၃ ဒီဇင်ဘာ ၂၀၁၉ - ၁၈:၁၈
ကမာၻ႔အသိုင္းအဝိုင္းက ျမန္မာကို ဆက္လက္ဖိအားေပးရန္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္က နယ္သာလန္ဝန္ႀကီးခ်ဳပ္ႏွင့္ေတြ႕ဆုံစဥ္ ေျပာၾကား

ဘဂၤါလီ (မူရင္း၌ ႐ိုဟင္ဂ်ာဟု ေဖာ္ျပ)မြတ္စလင္မ်ားကို ျပန္လည္ လက္ခံေရး အရွိန္ျမႇင့္လုပ္ေဆာင္ရန္ ျမန္မာကို ဆက္လက္ဖိအား ေပးေရးအတြက္ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာကဥေရာပႏိုင္ငံမ်ား အပါအဝင္ကမာၻ႔အသိုင္းအဝိုင္းကို ထပ္မံေတာင္းဆိုလိုက္ ေၾကာင္း သိရသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ဘဂၤါလီ (မူရင္း၌ ႐ိုဟင္ဂ်ာဟု ေဖာ္ျပ)မြတ္စလင္မ်ားကို ျပန္လည္လက္ခံေရး အရွိန္ျမႇင့္လုပ္ေဆာင္ရန္ ျမန္မာကို ဆက္လက္ဖိအားေပးေရးအတြက္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာက ဥေရာ ပႏိုင္ငံမ်ား အပါအဝင္ ကမာၻ႔အသိုင္းအဝိုင္းကို ထပ္မံေတာင္းဆိုလိုက္ေၾကာင္း သိရသည္။

ဒီဇင္ဘာ ၂ ရက္က ဟာစီနာသည္ နယ္သာလန္ဝန္ႀကီးခ်ဳပ္ မက္႐ုသ္၊ ဥေရာပ ေကာင္စီဥကၠဌ ခ်ားမီရွယ္တို႔ႏွင့္ စပိန္ႏိုင္ငံ မက္ဒရစ္ၿမိဳ႕တြင္ ျပဳလုပ္ေနေသာ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ ညီလာခံ၏ ေဘးဆြယ္ ေဆြးေႏြးပြဲ၌ သီးျခားစီ ေတြ႕ဆုံစဥ္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ယင္းေတြ႕ဆုံမႈႏွစ္ရပ္အၿပီးတြင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ေအေကအဗၺဒူမိုမန္က သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံခဲ့သည္။

မိုမန္က “ ျမန္မာႏိုင္ငံဟာ ကြၽန္ေတာ္တို႔ရဲ႕ အိမ္နီးခ်င္း မိတ္ေဆြႏိုင္ငံျဖစ္တယ္။ သူတို႔က ႐ိုဟင္ဂ်ာေတြကို ျပန္လည္ေခၚယူ မယ္လို႔ အၿမဲေျပာပါတယ္။ သူတို႔က ျပႆနာေတြ ဖန္တီးၿပီး ေျဖရွင္းခ်က္ ေတြ ေပးပါ လိမ့္မယ္။ ဒါေပမဲ့ သူတို႔အာဏာပိုင္ေတြဟာ ႐ိုးသားမႈ မရွိပါဘူး။ ဒီကိစၥမွာ ကြၽန္ေတာ္တို႔ အကူအညီလိုအပ္ပါတယ္”ဟု  ဟာစီနာ၏ နယ္သာလန္ ဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ မႈကို ကိုးကားလ်က္ ေျပာၾကားခဲ့သည္။

တစ္သန္းေက်ာ္သည့္ ဘဂၤါလီဒုကၡသည္မ်ားအား ေနရာေပးရန္အတြက္ ေကာ့ဘဇားခ႐ိုင္၏ ေတာင္ကုန္းေဒသသည္ ပတ္ဝန္းက်င္ဆိုင္ရာအရ ျပင္းထန္စြာ ႐ိုက္ခတ္ခံရမႈရွိေၾကာင္းႏွင့္ ပတ္ဝန္းက်င္ ဆိုင္ရာ ေဘးဒုကၡမ်ားအျပင္ အျခားအႏၲရာယ္မ်ားလည္း ႀကီးထြားလာေနေၾကာင္း ဟာစီနာက ေျပာၾကားခဲ့သည္။

ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာက ဒုကၡသည္မ်ားအတြက္ ေနထိုင္စရာမ်ား ဖန္တီးေပးရန္ ေတာင္ကုန္းထူထပ္ေသာ ေဒသရွိ သစ္ပင္မ်ားကို ခုတ္လွဲပစ္ခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။

ဘဂၤလားေဒ့ရွ္အစိုးရသည္ ဒုကၡသည္မ်ားအား အႏၲရာယ္လြတ္ကင္းသည့္ ေနထိုင္စရာမ်ားေပးရန္အတြက္ ေကာင္းမြန္ေသာ အေဆာက္အအုံမ်ားကို ျပင္ဆင္ခဲ့ၿပီးေနာက္ ဘာရွန္ခ်ားကြၽန္း၌ ယာယီေန ရာခ်ထားေပး ရန္ ႀကိဳးပမ္းေနသည္ဟုလည္း ဟာစီနာက ေျပာၾကားခဲ့သည္။

လာမည့္သီတင္းပတ္၌ ICJ ၾကားနာမႈကို တက္ေရာက္ရန္ကိစၥႏွင့္ပတ္သက္၍ ဟာစီနာက “ေဒၚေအာင္ဆန္းစုၾကည္ဟာ သည္ဟိတ္ၿမိဳ႕မွာ ရွိပါလိမ့္မယ္။ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ျမန္မာႏိုင္ငံ အေပၚ ဖိအားတခ်ိဳ႕ေပးမွာျဖစ္ၿပီး ဆက္ၿပီးေတာ့ ေပးသင့္ပါတယ္”ဟု ေျပာၾကားခဲ့သည္။

၎တို႔၏အသံကို ျမႇင့္တင္ျခင္း၊ ႏိုင္ငံေရးအေထာက္အပံ့တိုးခ်ဲ႕ေပးျခင္းႏွင့္ ဘဂၤလားေဒ့ရွ္ရွိ ဘဂၤါလီဒုကၡသည္ ၁ ဒသမ ၂ သန္းေက်ာ္အတြက္ အေရးေပၚအကူအညီ မ်ားေထာက္ပ့ံေပးျခင္းတို႔အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက နယ္သာလန္ႏိုင္ငံကို ေက်းဇူးတင္ေၾကာင္းလည္း ဟာစီနာက ေျပာၾကားခဲ့ သည္။

ဥေရာပေကာင္စီဥကၠ႒ ခ်ားမီရွယ္ႏွင့္ ေတြ႕ဆုံရာတြင္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာက ဘဂၤလားေဒ့ရွ္သည္ ျမန္မာ ႏိုင္ငံႏွင့္ အျပန္အလွန္ေဆြးေႏြးမႈမ်ား အဆက္ မျပတ္ျပဳလုပ္ေေနၾကာင္း လည္း  ေျပာၾကားခဲ့သည္။

“ဒါေပမဲ့ ျပႆနာက သူတို႔အေနနဲ႔ ျမန္မာႏိုင္ငံသားျဖစ္ခြင့္ အာမခံခ်က္ မရမခ်င္း ျပန္သြားၾကမွာ မဟုတ္တာပါပဲ”ဟု ဟာစီနာ က ဆိုသည္။

ဥေရာပေကာင္စီဥကၠ႒က ယခုအေရးကိစၥ၌ တ႐ုတ္ႏိုင္ငံ၏အခန္းက႑ႏွင့္ပတ္ သက္၍ ေမးခြန္းထုတ္သည့္အခါ ရွိတ္ဟာစီနာက တ႐ုတ္၊ အိႏၵိယႏွင့္ ဂ်ပန္ႏိုင္ငံတို႔အားလုံးသည္ ျမန္မာႏိုင္ငံအေနျဖင့္ ဘဂၤါလီမြတ္စလင္ဒုကၡသည္မ်ားကို ျပန္လည္လက္ခံသင့္ေၾကာင္း သေဘာတူၾကသည္ဟု ေျဖၾကားခဲ့သည္။

“ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံ ေတြက ႐ိုဟင္ဂ်ာေတြကို သူတို႔ရဲ႕မူရင္းေဒသ  ဆီ ျပန္သြားဖို႔လိုလားၿပီး ကြၽန္မတို႔နဲ႔အတူ သူတို႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္”ဟု ဟာစီနာက ေျပာၾကားခဲ့ သည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ၿငိမ္းခ်မ္းစြာ ေျဖရွင္းမႈတစ္ရပ္ကို လိုလားၿပီး ယခုအက်ပ္အတည္းႏွင့္ပတ္သက္၍ ေျဖရွင္းမႈတစ္ရပ္ကို ရွာေဖြရန္ အဆင့္တိုင္း၌ ဆက္သြယ္ကာ အဆက္မျပတ္ ပူးေပါင္း ေဆာင္႐ြက္မႈကို ျပ သခဲ့ေသာေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္သင့္သည္ဟု ရွိတ္ဟာစီနာက ေျပာၾကားခဲ့သည္။

“ကြၽန္မတို႔ရဲ႕ ဗိုလ္ခ်ဳပ္ႀကီး (တပ္မေတာ္အႀကီးအကဲ) က ျမန္မာတပ္မေတာ္အႀကီး အကဲနဲ႔ ေတြ႕ဆုံသြားမွာျဖစ္ပါတယ္”ဟုလည္း ရွိတ္ဟာစီနာက ေျပာၾကားခဲ့သည္။

Unicode

ကမ္ဘာ့အသိုင်းအဝိုင်းက မြန်မာကို ဆက်လက်ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နယ်သာလန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြား

ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ)မွတ်စလင်များကို ပြန်လည်လက်ခံရေး အရှိန်မြှင့်လုပ်ဆောင်ရန် မြန်မာကို ဆက်လက်ဖိအားပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာ စီနာက ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကို ထပ်မံတောင်းဆိုလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်က ဟာစီနာသည် နယ်သာလန်ဝန်ကြီးချုပ် မက်ရုသ်၊ ဥရောပ ကောင်စီဥက္ကဌ ချားမီရှယ်တို့နှင့် စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ပြုလုပ်နေသော ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ဘေးဆွယ် ဆွေးနွေးပွဲ၌ သီးခြားစီ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမှုနှစ်ရပ်အပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

မိုမန်က “ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်တယ်။ သူတို့က ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူ မယ်လို့ အမြဲပြောပါတယ်။ သူတို့က ပြဿနာတွေ ဖန်တီးပြီး ဖြေရှင်း ချက်တွေ ပေးပါ လိမ့်မယ်။ ဒါပေမဲ့ သူတို့အာဏာပိုင်တွေဟာ ရိုးသားမှု မရှိပါဘူး။ ဒီကိစ္စမှာ ကျွန်တော်တို့ အကူအညီလိုအပ်ပါတယ်”ဟု  ဟာစီနာ၏ နယ်သာလန် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့မှုကို ကိုးကားလျက် ပြောကြားခဲ့သည်။

