၃၁ အောက်တိုဘာ ၂၀၂၆ - ၂၃:၂၅
အဲဟ်မဒ် မိုဟမ္မဒ် နေဂျာဒ် ဂျဝါန်  ကမ္ဘာ့ချန်ပီယံဖြစ်လာ၊ အိုလံပစ်ချန်ပီယံကို ဗိုလ်လုပွဲတွင် အပြတ်အသတ် အနိုင်ယူ

အီရန်နပန်းသမား အဲဟ်မဒ် မိုဟမ္မဒ် နေဂျာဒ် ဂျဝါန် သည် ကမ္ဘာ့ချန်ပီယံနှင့် အိုလံပစ်ချန်ပီယံ ရုရှားနပန်းသမား ဇော်အာ အိုဂူယက်ဗ်ကို ဗိုလ်လုပွဲတွင် ၉-၂ မှတ်ဖြင့် အပြတ်အသတ် အနိုင်ယူကာ ၆၁ ကီလိုဂရမ်တန်း အလွတ်တန်းနပန်းပြိုင်ပွဲ၏ ကမ္ဘာ့ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ထို့အပြင် အိုဂူယက်ဗ်၏ ဗိုလ်လုပွဲများတွင် ရှုံးပွဲမရှိသည့် စံချိန်ကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်နပန်းသမား အဲဟ်မဒ် မိုဟမ္မဒ် နေဂျာဒ် ဂျဝါန်  သည် ကာဇက်စတန်နိုင်ငံ၌ ကျင်းပနေသော ကမ္ဘာ့အလွတ်တန်းနပန်းချန်ပီယံပြိုင်ပွဲ၏ တတိယနေ့တွင် ၆၁ ကီလိုဂရမ်တန်း ဗိုလ်လုပွဲ၌ ရုရှားနပန်းသမား ဇော်အာ အိုဂူယက်ဗ်ကို အနိုင်ယူပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့ပါတယ်။

ဂျဝါန် သည် ဗိုလ်လုပွဲသို့ မရောက်ရှိမီ အိန္ဒိယ၊ အမေရိကန်နှင့် ကာဇက်စတန်နိုင်ငံတို့မှ ပြိုင်ဘက်များကို အနိုင်ယူခဲ့ပြီး ယမန်နှစ်က ရရှိခဲ့သည့် ငွေတံဆိပ်ကို ယခုနှစ်တွင် ရွှေတံဆိပ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ယခုအောင်ပွဲသည် သမိုင်းဝင်အောင်မြင်မှုတစ်ခုလည်း ဖြစ်သည်။ ဂျဝါန် သည် ကမ္ဘာ့နပန်းအဖွဲ့ချုပ် (UWW) ၏ ပြိုင်ပွဲများတွင် အိုဂူယက်ဗ်ကို အနိုင်ယူနိုင်ခဲ့သည့် ပထမဆုံး အီရန်နပန်းသမား ဖြစ်လာခဲ့ပါတယ်။

ထို့အပြင် ၁၉၉၅ ခုနှစ်တွင် ရာဆူးလ် ခါဒမ် ရွှေတံဆိပ်ရရှိခဲ့ပြီးနောက် ၃၁ နှစ်အကြာတွင် ခိုရာဆန်ပြည်နယ်အတွက် ကမ္ဘာ့နပန်းချန်ပီယံပြိုင်ပွဲ ရွှေတံဆိပ်ကို ပြန်လည်ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်လာခဲ့ပါတယ်။

အခြားတစ်ဖက်တွင်လည်း အိုဂူယက်ဗ်သည် ယခင်က ကမ္ဘာ့ချန်ပီယံနှင့် အိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲများသို့ တက်ရောက်ခဲ့သည့်အခါတိုင်း ရွှေတံဆိပ်ရရှိခဲ့သူဖြစ်ပါတယ်။  သို့သော် ဂျဝါန် ကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ၎င်း၏ ဗိုလ်လုပွဲများတွင် ရှုံးပွဲမရှိသည့် မှတ်တမ်း ပထမဆုံးအကြိမ် ကျိုးပျက်သွားခဲ့ရပါတယ်။

အဲဟ်မဒ် မိုဟမ္မဒ် နေဂျာဒ် ဂျဝါန်   သည် ယခုလို သမိုင်းဝင်အောင်မြင်မှုရရှိပြီးနောက် အီရန်နပန်းလောက၏ ထင်ရှားသော အားကစားသမားများစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။ ၎င်းကလည်း အောင်ပွဲရရှိမှုအပေါ် အံ့အားသင့်နေသည့်ပုံစံဖြင့် “မယုံနိုင်သေးဘူး၊ တကယ်ကို အံ့ဩမိပါတယ်” ဟု ပြောကြားခဲ့ပြီး အောင်မြင်မှုရရှိရန် ကူညီပံ့ပိုး ပျိုးထောင် ပေးခဲ့သူအားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha