၁၂ နိုဝင်ဘာ ၂၀၁၉ - ၁၅:၄၇
သုံ႔ပန္းလဲလွယ္မည္မဟုတ္၊ အၾကမ္းဖက္အဖြဲ႕ႏွင့္ ေဆြးေႏြးသည့္ထုံးစံမရွိဟု တပ္မေတာ္တုံ႔ျပန္

သုံ႔ပန္းအခ်င္းခ်င္းလဲလွယ္လိုေၾကာင္း ေအေအရဲ႕ ကမ္းလွမ္းခ်က္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္အေနနဲ႔ ေဆြးေႏြးသြားဖို႔မရွိဘူးလို႔ တပ္မေ တာ္က ျပန္လည္ တုံ႔ျပန္လိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


သုံ႔ပန္းအခ်င္းခ်င္းလဲလွယ္လိုေၾကာင္း ေအေအရဲ႕ ကမ္းလွမ္းခ်က္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္အေနနဲ႔ ေဆြးေႏြးသြားဖို႔မရွိဘူးလို႔ တပ္မေတာ္က ျပန္လည္ တုံ႔ျပန္လိုက္ပါတယ္။

ေအေအဘက္က ဖမ္းဆီးထားတဲ့စစ္ဘက္နဲ႔ သက္ဆိုင္သူ ၁၇ ေယာက္နဲ႔ တပ္မေတာ္ဘက္က ေအေအနဲ႔ဆက္စပ္ တရားစြဲဆိုထားတဲ့သူေတြကို ၾကားဝင္ေစ့စပ္ေပးႏိုင္တဲ့သူရွိရင္ သုံ႔ပန္းခ်င္း လဲလွယ္ လိုတယ္လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအဘက္က ႏိုဝင္ဘာလ ၁၁ ရက္ေန႔က ထုတ္ျပန္ခဲ့ပါ တယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး  ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ႏိုင္ငံတကာတပ္မေတာ္ေတြမွာလည္း အၾကမ္းဖက္အဖြဲ႕အစည္းေတြနဲ႔ ေဆြးေႏြးညႇိႏႈိင္းတာမရွိလို႔ ျမန္မာ့တပ္ မေ တာ္ေနနဲ႔လည္း အၾကမ္းဖက္သမားေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးသြားမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

စစ္သုံ႔ပန္းဆိုတာက ႏွစ္ဖက္တိုက္ပြဲျဖစ္ခ်ိန္ စစ္ပြဲအတြင္းဖမ္းမိတဲ့သူေတြကို သုံးႏႈန္း ေခၚေဆာင္တာျဖစ္ၿပီး ေအေအ အဖြဲ႕ရဲ႕အခုဖမ္းဆီးမႈေတြက အၾကမ္းဖက္လုပ္ရပ္ေတြျဖစ္တယ္လို႔ လည္း ေျပာပါ တယ္။

ေအေအအဖြဲ႕နဲ႔ပတ္သက္ၿပီး တပ္မေတာ္က ဖမ္းဆီးစစ္ေဆးတဲ့အခါမွာလည္း ဥပေဒနဲ႔အညီ ေဆာင္႐ြက္ၿပီး တရား႐ုံးတင္ တရားစြဲဆိုခဲ့သလို အျပစ္မရွိလို႔ တရား႐ုံးက ျပန္လႊတ္တဲ့အခါမွာလည္း ေစာဒကတက္ခဲ့တာ မရွိဘူးလို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္း ထြန္းကေျပာပါတယ္။

သုံ႔ပန္းလဲမယ့္ကိစၥနဲ႔ ပတ္သက္ၿပီး ေအေအေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ဒီဗြီဘီ သတင္းဌာနက ဆက္သြယ္ေနေပမယ့္ ဆက္သြယ္လို႔မရရွိေသးပါဘူး။

ေအေအဘက္ကေတာ့ ဖမ္းထားသူေတြကို ေအေအအဖြဲ႕ရဲ႕ သုံ႔ပန္းထိန္းသိမ္းျခင္းဆိုင္ရာ စည္းကမ္းေတြနဲ႔အညီထိန္းသိမ္းထားၿပီး ျမန္မာတပ္မေတာ္ဘက္က ဖမ္းဆီးထားတဲ့သူေတြကိုလည္း ေကာင္း မြန္စြာထိန္းသိမ္းထားမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေရးသားထား ပါတယ္။

