားပါတယ်။

အမည်မဖော်လို့တဲ့ ကော်မရှင်အကြံပေး တဦးက “အရင်အဖွဲ့ဝင်အဖြစ်ပါခဲ့တဲ့ ဦးအောင်စိုး (သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကတော့ ပြန်ပါလာတာမတွေ့ရဘူး။ အဲဒီ နေရာမှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှမော်ဦးပါလာတယ်။ အကြံပေး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်ကြည်ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှာ ဥက္ကဋ္ဌဖြစ်ကတည်းက ငြိမ်းချမ်းရေးကော်မရှင်မှာ မလုပ်တော့ပါဘူး” လို့ ပြောပါတယ်။

အကြံပေးအဖွဲ့မှာပါလာတဲ့ ဦးမိုးဇော်ဦးက‌တော့ အခုနှစ် မေလမှာမှ အဖွဲ့ထဲကို ပါလာခဲ့တာ လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် လက်ရှိကော်မရှင်မှာ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူးက အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ဦးနိုင်ငံလင်း၊ ဒေါက်တာ အောင်ထွန်းသက်နဲ့ ဦးလှမော်ဦးတို့ ဖြစ်ပါတယ်။

ကော်မရှင်အကြံပေးအဖွဲ့မှာတော့ အရင်ကလို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာ မတွေ့ရဘဲ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးနဲ့ ဦးလှမော်ဦးတို့ ဖြစ်ပါတယ်။ ပြီးတော့ အထောက်အကူပြုအဖွဲ့ကိုလည်း ၃ ယောက်နဲ့ ဖွဲ့ပေးထားပါတယ်။

အခုလို လူတချို့ ပြောင်းလဲလိုက်တာကလွဲလို့ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန် စတာတွေ ကတော့ ပြောင်းလဲတာ မတွေ့ရဘူးလို့ ကော်မရှင်အကြံပေးက ပြောပါတယ်။

အခု ငြိမ်းချမ်းရေးကော်မရှင်ကို သမ္မတဦးထင်ကျော်လက်ထက်က ဖွဲ့ခဲ့တာဖြစ်ပြီး အဲဒါကို လူအစားထိုး ပြင်ဆင်လိုက်တာပါ။ အရင်ကဖွဲ့စည်းခဲ့တဲ့ အမိန့်စာရော၊ အခု ပြင်ဆင်တဲ့ အမိန့်စာကိုရော သမ္မတရုံးရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာတော့ ဖော်ပြထားတာ မရှိပါဘူး။

====================================

END / 251