၃၀ နိုဝင်ဘာ ၂၀၁၉ - ၁၅:၂၃


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Zawgyi









Unicode

ရန်ကုန်စည်ပင်ဈေးသူ၊ ဈေးသားများ လုပ်ထုံးလုပ်နည်းကို နှောင့်ယှက်ပါက ဥပဒေအရ ဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (YCDC) လက်အောက်တွင်ရှိသော ဈေး များ၌ ရောင်းချနေသည့် ဈေးသူ၊ ဈေးသားများအနေဖြင့် လုပ်ထုံး လုပ်နည်းများကို နှောင့်ယှ က်ဟန့် တားမည်ဆိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

နိုဝင်ဘာ ၂၉ ရက်ကရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးတွင် တာမွေယာယီ ဈေးပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ် သက်၍ ဈေးသူ၊ ဈေးသား များနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပြော ခြင်းဖြစ်သည်။

‘‘ဈေးတွေအားလုံးဟာ အ မှားကြာလာတော့ တစ်ခါတလေ မှာ အမှန်ထင်နေတဲ့ပြဿနာရှိပါ တယ်။ သူတို့နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ ဒီမိုကရေစီစနစ်ကို ထူ ထောင်တဲ့နေရာမှာ လိုက် လျော ချင်တယ်။ လိုက်လျောရင်းနဲ့ တဖြည်းဖြည်းစည်းဘောင်တွေ ကျော်လာကြတယ်’’ ဟု ဝန်ကြီး ချုပ်က ပြောသည်။

ထို့အပြင် စည်ပင်သာယာ ရေး လက်အောက်ရှိဈေးများသည် နိုင်ငံပိုင်အဖြစ်သာ တည်ရှိပြီး ဆိုင်ခန်းများကို ရောင်းချထားခြင်း မရှိဘဲ အငှားစနစ်ဖြင့်သာ ချပေး ခြင်းဖြစ်သည်ဟု သိရှိရန် လိုအပ် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

‘‘ပွင့်ပွင့်လင်းလင်းပြောမယ် ဆိုရင် စည်ပင်သာယာဈေးတွေ အားလုံးဟာ ဘယ်လိုပိုင်သလဲဆို တာ အကုန်သိဖို့လိုတယ်။ ဒါက နိုင်ငံတော်အစိုးရကိုယ်စားပြုစည် ပင်သာယာက ဒီဈေးတွေ အားလုံး ကို ပိုင်ပါတယ်။ နိုင်ငံတော်ပိုင် ပစ္စည်းကို ကျွန်တော်တို့ထိန်းကို ထိန်းရပါမယ်။ ကျွန်တော်တို့အ ငှားချထားခြင်းဖြစ်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုလက်ရှိတွင် ဈေးများ အတွင်း ဆိုင်ခန်းများကို ကိုယ် ပိုင်သလို အခြေအနေများဖြစ်ပေါ် နေပြီး ဈေးဆိုင်ခန်းများကို လွှဲ ပြောင်းရောင်းချခြင်းကိစ္စများ ရှိ နေခြင်းသည် ဥပဒေအရလုပ်၍မ ရသည့် ကိစ္စဖြစ်ကြောင်း ဝန်ကြီး ချုပ်က ပြောသည်။

‘‘ကျွန်တော်တို့ ဥပဒေစည်း မျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ ဒီဟာတွေကိုကျော် လွန်မယ်ဆိုရင်တော့ စည်ပင်သာ ယာရေးကော်မတီက နိုင်ငံတော် က ပေးအပ်ထားတဲ့ တာဝန် ကို ထမ်းဆောင်နေရတဲ့အတွက် စည် ပင်သာယာက ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကို နှောင့် ယှက်ဟန့်တားမယ်ဆိုရင်လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ရပါ လိမ့်မယ်’’ ဟု ၎ င်းပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာရေးကော်မတီလက် အောက်တွင် ဈေး ၁၈၃ ဈေးရှိပြီး ဆိုင်ခန်း ခြောက်သောင်းကျော်ရှိ သည်။ ယင်းဈေးများကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေ ဖြင့် အဆင့်မြှင့်တင်မှုများပြုလုပ် မည်ဖြစ်ပြီး ယင်းဈေးများကိုပုဂ္ဂလိ က ရှော့ပင်းစင်တာများကဲ့သို့ဖြစ် အောင် စီမံဆောင်ရွက်မည်ဖြစ် ကြောင်း ဦးဖြိုးမင်းသိန်းက ပြော သည်။

====================================

END / 251