တစ်သန်းကျော်သည့် ဘင်္ဂါလီဒုက္ခသည်များအား နေရာပေးရန်အတွက် ကော့ဘဇားခရိုင်၏ တောင်ကုန်းဒေသသည် ပတ်ဝန်းကျင်ဆိုင်ရာအရ ပြင်းထန်စွာ ရိုက်ခတ်ခံရမှုရှိကြောင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးဒုက္ခများအပြင် အခြားအန္တရာယ်များလည်း ကြီးထွားလာနေကြောင်း ဟာစီနာက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဒုက္ခသည်များအတွက် နေထိုင်စရာများ ဖန်တီးပေးရန် တောင်ကုန်းထူထပ်သော ဒေသရှိ သစ်ပင်များကို ခုတ်လှဲပစ်ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်များအား အန္တရာယ်လွတ်ကင်းသည့် နေထိုင်စရာများပေးရန်အတွက် ကောင်းမွန်သော အဆောက်အအုံများကို ပြင်ဆင်ခဲ့ပြီးနောက် ဘာရှန်ချား ကျွန်း၌ ယာယီနေရာချထားပေး ရန် ကြိုးပမ်းနေသည်ဟုလည်း ဟာစီနာက ပြောကြားခဲ့သည်။

လာမည့်သီတင်းပတ်၌ ICJ ကြားနာမှုကို တက်ရောက်ရန်ကိစ္စနှင့်ပတ်သက်၍ ဟာစီနာက “ဒေါ်အောင်ဆန်းစုကြည်ဟာ သည်ဟိတ်မြို့မှာ ရှိပါလိမ့်မယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် ဖိအားတချို့ပေးမှာဖြစ်ပြီး ဆက်ပြီးတော့ ပေးသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းတို့၏အသံကို မြှင့်တင်ခြင်း၊ နိုင်ငံရေးအထောက်အပံ့တိုးချဲ့ပေးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်အတွက် အရေးပေါ်အကူအညီ များ ထောက်ပ့ံပေးခြင်းတို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်သာလန်နိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ဟာစီနာက ပြောကြားခဲ့ သည်။

ဥရောပကောင်စီဥက္ကဋ္ဌ ချားမီရှယ်နှင့် တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂလားဒေ့ရှ်သည် မြန်မာ နိုင်ငံနှင့် အပြန်အလှန်ဆွေးနွေးမှုများ အဆက် မပြတ်ပြုလုပ်နေကြောင်းလည်း  ပြောကြားခဲ့သည်။

“ဒါပေမဲ့ ပြဿနာက သူတို့အနေနဲ့ မြန်မာနိုင်ငံသားဖြစ်ခွင့် အာမခံချက် မရမချင်း ပြန်သွားကြမှာ မဟုတ်တာပါပဲ”ဟု ဟာစီနာ က ဆိုသည်။

ဥရောပကောင်စီဥက္ကဋ္ဌက ယခုအရေးကိစ္စ၌ တရုတ်နိုင်ငံ၏အခန်းကဏ္ဍနှင့်ပတ် သက်၍ မေးခွန်းထုတ်သည့်အခါ ရှိတ်ဟာစီနာက တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့အားလုံးသည် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံသင့်ကြောင်း သဘောတူကြသည်ဟု ဖြေကြားခဲ့သည်။

“ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ တွေက ရိုဟင်ဂျာတွေကို သူတို့ရဲ့မူရင်းဒေသ  ဆီ ပြန်သွားဖို့လိုလားပြီး ကျွန်မတို့နဲ့အတူ သူတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ဟာစီနာက ပြောကြားခဲ့ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖြေရှင်းမှုတစ်ရပ်ကို လိုလားပြီး ယခုအကျပ်အတည်းနှင့်ပတ်သက်၍ ဖြေရှင်းမှုတစ်ရပ်ကို ရှာဖွေရန် အဆင့်တိုင်း၌ ဆက်သွယ်ကာ အဆက်မ ပြတ် ပူးပေါင်းဆောင်ရွက်မှုကို ပြ သခဲ့သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ရှိတ်ဟာစီနာက ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ ဗိုလ်ချုပ်ကြီး (တပ်မတော်အကြီးအကဲ) က မြန်မာတပ်မတော်အကြီး အကဲနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်”ဟုလည်း ရှိတ်ဟာစီနာက ပြောကြားခဲ့သည်။

====================================

END / 251