ရခိုင္ျပည္နယ္မွာ တိုက္ခိုက္မႈေတြဆက္ရွိေနတာေၾကာင့္ ေအေအကဖမ္းထားတဲ့သူေတြ လက္နက္ႀကီးက်ည္ထိမွန္ ေသဆုံးမွာကို အထူးစိုးရိမ္တယ္လို႔လည္း ေအေအထုတ္ျပန္ခ်က္မွာ ေရးသားထား ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဘက္ကေတာ့ အခုလို လဲလွယ္မႈလုပ္ဖို႔ေျပာတာဟာ ႏိုင္ငံေရးအရေျဖရွင္းတာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ၿပီး စစ္သုံ႔ပန္းဆိုတဲ့ ေဝါဟာရ အသုံးအႏႈန္းကိုလည္း သေဘာမတူ ဘူးလို႔ ပါတီေျပာခြင့္ရပုဂၢိဳလ္က ေဒါက္တာမ်ိဳးၫြန႔္ က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ေအေအအဖြဲ႕တို႔တိုက္ပြဲၾကားမွာ  အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းအပါအဝင္ အရပ္သားျပည္သူေတြနဲ႔ ႏိုင္ငံဝန္ထမ္းေတြအျပင္ အိႏၵိယႏိုင္ငံသားေတြကိုပါ  ေအေအက ဖမ္းဆီးခဲ့တာ ရွိပါတယ္။

Unicode

သုံ့ပန်းလဲလှယ်မည်မဟုတ်၊ အကြမ်းဖက်အဖွဲ့နှင့် ဆွေးနွေးသည့်ထုံးစံမရှိဟု တပ်မတော်တုံ့ပြန်

သုံ့ပန်းအချင်းချင်းလဲလှယ်လိုကြောင်း အေအေရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဆွေးနွေးသွားဖို့မရှိဘူးလို့ တပ်မတော်က ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

အေအေဘက်က ဖမ်းဆီးထားတဲ့စစ်ဘက်နဲ့ သက်ဆိုင်သူ ၁၇ ယောက်နဲ့ တပ်မတော်ဘက်က အေအေနဲ့ဆက်စပ် တရားစွဲဆိုထားတဲ့သူတွေကို ကြားဝင်စေ့စပ်ပေးနိုင်တဲ့သူရှိရင် သုံ့ပန်းချင်း လဲလှယ်လိုတယ်လို့ ရက္ခိုင့်တပ်တော် အေအေဘက်က နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံတကာတပ်မတော်တွေမှာလည်း အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းတာမရှိလို့ မြန်မာ့တပ်မတော်နေနဲ့လည်း အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

စစ်သုံ့ပန်းဆိုတာက နှစ်ဖက်တိုက်ပွဲဖြစ်ချိန် စစ်ပွဲအတွင်းဖမ်းမိတဲ့သူတွေကို သုံးနှုန်း ခေါ်ဆောင်တာဖြစ်ပြီး အေအေ အဖွဲ့ရဲ့အခုဖမ်းဆီးမှုတွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ်တယ်လို့ လည်း ပြောပါတယ်။

အေအေအဖွဲ့နဲ့ပတ်သက်ပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးတဲ့အခါမှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပြီး တရားရုံးတင် တရားစွဲဆိုခဲ့သလို အပြစ်မရှိလို့ တရားရုံးက ပြန်လွှတ်တဲ့အခါ မှာလည်း စောဒကတက်ခဲ့တာ မရှိဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကပြောပါတယ်။

သုံ့ပန်းလဲမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဒီဗွီဘီ သတင်းဌာနက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရရှိသေးပါဘူး။

အေအေဘက်ကတော့ ဖမ်းထားသူတွေကို အေအေအဖွဲ့ရဲ့ သုံ့ပန်းထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းတွေနဲ့အညီထိန်းသိမ်းထားပြီး မြန်မာတပ်မတော်ဘက်က ဖမ်းဆီးထားတဲ့သူတွေကိုလည်း ကောင်းမွန်စွာထိန်းသိမ်းထားမယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေဆက်ရှိနေတာကြောင့် အေအေကဖမ်းထားတဲ့သူတွေ လက်နက်ကြီးကျည်ထိမှန် သေဆုံးမှာကို အထူးစိုးရိမ်တယ်လို့လည်း အေအေထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ အခုလို လဲလှယ်မှုလုပ်ဖို့ပြောတာဟာ နိုင်ငံရေးအရဖြေရှင်းတာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး စစ်သုံ့ပန်းဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကိုလည်း သဘောမတူဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ်က ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေအဖွဲ့တို့တိုက်ပွဲကြားမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အရပ်သားပြည်သူတွေနဲ့ နိုင်ငံဝန်ထမ်း တွေအပြင် အိန္ဒိယနိုင်ငံသားတွေကိုပါ  အေအေက ဖမ်းဆီးခဲ့တာ ရှိပါတယ်။

====================================

END / 251